ဖဝါးထက်က ပုလဲသွယ် (၉၀) ဇာတ်သိမ်း

7K 289 2
                                        

Translation of Pearl In The Palm.

Translator – Erata Team

ဖဝါးထက်က ပုလဲသွယ် (၉၀) ဇာတ်သိမ်း

________

အနိုင်ရသူနှင့် ရှုံးနိမ့်သူ ပေါ်လာပြီး‌နောက် ကျောက်ယိသည် ညတွင်းချင်း အကျဉ်းသား ဖြစ်သွားတော့၏။

မိဖုရားရှန်သည် သတင်းကြားပြီးနောက် သူမသည် ဧကရာဇ် အမြန် သွားရှာချင်ခဲ့၏။ ကျောက်ယိကို ဧကရာဇ်က ချစ်မြတ်နိုးပြီး သူ့ဆီ၌ အဆုံးမရှိ အားစိုက်ထုတ်မှုများ နှစ်မြှုပ်ထားကြောင်း သူမ ရှင်းရှင်းလင်းလင်း သိသည်။ ထို့ကြောင့် ဧကရာဇ်သည် ကျောက်ယိကို သတ်ဖို့ မဖြစ်နိုင်။ တိရှောင်းနှင့် ကျောက်ယွင်ကသာလျှင် ကျောက်ယိကို သတ်ချင်နေတာ ဖြစ်သည်။

မိဖုရားရှန်သည် အလျင်စလို ထွက်လာသော်ငြား သူမ နန်းဆောင်ထဲမှ မထွက်နိုင်ခင် တစ်စုံတစ်ယောက် တားမြစ်တာ ခံလိုက်ရ၏။

အထိန်းတော်ချုပ်က ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။

"မိဖုရားရှန် မိဖု‌ရားခေါင်က မယ်မယ်ကို ဖိတ်ကြားလိုက်ပါတယ်"

မိဖုရားရှန်က မျက်ခုံးပင့် ကြည့်လိုက်၏။

"ငါ အရှင်မင်းကြီးကို သွားတွေ့မလို့ ရာရာစစ ငါ့ကိုတားရဲရအောင် မင်းက ဘယ်သူလဲ"

အထိန်းတော်ချုပ်သည် မိဖုရားခေါင် နန်းဆောင်ရှိ အထိန်းတော် ဖြစ်၏။ မိဖုရားရှန်သည် မိဖုရားခေါင်ကြီးကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့၏။ ယခုက မိဖုရား‌ရှန်၏ ဂုဏ်သိက္ခာကို နင်းချေသော အချိန်ဖြစ်သည်။

"နားထောင်ဘူးလား"

မိဖုရားရှန်သည် အံကြိတ်လျက် ရွေးချယ်စရာ မရှိပဲတော့ အထိန်းတော်နောက်သာ လိုက်ရသည်။

မိဖုရားခေါင်ကြီးတိသည် မိဖုရားရှန်ကို အမြဲတမ်း အထင်သေးသော်ငြား မိဖုရားရှန်က ပြစ်မှုများ ကျူးလွန်ခဲ့ပြီး သူမကို ထပ်တလဲလဲ ရန်စခဲ့သည်။ ယခုအခေါက်တွင် ဒုတိယမင်းသားက ရာဇဝတ်မှုကြီး ကျူးလွန်ခဲ့ပြီး ဧကရာဇ်က နန်းတော်အတွင်းတွင် နာမကျန်း ဖြစ်နေကာ မိဖုရားရှန်က မိဖုရားခေါင်ကြီး၏ လက်ထဲကို ကျရောက်သွားပြီဖြစ်သည်။ သူမ ဘာဖြစ်မည်မှန်း အတိအကျ သိကြသည်။

ဖဝါးထက်က ပုလဲသွယ် (Complete)Место, где живут истории. Откройте их для себя