အခန်း (၉၄) (အချပ်ပို ၄)
မနေ့ညက နွေဦးလေပြည်ပြီးနောက် ယဲ့လီကျူးသည် နောက်နေ့နံနက် နိုးလာချိန်တွင် သူမ၏ အရိုးများ နာကျင်ကိုက်ခဲနေတော့သည်။
သူမ၏ မျက်ဝန်းက အနည်းငယ် နီနေ၏။ တိရှောင်းက သူမကို နမ်းရှိုက်ကာ နားနားကပ် တီးတိုးပြောလိုက်တော့သည်။
“မင်း ထနိုင်ရဲ့လား”
အိပ်ရာက ရှုပ်ပွနေပြီး ယဲ့လီကျူး၏ ခန္ဓာကိုယ်၌ တိရှောင်း၏ အငွေ့အသက်များပြည့်နေပြီး သူမ မျက်တောင်များ တုန်ယင်နေကာ တစ်ဖက်သို့ လှည့်လာသည်။
“အင်း”
တကယ်ပဲ ထ၍ အဆင်ပြေသည်။
တိရှောင်းက ပြောလိုက်သည်။
“တကယ်ပဲ စိတ်မပူနဲ့။ မကြာခင် အိမ်ရောက်မှာ”
လမ်းပေါ် ရက်ပေါင်းများစွာ ခရီးဆက်ပြီးနောက် သူတို့ ရှန်းကျိုးသို့ မကြာမီ ရောက်တော့မှာ ဖြစ်သည်။
တိရှောင်းသည် အဝတ်အစားလဲပြီးနောက် သူမကို လက်သန့်စင်ရန် ဂရုစိုက်ပေးဖို့ အစေခံ မိန်းကလေးကို ပြောပြီး ယဲ့လီကျူးနှင့်အတူ ဆင်းလာသည်။ ယဲ့လီကျူး သဝန်တိုနေတာကိုလည်း သူ သတိပြုမိသည်။
ဤမိန်းကလေးသည် အပေါ်ယံတွင် ပုံမှန်အတိုင်း ဖြစ်နေသော်ငြား တကယ်တွင်မူ သူမသည်လည်း ကာကွယ်လိုစိတ်ရှိသည်။ ယဲ့လီကျူးသည် တိရှောင်းကို အလွန် ကာကွယ်တတ်လွန်းပြီး တိရှောင်းနှင့် အခြားသော အမျိုးသမီးများ ဆုံတွေ့တာကို သဘောမကျပေ။
သူမ အဝတ်အစားလဲပြီးနောက် တိရှောင်းက ယဲ့လီကျူးကို ပြောလိုက်တော့သည်။
“စိတ်မပူနဲ့။ ဒီနေ့ ကိုယ်သူ့ကို မင်းဆီမှာ မခစားခိုင်းဘူး”
မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြင်က ရွှံ့ထူနေလျက် လှုပ်ရှားရန် ခက်ခဲနေ၏။ ထို့ကြောင့် တိရှောင်းနှင့် ကျန်သည့်သူများက ဤတည်းခိုဆောင်၌ နောက်ထပ်တစ်ရက် နေရမှာဖြစ်သည်။
ယဲ့လီကျူးသည် သန့်စင်ပြီးနောက် တိရှောင်းနှင့်အတူ မနက်စာစားရန် အောက်ထပ်သို့ ဆင်းသွားသည်။
ESTÁS LEYENDO
ဖဝါးထက်က ပုလဲသွယ် (Complete)
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
