ဖဝါးထက်က ပုလဲသွယ် (၆၈)

5.6K 374 3
                                        

Translation of Pearl In The Palm.

Translator - Jinnie Grace

ဖဝါးထက်က ပုလဲသွယ် (၆၈)

________

ယဲ့လီကျူးက ပြောလိုက်သည်။ “ကျွန်မ ဒုတိယမင်းသားနဲ့ မရင်းနှီးဘူး”

တိရှောင်းက သူမ မေးစေ့ကိုညှစ်ကာ မော့လိုက်သည်။ “မင်း သူနဲ့ ရင်းနှီးနေရင်လည်း ငါက သူ့ခြေထောက်ကို ချိုးပစ်မှာ”

လက်ရာတွေက ယဲ့လီကျူး မေးစေ့တွင် ထင်သွားသည်။ သူမက မျက်နှာလေးရဲကာ ပြောလိုက်၏။

“ရန်ဖြစ်တဲ့သူတွေက ငရဲကြီးတယ်တဲ့"

တိရှောင်းက ပြန်ဖြေသည်။ "ငါက ငရဲကိုသွားမှာ မင်းလိုက်မှာလား"

ယဲ့လီကျူးက ဘာမှမပြောတော့ပေ။

တိရှောင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူက ဘုရားကိုလည်း မယုံသလို ငရဲကိုလည်းမယုံပေ။

သူက ယဲ့လီကျူး မျက်နှာလေးကို နမ်းလိုက်သည်။ "မင်းဆွဲသီး ရှာမှာဆို ရှာလေ။ ရှာမတွေ့ရင် မိဖုရားခေါင်ကြီးနန်းဆောင်ကို ပြောလိုက်”

တိရှောင်းကြောင့် သူမ မတ်တတ်ရပ်နေရတာ ကြာပြီမို့ ခြေထောက်တွေပင် ထုံနေပြီ။

တိရှောင်းက သူမ၏ အရည်လဲ့နေသော မျက်ဝန်းလှလှလေးတွေကို ကြည့်နေသည်။ သူ့နှလုံးသားက ထိုအချိန်တွင် နူးညံ့နေကာ မျက်စိကို စည်းထားသော အချိန်ကိုပင် သတိရမိသွားသည်။

သူက သူမမျက်လုံးတွေကို လက်ကလေးနှင့် ထိလိုက်သည်မို့ ယဲ့လီကျူး တစ်ယောက် မျက်လုံးကို အမြန်ပိတ်လိုက်ရသည်။

သူမပုံစံလေးက သနားစရာကောင်းနေကာ မျက်တောင်လေးတွေက တုန်ရီနေသည်။ ထိုပုံစံလေးက သူတို့အတူနေတိုင်း သူ့ကို မကြည့်ရဲသဖြင့် မျက်နှာလေးနီမြန်းကာ မျက်ရည်လေးတွေ ကျနေပုံနှင့်တူသည်။

သူက သူမကို ဖိပြီးကပ်လိုက်သည်မို့ စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်သွားသည်။

ပုံမှန်ဆို နေရာတွေဘာတွေကို တိရှောင်း ဂရုစိုက်လေ့ မရှိသော်လည်း ဆောင်းတွင်းဖက်ကြီးဖြစ်ကာ နမ်းတော်ထဲမှာမို့ သူစိတ်ပါတိုင်း လုပ်လို့မရပေ။

ဖဝါးထက်က ပုလဲသွယ် (Complete)Donde viven las historias. Descúbrelo ahora