အခန်း (၉၇) (အချပ်ပို ၇)

3.7K 218 3
                                        

အခန်း (၉၇) (အချပ်ပို ၇)

ယဲ့လီကျူး ကိုယ်ဝန်လွယ်နေစဥ် သူမက ဧည့်မတွေ့ခဲ့ပေ။ တိရှောင်းက သူမကို ဧည့်တွေ့ခွင့်မပြုပေ။ အကြောင်းမှာ သူမ နှုတ်ကို မထိန်းနိုင်ဘဲ ဧည့်သည်များလာချိန်၌ အဆင်အခြင်မဲ့ စားသုံးမိမှာကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သခင်မများ လာရောက်လည်ပတ်ချိန်တွင် သူမဘေးရှိ ရံရွေတော်၂ယောက်ဖြစ်သော ဟိုက်ထန်နှင့် ယွီရှားတို့က သူတို့ကို သွားတွေ့လိမ့်မည်။ သူမ ကိုယ်ဝန်အကြောင်း တစ်ခွန်းမှ မပြောပေ။

ယင်းက သူမ မိသားစု ကိစ္စဖြစ်ပြီး ကျန်သည့်သူများ၏ မိသားစုနှင့် ဘာမှမဆိုင်ပေ။ ယဲ့လီကျူးက ကျော်ကြားသည့်သူတစ်ယောက် မဟုတ်။ သူမ ကိုယ်ဝန်လွယ်ခါစ ဖြစ်၏။ အမျိုးသမီးအများစုသည်လည်း ကိုယ်ဝန်ဆောင်ကြသည်။ သူမက တိတ်တိတ်ဆိတ်ဆိတ်သာ ကိုယ်ဝန်ဆောင်လေ၏။ ထို့ကြောင့် သောင်းသောင်းဖြဖြဖြစ်အောင် ကျန်သည့်သူများကို မပြောခဲ့ပေ။

ဒုတိယအချက်မှာ ယဲ့လီကျူး၏ ခန္ဓာကိုယ်သည် မကောင်းပေ။ သမားတော်က ကလေး အဆင်ပြေသည်ဟု ပြောသော်ငြား မတော်တဆက  မကြာခဏ ဖြစ်ပွားတတ်၏။ ယဲ့လီကျူးသည် ကလေးမွေးဖွားသည်အထိ စောင့်ပြီးမှ အခြားသူများကို ပြောဖို့ လိုလားနေသည်။ ထို့ကြောင့် သူမက ယဲ့ဖူအန်းသိစေရန် စာမရေးခဲ့ပေ။ ယဲ့ဖူအန်းက သူမ တစ်စုံတစ်ခု ဖြစ်သွားမှာကို နေ့စဥ်နေ့တိုင်း စိုးရိမ်ပူပန်နေမှာ စိုးသောကြောင့် ဖြစ်သည်။ ကလေးမွေးလာပြီးမှသာ ပျော်ရွှင်ဖွယ် အဖြစ်အပျက်ကို ယဲ့ဖူအန်းအား အကြောင်းကြားမည်ဟု တွေးထားသည်။

နန်းတော်ထဲရှိ အစေခံများကလည်း နန်းတော်ထဲတွင်သာ နေသည်။ သူတို့က သခင်၏ ယုံကြည်ရသူများဖြစ်သောကြောင့် သခင်တို့၏ ကိစ္စများကို အတင်းအဖျင်း ပြောကြမှာမဟုတ်ပေ။

ဆောင်းဦးလယ် ပွဲတော်ကာလ၌ ရှန့်ကျိုးရှိ မိသားစုတိုင်း၏ ဇနီးသည်များက ယဲ့လီကျူးအား လက်ဆောင်ပေးရန် သူမဆီ လာရောက်လည်ပတ်လိမ့်မည်။ ထိုအချိန်ကျ လူများစွာ ရောက်လာမည်ဖြစ်ကာ ပွဲတော်ကြီးတစ်ခုလည်း ကျင်းပမည်ဖြစ်၏။ ယဲ့လီကျူးက သူတို့ကို ဧည့်ခံရန် ရံရွေတော်များကို လွှတ်ထား၍မရပေ။

ဖဝါးထက်က ပုလဲသွယ် (Complete)Donde viven las historias. Descúbrelo ahora