ဖဝါးထက်က ပုလဲသွယ် (၅၉)

6.1K 391 2
                                        

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၅၉)

Translator - Jinnie Grace

____________

လီကျူးတစ်ယောက် ငိုနေမိသည်။ သူမ ပြုတ်ကျသွားသည်မို့ လန့်သွားသော်လည်း ကံကောင်းပြီး တိရှောင်းက သူမကို ဖမ်းမိသွားသည်။

တိရှောင်းဆူတာ ခံရပြီးသည့်နောက်တွင်တော့ သူမ ရှက်လည်းရှက် ဒေါသလည်းထွက်သည်မို့ မျက်ရည်တွေသာ စီးကျလာတော့သည်။

သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။ “ကျွန်မ မြင်းပေါ်ကဆင်းပြီး မမကို သွားရှာချင်တယ်”

သူမ ထွက်သွားဖို့လုပ်နေသည်ကိုမြင်တော့ သူက ယဲ့လီကျူးခါးလေးကို တင်းနေအောင် ဆုပ်ထားမိသည်။ “မသွားနဲ့”

ယဲ့လီကျူး တစ်ကိုယ်လုံး ပျော့ခွေသွားကာ သူမ ချက်ချင်းပင် တိရှောင်းကို မှီလိုက်မိသည်။

သူက ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်မို့ ထိုအပေါ်တွင် မြူမှုန်တွေတောင် တင်နေလေသည်။

ယဲ့လီကျူးက အနည်းငယ် ရုန်းလိုက်သော်လည်း လွတ်မြောက်မှုတော့မရှိ။

တိရှောင်းက သူမကို ခေါ်သွားတော့မည် အပြုတွင် ကျန်းရန်ယိက အစေခံတွေနှင့်အတူ အပြင်သို့ ထွက်လာသည်။

မြင်းပေါ်ရောက်နေသော ယဲ့လီကျူးကိုမြင်မှ ကျန်းရန်ယိတစ်ယောက် သက်ပြင်းချနိုင်တော့သည်။

“ကျူးကျူး ဒဏ်ရာရသွာသေးလား”

ယဲ့လီကျူးက ခေါင်းယမ်းသည်။ “ညီမ…ညီမ…”

သူမဘာစကားမှ မပြောနိုင်သေးခင်မှာပင် တိရှောင်းက ဝင်ပြောလိုက်သည်။ “သူ နည်းနည်း ထိခိုက်သွားတယ်။ ကျုပ် သူ့ကို အိမ်တော်ခေါ်သွားပြီး သမားတော်နဲ့ ပြပေးမလို့”

ကျန်းရန်ယိအနေနှင့် ဒီလိုလုပ်တာ မသင့်တော်သည်မို့ သူမက တားလိုက်သည်။ “ရပါတယ်။ ဒီစားသောက်ဆိုင်မှာလည်း သမားတော်ရှိပါတယ်။ မင်းသားချင် ညီမလေးကိုထားခဲ့ပါ”

ယဲ့လီကျူးက စကားဝင်ပြောချင်သော်လည်း တိရှောင်းက သူမခါးကို ကိုင်ထားသည့် လက်တွေက ပိုတင်းကျပ်လာသည်။ သူမ ပါးစပ်ဖွင့်လိုက်သည့် အချိန်မှာတင် သူ့လက်တွေက ပိုတင်းကြပ်လာ၏။

ဖဝါးထက်က ပုလဲသွယ် (Complete)Where stories live. Discover now