ဖဝါးထက်က ပုလဲသွယ် (၄၈)

6.9K 457 10
                                        

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၄၈)

Translator - Jinnie Grace

_______

ယဲ့လီကျူးက နိုးလာတော့ ယုရှားကို သူမပစ္စည်းတွေ သိမ်းခိုင်းလိုက်သည်။ သူမက ဒီမှာ အကြာကြီး နေဖို့စိတ်ကူး မရှိတာကြောင့် ပစ္စည်းအနည်းငယ်သာ ထုပ်လာခဲ့သည်။

ချင်ဟွေ့နှင့်ချင်ဟွမ်းကတော့ သူမနှင့် အချိန်အကြာကြီး အတူရှိခဲ့ဖူးသူများ ဖြစ်သည်မို့ မသွားစေချင်သေးပေ။

ချင်ဟွေ့က သူမအင်္ကျီစကို ဆွဲကာ ရက်နည်းနည်း ထပ်နေရန် တောင်းဆိုသည်။

ယဲ့လီကျူးက ချင်ဟွေ့မျက်ရည်များကို အင်္ကျီစနှင့် သုတ်ပေးပြီး ပြောလိုက်သည်။

“အရမ်း ဝမ်းမနည်းပါနဲ့။ အချိန်ရရင် လာတွေ့ပါ့မယ်။ ဒီမှာပျင်းနေရင် စာရေးလိုက်နော်။ အဖေ့ကို ပြောပြီး နေဖို့နေရာတစ်နေရာ စီစဉ်ခိုင်းလိုက်မယ်”

ချင်ဟွေ့က ပြန်ပြောသည်။ “ကျူးကျူးက မြို့တော်ကို ရောက်သွားတော့ ပြန်တွေ့တဲ့အချိန်ကျ မှတ်တောင်မမှတ်မိတော့ ဘူး။ ငါတို့ကို မေ့မသွားရဘူးနော်”

ယဲ့လီကျူးက ခေါင်းညိတ်ပြလိုက်သည်။

လူတိုင်းကို နှုတ်ဆက်ပြီးနောက် လှည်းပေါ်တက်ကာ မြို့တော်ကို အမြန်ပြန်ဖို့ စီစဉ်သည်။ မိုးလင်းစမို့ ကောင်းက င်က မှောင်မည်းနေသေးသည်။ သူမက ယုရှားကို တွဲကာ လှည်းပေါ်သို့တက်သည်။

လှည်းပေါ်ရောက်တော့ ယဲ့လီကျူးက အနည်းငယ် အိပ်ချင်နေသည်မို့ ယုရှားပေါင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်သွားတော့သည်။

လမ်းတွင် ရုတ်တရက် လှည်းလှုပ်သွားသောကြောင့် ယဲ့လီကျူးတစ်ယောက် လန့်နိုးလာရသည်။

ယုရှား ကြောင်နေတုန်း အပြင်က အစောင့်တစ်ယောက်၏ အသံက ထွက်လာသည်။ “ဓားပြတွေ ”

အပြင်တွင် ဓားခုတ်သံတချွင်ချွင်ကို ကြားနေရသည်။

ယဲ့လီကျူးက ဒီလိုမြင်ကွင်းမျိုး မမြင်ဖူးသည်မို့ ဘာမှတုံ့ပြန်ချိန်တောင် မရသေးခင် ဓားတစ်ချောင်းက လှည်းကို ဖောက်ကာ ဝင်လာလေ၏။ ကံကောင်းကာ သက်တော်စောင့်တစ်ယောက်က သူမရှေ့သို့ ရောက်လာပြီးကာကွယ်ပေးလိုက်သည်။

ဖဝါးထက်က ပုလဲသွယ် (Complete)Où les histoires vivent. Découvrez maintenant