အခန်း (၉၈) (အချပ်ပို ၈)

4.2K 264 2
                                        

အခန်း (၉၈) (အချပ်ပို ၈)

သခင်မများသည် ဗိုက်ဖောင်းဖောင်းဖြင့် ယဲ့လီကျူး ထိုင်ချလိုက်တာကို မြင်သောအခါ တချို့က မယုံနိုင်ကြဘဲ ယဲ့လီကျူးကို  စိုက်ကြည့်နေကြသည်။

သခင်မတစ်ယောက်က‌ ပြုံးလျက် ပြောလိုက်တော့သည်။

“ဝမ်ဖေးက ကိုယ်ဝန်လွယ်ထားတာလား။ ဒါဆို ဂရုစိုက်အုံး။ ပြုတ်မကျစေနဲ့”

ယဲ့လီကျူးသည် လက်ဖက်ရည်တစ်ငုံသောက်ပြီး ပြုံးလျက် စကားဆိုလိုက်သည်။

“ဒါ ပုံမှန်ပါပဲ။ နေ့တိုင်း အိမ်တော်ထဲမှာ နေနေတာ။ ဘာမှမှားယွင်းမှု မဖြစ်နိုင်လောက်ဘူးလေ”

ယခု ယဲ့လီကျူးသည် ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်သောကြောင့် တစ်စုံတစ်ယောက်သည် သားလား သမီးလားဟူ၍ ခန့်မှန်းနေပြီဖြစ်သည်။

အမျိုးသားရော အမျိုးသမီးပါ ဖြစ်နိုင်သည်။ ယနေ့ခေတ်တွင် မည်သည့်မိသားစုမဆို ကလေးများစွာ မရှိပေ။ သူတို့၌ မျိုးဆက်ရှိသ၍ သားသမီးနှစ်ယောက်လုံးက တန်ဖိုးရှိပေသည်။

ကွာဟချက်က သားသည် မင်းသားချင်၏ ရာထူးကို အမွေဆက်ခံနိုင်မည်ဖြစ်ကာ ပိုစိတ်ကျေနပ်စေပြီး ရာထူးကို ရရှိလိမ့်မည်။ သမီးလေး မွေးဖွားလာခဲ့ပါက...။

လူတချို့ကဆို မရေမရာ ကြည့်လာလေ၏။

ချင်ဝမ်ဖေး၏ ခန္ဓာကိုယ်သည် ပထမဆုံးအကြိမ်၌ ကလေးမွေးဖွားနိုင်သော်ငြား ဒုတိယအခေါက်တွင် မမွေးနိုင်လောက်ပေ။ ပထမအကြိမ်တွင် သမီးတော်တစ်ပါး မွေးခဲ့လျှင် ဒုတိယအကြိမ်၌လည်း သမီးတော်တစ်ပါးဖြစ်နိုင်၏။

ကလေး မမွေးရသေးသော်ငြား လူတချို့ကမူ အတွေးမျိုးစုံ စတွေးနေပြီဖြစ်သည်။

ချင်ဝမ်ဖေးက သားမမွေးနိုင်လျှင် မင်းသားချင်အတွက် ကလေးမွေး‌‌ပေးရန် သူတို့မိသားစုမှ မိန်းကလေး၂ယောက်ကို လွှတ်ရမည်ဟု လူတချို့ကတောင် တွေးနေပြီဖြစ်သည်။

တစ်ယောက်က ပြုံးပြီးပြောလိုက်သည်။

“ဝမ်ဖေးက ကောင်းချီးပေးခံရတာပဲ။ ဝမ်ဖေး သားတော်လေးမွေးဖို့ ဆုတောင်းပေးပါတယ်”

ဖဝါးထက်က ပုလဲသွယ် (Complete)Where stories live. Discover now