Translation of Pearl In The Palm.
ဖဝါးထက်က ပုလဲသွယ် (၄၀)
Translator - Jinnie Grace
_______
တိရှောင်းက ယဲ့လီကျူး၏ နှာခေါင်းလေးကို ထိလိုက်မိသည်။ သူမကို ကြည့်လေလေ သူ ပိုသဘောကျလာလေလေ။ ထိုခံစားချက်က သူ့ရင်ထဲစီးဆင်းနေသည်။
ယဲ့လီကျူးက သူ့ကို သဘောကျနေတာကိုလည်းသူသိသည်။ အိပ်မက်ထဲမှာတောင် သူမက သူ့အကြောင်းကို ပြောနေလေသည်။
ယဲ့လီကျူးက သူ့လည်ပင်းကို ဖက်ရင်းအိပ်မောကျနေဆဲ။
နောက်တစ်ရက် နေသာနေချိန်တွင် တိရှောင်း နိုးလာခဲ့သည်။ သူ့တွင် လုပ်စရာတွေ ပုံနေသည်မို့ မိန်းမတစ်ယောက်ကို စွဲလမ်းကာ တွယ်ကပ်နေလို့ မဖြစ်သေးပေ။
တိရှောင်းက သူ့ကိုရစ်ပတ်ထားသော သူမလက်တွေကို ဖယ်လိုက်ကာစော င်ခြုံပေးလိုက်ပြီး သူမကို ဘေးသို့ ချလိုက်သည်။
ခြင်ထောင်ထဲတွင် မှောင်နေသေးသော်လည်း ယဲ့လီကျူး၏ အသားဖြူဖြူက တောက်ပနေကာ သူမဆံပင်တွေ ဖြာကျနေပုံက အရမ်းလှသည်မို့ မျက်စိမလွှဲချင်စရာပင်။
တိရှောင်းက အိပ်ရာမှထကာ အင်္ကျီဝတ်ရန်လုပ်နေစဉ်မှာပင် ယဲ့လီကျူးက ဘယ်ကဘယ်လို နိုးလာသည်မသိပေ။ သူမက အိပ်ချင်မူးတူးနှင့် မျက်လုံးလည်း မပွင့်သေးကာ သတိလည်း သိပ်မရှိသေးပေ။ သူမက တိရှောင်း ထွက်သွားတော့မည်ကိုမြင်တော့ မသိလိုက်စွာပင် တိရှောင်းကို အနောက်ကနေ ထဖက်လိုက်၏။ “ရှင့်ကို မသွားခိုင်းဘူး”
တိရှောင်းက တောင့်တင်းသွားသည်။ မနက်ခင်းတွင် စိတ်ခံစားချက်များဖို့ လွယ်သော်လည်း ယဲ့လီကျူးက အရမ်းရဲတင်းလွန်းကာ သူ့ကို အတော်လေး တွယ်ကပ်နေသည်။ သူလည်း ဘာလုပ်ရမယ်မှန်းမသိပေ။
သူက အေးစက်စွာပင် ဟောက်လိုက်၏။ “လွှတ်”
ယဲ့လီကျူးက သူ့ကို ခါးမှ ဖက်ထားသည်မို့ သူမလက်တွေက သူ့ကြွက်သားတွေနှင့်ထိနေသည်။ သူမ အသိပြန်ဝင်လာတော့မှ တိရှောင်းကို ကိုင်ထားတာကို လွှတ်လိုက်သည်။ မကောင်းဘူးပဲ။
ယဲ့လီကျူးက အို့ ဟု ပြောကာ လွှတ်ပေးလိုက်သည်။
တိရှောင်းက ပြောလာသည်။ “ကိုယ့်မှာလုပ်စရာရှိသေးတယ်။ ကိုယ့်ကိုစောင့်နေ။ ပြန်လာရင် လာတွေ့မယ်”
YOU ARE READING
ဖဝါးထက်က ပုလဲသွယ် (Complete)
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
