အခန်း (၉၆) (အချပ်ပို ၆)
ယဲ့လီကျူးသည် ကိုယ်ဝန် လွယ်ထားရပြီးနောက် သူမသည် အစ၌ မည်သည့် မူမမှန်မှုကိုမှ မခံစားခဲ့မိပေ။ သို့သော် စတုတ္ထမြောက်လ၌ သူမက အနည်းငယ် ပြည့်ဖြိုးလာပြီး အနည်းငယ် ဗိုက်ပူလာတော့သည်။
တိရှောင်းက ယဲ့လီကျူးဘေး၌ လူများ ထပ်ထည့်ပေးခဲ့သည်။ သူမကို ရံရွေတော်များစွာ ဝိုင်းရံထားလေ၏။ ပုံမှန်ဆို ယဲ့လီကျူး ချောင်းအနည်းငယ် ဟန့်လိုက်သည်နှင့် ရံရွေတော် တစ်ယောက်က သူမဆီ ရောက်လာမှာ ဖြစ်သည်။ ယခု သူမ ကိုယ်ဝန်လွယ်ထားသောကြောင့် ပိုတောင် တန်ဖိုးထား ဆက်ဆံခံရသည်။
ကိုယ်ဝန်လွယ်ပြီးနောက် ယဲ့လီကျူး၏ အနံ့ခံအာရုံသည် ယခင်ကထက် ပိုပြီးထက်မြက်လာပြီး အနံ့ဆိုးဆိုး ရသည့်အချိန်၌ ပျို့အန်တတ်၏။ အရင်တုန်းကဆိုလျှင် ယဲ့လီကျူးသည် အစာချေးများတတ်သူ မဟုတ်ပေ။ သူမ အသားမစားသော်ငြား တိရှောင်း၏ လမ်းညွှန်မှုအောက်၌ အနည်းအကျဥ်းစားသေး၏။ ယခု ယဲ့လီကျူးက အစာချေးများလာပြီး သူမ မကြိုက်သည့်အရာရှိလျှင် တိရှောင်းက သူမကို မည်မျှ စားခိုင်းစေကာမူ သူမ စားမှာ မဟုတ်ပေ။
ကိုယ်ဝန်လွယ်ပြီးနောက် ယဲ့လီကျူးသည် အနည်းငယ် စိတ်ကြီးလာကြောင်း တိရှောင်း ရှာတွေ့လိုက်သည်။ သူသည် အမျိုးသမီးများအကြောင်း ကောင်းကောင်းမသိပေ။ ထို့ကြောင့် အမျိုးသမီးများသည် ကိုယ်ဝန်လွယ်ပြီးနောက် ပုံမှန်အချိန်နှင့်မတူဘဲ စိတ်ခံစားချက် အတက်အကျ ရှိတတ်ကြောင်း သူမသိပေ။ ယဲ့လီကျူးက အနည်းငယ် ပိုဥာဏ်ကောင်းလာပြီး အလိုလိုက်ခံရအောင် ပြုမူနေသည်ဟုသာ တိရှောင်း တွေးခဲ့၏။ သူက ယဲ့လီကျူးသည် ကလေးတစ်ယောက်ကဲ့သို့ ပြုမူတာကို အနှစ်သက်ဆုံး ဖြစ်သည်။
သူ ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသ၍ တောင်းဆိုမှုက မည်မျှ ဆိုးရွားစေကာမူ တိရှောင်းသည် သူမအတွက် သဘောတူလိုစိတ်ရှိသည်။
ယဲ့လီကျူး၌ လိုချင်တပ်မက်မှု မရှိတာ နှမြောစရာ ကောင်းလှပြီး သူက တိရှောင်းမှတစ်ပါး ကျန်သည့်အရာများ မလိုချင်သည့်ပုံ ဖြစ်နေသည်။ တိရှောင်းအဖို့ ယဲ့လီကျူး ငိုပြီး သူ့ကို တစ်စုံတစ်ခု တောင်းဆိုတာကို မြင်တွေ့ရန် ခက်ခဲလှ၏။
YOU ARE READING
ဖဝါးထက်က ပုလဲသွယ် (Complete)
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...
