ဖဝါးထက်က ပုလဲသွယ် (၄၁)

7K 489 5
                                        

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၄၁)

Translator - Jinnie Grace

_______

ယဲ့လီကျူးစိတ်ထဲတွင်ပထမဆုံးဝင်လာသောအရာက သူမ လက်မထပ်ဘူးဆိုတာပင်။

သူမက အားနည်းလွန်းသည်။ သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက်လှမ်းနေသူက ဘယ်လိုလုပ် လက်ထပ်နိုင်ပါ့မလဲ။ သူမရှင်သန်ဖို့ တိရှောင်းကို အချိန်အတိုင်းအတာတစ်ခုထိတော့ အားကိုးလို့ရသော်ငြား သူကလည်း မြို့တော်တွင်အမြဲမရှိဘဲ နှစ်ဦးသားကလည်း အမြဲတွေ့မနေနိုင်ပေ။

ကျန်းရန်ယိပြောသည့် တိရှောင်းနှင့် လက်ထပ်ဖို့ကိစ္စကို‌တော့...

သူမ အများကြီး မစဉ်းစားရဲပါ။

ပထမတစ်ချက်က သူမအဖေယဲ့ဖူအန်းက သဘောမတူလောက်ပေ။ ဒုတိယအနေနှင့်ကတော့ တိရှောင်းကို သူမကျန်းမာရေးကြောင့် လက်ထပ်မည်ဆိုလျှင် တိရှောင်းအတွက် လုံးဝမတရားရာ ကျလိမ့်မည်။ ဒါ လိမ်တာပဲဖြစ်သည်။

သူမတိရှောင်းနားကို ကပ်တာ ကြိုက်လို့မဟုတ်ဘဲ သူမကျန်းမာရေးကြောင့်ဆိုတာ သိသွားလျှင်.....

တိရှောင်း၏ အေးစက်စက်မျက်လုံးကြီးများကို ပြန်မြင်ယောင်လာရင်း ကျောထဲစိမ့်သွားရသည်။

သူမ၏ မျက်နှာထား တစ်ခုခု မှားနေတာကိုမြင်တော့ ကျွင့်သခင်မကမေး၏။ “ကျူးကျူး ဘာဖြစ်လို့လဲ”

ယဲ့လီကျူးက ခေါင်းကို ခါယမ်းလိုက်သည်။ “‌သမီးအဆင်ပြေပါတယ် ဒေါ်ဒေါ်။ အဲ့အစေခံက သမီးတို့ လာတဲ့အကြောင်း ထျန်သခင်လေးကို ပြောလိုက်မှာစိုးလို့ပါ”

ကျွင့်သခင်မက ခေါင်းယမ်းသည်။ “စိတ်မပူပါနဲ့။ သူက နမော်နမဲ့ရယ်။ သူလွယ်လွယ်နဲ့တော့ ပြောမှာ မဟုတ်ဘူး။ ပြီးတော့ ထျန်ကျိုးကလည်း အရူးရယ်။ သူ့အိမ်မှာသူ ပြောချင်တာ ပြောလို့ရမယ်လို့ထင်နေတာ” သူမသာ ဒီနေ့ ထျန်ကျိုးကို တွေ့ဖို့မကြိုးစားခဲ့ဘူးဆိုလျှင် ဒီကောင် ဒီလောက်ဆိုး နေမှန်းသိရမှာ မဟုတ်ပေ။

ယဲ့လီကျူးက မေးလိုက်သည်။ “ဒါဆို ဒီမင်္ဂလာပွဲကို ဘယ်လိုဖျက်မှာလဲ”

ဖဝါးထက်က ပုလဲသွယ် (Complete)Место, где живут истории. Откройте их для себя