အပိုင်း (၁၀၃) အချပ်ပို ၁၃
ကျောက်ယွင် ထီးနန်းမဆက်ဆံခင် သူ အိမ်ရှေ့စံမင်းသား ဖြစ်စဉ်က တိုင်းပြည်ရေးရာကို တာဝန်ံယူခဲ့ပြီး ဖြစ်သည်။
ကျောက်ယွီအသတ်ခံရချိန်မှ စပြီး ဧကရာဇ်၏ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့သည်။ သို့သော် ဧကရာဇ်က ငယ်ရွယ်နေပြီး အထွတ်အထိပ်ကာလ၌ ရှိနေသေး၏။ ရောဂါဟု ခေါ်သည့် အရာက သူ့ကို သေစေနိုင်ဖို့ မလုံလောက်ပေ။
ကျောက်ယွင်ကလည်း သူ၏လုပ်ရပ်များက သိသာလွန်းနေပြီး ဝန်ကြီးများ သံသယဝင်လာမှာကို စိုးရိမ်ခဲ့၏။ ဆိုရလျှင် ရုံးတော်ထဲ၌ အမတ်များစွာက ဧကရာဇ်ကို သစ္စာရှိသည်။ ကျောက်ယွီ ကန်ထုတ်ခံရပြီး မကြာမှီ၌ ဧကရာဇ် သေသွားလျှင် လူတို့က ထူးဆန်းနေလိမ့်မည်။
ထိုနှစ်၌ တိရှောင်း ပေကျင်းမှ ထွက်လာပြီးနောက် မတ်လရောက်နေပြီ ဖြစ်သည်။
ဧကရာဇ်သည် ကျောက်ယွီ သေသွားပြီးကတည်းက သစ္စာမဲ့ပြီး သားသမီးဝတ္တရား မကျေပွန်သည့်အရာကို ပြုလုပ်ခဲ့လျှင်တောင် ဧကရာဇ်၏ ရင်ထဲ၌ ခင်တွယ်မှု တချို့ ရှိနေသေး၏။ ဆိုရလျှင် သွေးက ရေထက် ပြစ်သည်။
အိမ်ရှေ့စံမင်းသား၏ ပုံရိပ်က အမြဲတစေ ကြင်နာပြီး သဘောထားကြီးသည်။ ဧကရာဇ် နာမကျန်းဖြစ်ခဲ့လျှင် အိမ်ရှေ့စံမင်းသားက နန်းတော်၌ သူ့ကို စောင့်နေမှာ သဘာဝကျသည်။
ကျောက်ယွင်နှင့် ကျောက်ယွီက သက်တူရွယ်တူ ဖြစ်၏။ သူတို့မိခင် မတူသော်ငြား ပုံပန်းသွင်ပြင်က အတော်လေး ဆင်တူသည်။
ကျောက်ယွင်က ဆေးကိုယူပြီးနောက် ကုတင်ဘေးတွင် ထိုင်လျက် ဧကရာဇ်အား ဆေးတိုက်ကျွေးခဲ့သည်။
ဧကရာဇ်က ညအချိန်၌ အဖျားကြီးနေပြီး နောက်နေ့မနက်ထိ ကြံ့ခိုင်ခဲ့၏။ သူ စကားအဆက်မပြတ် ပြောနေပြီး ဆေးရည်များက မုတ်ဆိတ်ပေါ် စီးကျလာတော့သည်။
ကျောက်ယွင်သည် ဧကရာဇ်၏ မေးစေ့ပေါ်ရှိ အဝါရောင်ဆေးရည်များ သုတ်ရန်အတွက် တောက်ပသည့် အဝါရောင် လက်ကိုင်ပုဝါကို သုံးပြီး သိမ့်မွေ့သော အပြုံးနှင့်ပြောလိုက်၏။
ВЫ ЧИТАЕТЕ
ဖဝါးထက်က ပုလဲသွယ် (Complete)
Любовные романыဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
