အခန်း (၁၀၇) အချပ်ပို ၁၇

3.3K 222 1
                                        

အခန်း (၁၀၇) အချပ်ပို ၁၇

ယဲ့လီကျူးမျက်လုံးထောင့်ကို သုတ်ပြီး သိမ်မွေ့စွာပြောလိုက်၏။

“အဖေ လတ်တလော အဆင်ပြေရဲ့လား”

ယဲ့ဖူအန်းသည် သိပ်မကြာသေးခင်က ဖျားနာခဲ့သော်ငြား သူသည် သတင်းကောင်းကိုသာ အမြဲတစေ ပြောလေ့ရှိပြီး သတင်းဆိုးကို ပြောတတ်သူ မဟုတ်ပေ။ ယဲ့လီကျူးဆီ စာရေးသည့်အချိန်တွင်တောင် သူ တွေ့ကြုံနေရသည့် မကောင်းသောကိစ္စများကို ဘယ်တော့မှ ထည့်မရေးပေ။ ယဲ့လီကျူးဆီသို့ ကောင်းမွန်သော ကိစ္စရပ်များသာ အမြဲတစေ မျှဝေပေးတတ်သည်။ သို့မှသာ ယဲ့လီကျူးသည် သိပ်စိတ်ပူစရာမရှိမှာ ဖြစ်သည်။

ယဲ့လီကျူးသည် ရှန်ကျိုးနှင့် အဝေးမှာ နေတာဖြစ်သည်။ သူမ အဆင်ပြေရဲ့လားလည်း မသိရပေ။ ထို့ကြောင့် ယဲ့ဖူအန်းသည် သူ နေမကောင်းဖြစ်ကြောင်း မပြောခဲ့ပေ။ သူမကို စိတ်မပူစေလိုခဲ့။

ယဲ့ဖူအန်းသည် သူ့ရင်ဘတ်သူ ပုတ်လျက် ပြောလိုက်သည်။

“ကျူးကျူး စိတ်မပူနဲ့။ အဖေက ကျန်းမာရေးကောင်းတယ်။ သန်မာတယ်။ အဖေ့ကို စိတ်ပူစရာမလိုဘူး”

ရင်အာက မြေပြင်ပေါ်၌ ရပ်နေပြီး ယဲ့လီကျူး၏ အိင်္ကျီလက်ကို လိမ်လိမ်မာမာ ဆုပ်ကိုင်ထားလေသည်။

ယဲ့ဖူအန်းက ပြောလိုက်၏။

“လာ အဘိုးကို ချီခွင့်ပေးပါအုံး”

ယဲ့ဖူအန်းသည် ရင်အာ၏ မျက်နှာကို နမ်းလိုက်၏။

ရင်အာသည် မနေ့ညက ယဲ့ဖူအန်းနှင့် သိကျွမ်းခဲ့ပြီ ဖြစ်သည်။ ယဲ့ဖူအန်းနှင့် ယဲ့လီကျူး ဆက်ဆံရေး ကောင်းမွန်နေတာ မြင်သောအခါ သူသည် စိမ်းသက်သည်ဟု ခံစားရပုံ မပေါ်တော့ပေ။ မယ်တော်သည် သူ၏အဘိုးကို သဘောကျ၏။ ရင်အာကလည်း သဘောကျသည်။ သူက လက်ဆန့်ထုတ်လျက် ယဲ့ဖူအန်းကို သူ့အား ဖက်ခိုင်းလိုက်သည်။ သူက အဘိုး ဟူ၍ ခေါ်လိုက်သည်။ ယဲ့ဖူအန်းက ရင်အာ၏ မျက်နှာကို နမ်းလိုက်လေ၏။

“ဟေး ရင်အာက လိမ္မာလိုက်တာ”

ယဲ့လီကျူးကလည်း မျက်ရည်များသုတ်လျက် ပြုံးကာ ပြောလိုက်တော့သည်။

ဖဝါးထက်က ပုလဲသွယ် (Complete)Tempat cerita menjadi hidup. Temukan sekarang