Chapter 1

2.7K 149 6
                                    

Chapter - 1
(ကျန်းရွှမ်းလင်ကဘယ်သူလဲ?)

1971, Marchလကုန်နေ့တနေ့

မနေ့ညက မိုးသည်းထန်စွာရွာသွန်းသော
ကြောင့် တရုတ်ဆီးပင်လေးသည်ချက်ချင်း
ဖူးပွင့်ဝေဆာလာသည်။

နှစ်ကြာရှည်စွာတည်ရှိနေသည့် ထင်ရှုးပင်
ကြီးမှာလည်း အကိုင်းအခက်များဝေဝေ
ဆာဆာဖြစ်နေသည်။

သစ်ရွက်စိမ်းများသည် လေတိုက်သော
ကြောင့် ဟိုဟိုဒီဒီ ယိမ်းယိုင်လှုပ်ရှားနေ
သည်။

ထိုအချိန်တွင် ကျန်းရွှမ်းလင်တယောက်
ရေထမ်းကာ လမ်းလျှောက်လာခဲ့သည်။

သူမသည် နီညိုဖျော့ရောင်ဝတ်စုံလေးကို
ဝတ်ဆင်ထားပြီး ခါးသိမ်လေးကြောင့်
ပိုမိုအလှသွေးကြွယ်နေတော့သည်။
သူမသည် လမ်းလျှောက်ရင်း မျက်စိမှာ
လည်း တနေရာမှတနေရာကြည့်နေသည်။

ထိုအချိန်တွင်အသက်၂၀အရွယ် ပညာတတ်
ကောင်လေးနှယောက်သည် သူတို့ရှေ့တွင်
ဖြတ်သွားသည့် ရွှမ်းလင်အား သေချာ
ကြည့်လိုက်သည်။

ပေါက်တူးကိုင်ထားသည့်ကောင်လေးသည်
သူမအားကူညီရန်အပြေးလာဖို့လုပ်သော်
လည်းဘေးနားမှတယောက်က ဇွတ်အတင်း
ဆွဲခေါ်သွားသည်။
“သွားကြမယ် ငါတို့အလုပ်ရှိသေးတယ်”

ထိုကောင်လေးသည် ရှေ့ဆက်လျှောက်
နေရသော်လည်း မျက်လုံးမှသူမအား
မခွာနိုင်သေး။

အဒေါ်ဆောင်သည် ထျန်ကျန်းလမ်းမကြီး
၏တဖက်တွင် ထိုမြင်ကွင်းအားသေချာ
မြင်လိုက်သည်။

ထို့နောက် ဘေးရှိ ဝက်စာများကိုသယ်လာ
သောအမျိုးသမီးအားပြောလိုက်သည်။

“ကျန်းအိမ်ကကောင်မလေးကသနားစရာ
ကောင်းလိုက်တာ”

“ဟုတ်တယ် သူက စိုက်ပျိုးရေးတက္ကသိုလ်
တက်ရမယ်လို့ထင်နေတာ ဒါပေမဲ့ဒီလိုမျိုး
ဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?”

“တချို့အရာတွေက ရှောင်လွှဲလို့မှမရတာပဲ”

“ဒါပေမဲ့လည်း သူစဉ်းစားရမှာပေါ့ ဒီလို
ငယ်ငယ်ချောချောလေးက ဘယ်လိုလုပ်ပြီး
မိထွေးဖြစ်လာမှာတဲ့လဲ??”

“သူ့မိဘတွေသေပြီး အဒေါ် မိသားစုနဲ့နေနေ
ရတာကို သူကဘယ်လိုလုပ်ဆုံးဖြတ်ခွင့်ရှိ
မှာတဲ့လဲ?”

“လီ အာဟွာကလည်း ဘာလို့သူ့သမီးနဲ့ကျ
မပေးစားတာလဲမသိဘူး”

တဖက်တွင်…..

“သနားစရာကောင်းလိုက်တာ သနားစရာ
ကောင်းလိုက်တာ”

“မင်းအစ်မကမိထွေးဖြစ်လာတော့မယ်”

“မိထွေးဆိုတာစုန်းမပဲကွ”

လေးနှစ်အရွယ် ကောင်လေးအား ခုနှစ် နှစ်
အရွယ်ကလေးများမှ ရွံ့များနှင့်ပစ်ပေါင်
ကာစနောက်နေကြသည်။

“ငါ့အမကိုဒီလိုမပြောကြနဲ့”

“မင်းမိဘတွေကလည်းမင်းကြောင့်သေခဲ့
ရတာ အခုလည်းမင်းအမက မိထွေးဖြစ်
လာတော့မယ်”

“မိထွေးဆိုတာ ကလေးတွေအသည်းကို
စားတဲ့စုန်းမပဲ”

“အားလုံးပဲ သူ့နားကိုမကပ်ကြနဲ့”

အဆိုးဆုံးကောင်လေးတယောက်သည် သူ့
အားပြောဆိုရယ်မောရင်းနှင့်ပင် ရွံ့များ
နှင့်ပစ်ပေါက်နေသည်။

“ဒါ ဘာလုပ်နေကြတာလဲ?”

ထိုအသံကြောင့်ကလေးများလန့်သွားကာ
ထွက်ပြေးသွားကြသည်။

“ပြေးကြ သူ့အမလာနေပြီ!!!”

ကျန်း ရွှမ်းလင်သည် ရေပုံးကိုချကာ
အနိုင်ကျင့်နေသည့်ကောင်လေးအားရွှံများ
ပေကျံနေအောင် ပြန်သုတ်လိုက်သည်။

ထိုအခါ ကလေးများကထိုမြင်ကွင်းအား
ကြည့်ကာ ရယ်မောကြသည်။

ကျန်းရွှမ်းလင် : “.........”

ထိုအခါ လူကြီးတယောက်ရောက်လာကာ
“ကလေးတွေပဲဟာ ဘာကိစ္စဂရုစိုက်နေရတာ
လဲ?” ဟုမေးလိုက်သည်။

ဒါ သူတို့ကလေးမဟုတ်လို့ပြောနိုင်ကြတာ
ပဲ!!!!!!

ကျန်းရွှမ်းလင် : “ ဒါကဘယ်လိုအပြုအမူ
လဲ?? ဒီလိုမျိုးကို ဘုရားသခင်ကလက်ပိုက်
ကြည့်နေလိမ့်မယ်လို့ထင်နေလား??? ပြန်
ဒဏ်ခတ်ခံရမှာပဲ”

ထို့နောက် သူမသည် ကလေးအားချီကာ
ပြန်လှည့်ထွက်လာခဲ့သည်။

“မမ…..”

ကျန်းရွှမ်းလင်သည် မောင်ဖြစ်သူအား
အိမ်လေးထဲသို့ချီခေါ်လာခဲ့သည်။

ကျန်းချန်သည်သူ့အမသုတ်ပေးနေသည်
ကိုအသာငြိမ်ခံနေပြီးမေးသည်။

“မမ သားက လူသတ်သမားမဟုတ်ပါဘူး”

ရွှမ်းလင် : “သေချာတာပေါ့ မောင်လေးရဲ့”

ကျန်းမောင်နှမ၏မိဘများမှာ သေဆုံးသွား
ကြပြီဖြစ်သည်။ဖခင်ဖြစ်သူသည် တခါက
အဖွဲ့အစည်းတခု၏ထုတ်လုပ်ရေးမှူးတ
ယောက်ဖြစ်သည်။သို့သော် ရွာထဲရှိ
ရေပေးဝေရေးအတွက်ဆောင်ရွက်ချိန်တွင်
မတော်တဆမှုဖြစ်ကာသေဆုံးသွားခဲ့သည်။

ထိုအချိန်တွင် မိခင်ဖြစ်သူမှာကျန်းချန်အား
ကိုယ်ဝန်လွယ်ထားရဆဲဖြစ်သည်။သူ့အမေ
မှာလည်း ကျန်းချန်အားမွေးပြီးသေဆုံး
သွားခဲ့ပြန်သည်။

ထို့ကြောင့်ပင် တရွာလုံးကကျန်းချန်အား
လူသတ်သမားလေးဟု ဝိုင်းဝန်းသမုတ်
ကြခြင်းဖြစ်သည်။

ကျန်းချန်မှာမူ လှပပြီးချစ်စရာကောင်း
သည့်ရုပ်ရည်သွင်ပြင်ရှိသည်။ထို့ကြောင့်
မသိသူများကဆို သူ့အားမိန်းကလေးဟူ
ထင်ကြသည်။

အမှန်တကယ်ဆိုလျှင်လည်းရွာထဲမှ
မိနိးကလေးများထက် ကျန်းချန်ကပိုမိုလှပ
ချောမောပေသည်။ထို့ကြောင့်လည်း အနိုင်
ကျင့်ခံရခြင်းဖြစ်သည်။

ရွှမ်းလင် : “ဆံပင်တွေတောင်ရှည်နေပြီပဲ
အမ ညှပ်ပေးမယ်”

ကျန်းချန်သည် သူ့အမညှပ်ပေးသည်ကို
အသာအယာငြိမ်ခံနေပြီးနောက် ချော
မောသည့်မျက်နှာမှာပိုမိုကြည့်ကောင်း
လာသည်။

ကျန်းချန်(ခေါင်းကိုငုံ့ကာအသံသေးသေးလေးဖြင့်) : “ မမ မိထွေးမလုပ်ပါနဲ့နော်”

ရွှမ်းလင်(ပြုံးလျက်) : “ဘာဖြစ်လို့လဲ မောင်
လေးရဲ့”

“သူများတွေပြောကြတာက မိထွေးဆိုတာ
စုန်းမကြီးတဲ့”

“ဟုတ်လား? ဒါဆို ကျန်းချန်လေးက မမကို
စုန်းမဖြစ်မှာစိုးရိမ်နေတာလား?”

ထိုအခါကျန်းချန်ကဘာမှမပြောပဲတိတ်
ဆိတ်နေသည်။

ရွှမ်းလင် : “ သေချာနားထောင်နော် မောင်
လေး ကလေးဆိုတာကလေးလိုပဲနေရတယ်
ကျန်တာ မမကကြည့်လုပ်မှာပေါ့ မမကိုယုံ
တယ်မလား?”

“မမကစုန်းမဖြစ်လာရင်တောင် မောင်လေး
ကိုတော့မစားပါဘူး”

ထိုသို့စလိုက်သောအခါ ကျန်းချန်မှာစူပုတ်
သွားသည်။

ရွှမ်းလင် : “...........”

တခါတလေ ကလေးများ ဘာစဉ်းစားနေ
သည်ကိုသူမတွေးလို့မရပေ။

ကျန်းချန်သည် သူမအင်္ကျီလက်အားအား
ဖြင့်ဆွဲထားသောကြောင့် ရွှမ်းလင်ပိုရယ်
ချင်လာသည်။
“ဘာတွေပဲဖြစ်ဖြစ် မမကတော့မပြောင်းလဲ
ဘူးနော်”

ကျန်းချန် : “.........”

ကျန်းချန်စဉ်းစားနေသည်မှာ သူ့အမစုန်းမ
ဖြစ်လာလျှင် သူ့အားဘယ်သူမှအနိုင်ကျင့်
ရဲတော့မည်မဟုတ်သော်လည်း
ကြောက်ရွံ့မိသည်။

“စုန်းမတွေကကလေးတွေရဲ့ အသည်းတွေကို
စားတယ်ဆို??”

ထို့နောက် သူတို့ရှေ့က ဝက်တကောင်လုံး
ကိုကြည့်ကာကျန်းချန် တံတွေးမြိုချလိုက်
မိသည်။

ပုံမှန်ဆိုလျှင် ပွဲတော်ရှိသောအခါမှ အသား
ကြီးငါးကြီးစားရခြင်းဖြစ်သည်။

“ဟူတ်တယ် စုန်းမကကလေးတွေရဲ့အသည်း
ကိူမစားပဲ ဝက်သားပဲစားလို့ရတာပဲ”

ရွှမ်းလင်သည်လည်း သူမ၏မောင်လေးနှင့်
အတူထိုဝက်တကောင်လုံးအားသေချာ
စိုက်ကြည့်နေသည်။

စားချင်လိူက်တာ…. အသားမစားရတာကြာ
ပြီ…..

ရွှမ်းလင်အနေဖြင့် ဝက်သားအားစားချင်
စိတ်အရမ်းပြင်းပြနေလိမ့်မည်ဟုတွေးမထား
ခဲ့ပေ။

လွန်ခဲ့သောနှစ်ဝက်ကသူမသည် 1990 ခုနှစ်
တွင်မွေးဖွားသည့် ရွှမ်းလင်အဖြစ်ရှိနေခဲ့
သည်။

သူမသည် အသက်၂၉နှစ်ရှိပြီဖြစ်ပြီး ၅နှစ်
အရွယ်ကတည်းက ပန်းချီဆွဲသင်ခဲ့သော
ကြောင့် အသက်၂၁နှစ်တွင် အနုပညာကျောင်းမှဘွဲ့ရရှိခဲ့ပြီးဖြစ်သည်။

သူမသည် လိုင်းပေါ်တွင် နာမည်ကြီးဂိမ်း
ကာရိုက်တာဆွဲပန်းချီဆရာတယောက်
ဖြစ်သည်။

နှစ်အတော်ကြာကြိုးစားပြီးနောက် သူမ
ထိုနယ်ပယ်တွင်နေရာတခုရလာခဲ့သည်။

ထိုနယ်ပယ်တွင်အပြိုင်အဆိုင်အရမ်းများ
သောကြောင့် ၂၈နှစ်တွင် အရှုံးနှင့်ရင်ဆိုင်
ခဲ့ရသည်။

တချိန်တည်းမှာပင် နှစ်ပေါင်းများစွာနေ့နေ့
ညညမအိပ်ပဲကြိုးစားခဲ့သောကြောင့်
ရုတ်တရက်လဲကျကာခွဲစိတ်ခန်းဝင်လိုက်ရ
သည်။ထိုအခါ ဆရာဝန်က သူမအားသေ
ချာအနားယူခိုင်းသည်။

လွန်ခဲ့သောခုနှစ်နှစ်ကတည်းက ပိုက်ဆံစု
ခဲ့သောကြောင့် ယခုဆိုလျှင် သူမ ဇိမ်ခံ
အိမ်ကြီးအားဝယ်ယူခဲ့ပြီးဖြစ်သည်။

ထို့နောက် သူမသည် မြို့ပြလူနေမှုဘဝ
အားစိတ်ပျက်ကာ ပြောင်းရွှေ့ဖို့ဆုံးဖြတ်
လိုက်သည်။

ထို့ကြောင့် သူမသည်ကျေးလက်ဒေသမှ
အိမ်လေးအားရှစ်နှစ်စာငှားလိုက်ပြီး
ချက်ပြုတ်နေထိုင်သည်ကိုvlogရိုက်ကာ
ချန်နယ်တခုတွင်တင်ဖို့ဆုံးဖြတ်ထားသည်။

ဘယ်သူကထင်ထားမှာလဲ???

သူမစပြောင်းလာသည့်နေ့တွင် သူမ
သည်1970ခုနှစ်ကကျန်းရွှမ်းလင်အဖြစ်
ပြောင်းသွားသည်။

ထို့နောက် လေးနှစ်အရွယ် မောင်တယောက်
ကိုပါအပိုရလိုက်သည်။

မိဘများဆုံးပါးပြီးနောက် ကျန်းမောင်နှမ
သည် အဒေါ်ဖြစ်သူ ကျန်းချောင်ဖူတို့မိ
သားစုနှင့်အတူနေထိုင်သည်။သူတို့တွင်
သားသမီးးနှယောက်ရှိသည်။

သားဖြစ်သူသည် နိုင်ငံပိုင်စက်ရုံတခုတွင်
အလုပ်လုပ်နေပြီး သမီးဖြစ်သူ ကျန်းဟုန်ပင်
သည် ရွှမ်းလင်နှင့်သက်တူရွယ်တူပင်
ဖြစ်သည်။

သူတို့မောင်နှမသည်ထိုမိသားစု၏အနိုင်
ကျင့်ခြင်းကိုအမြဲခံရတတ်သည်။ကျန်း
ချန်၏ကောလဟာသသည်လည်း အဒေါ်
၏ယောက်ျားဖြစ်သူ လီ အာဟွာ၏
ပါးစပ်မှထွက်လာခြင်းဖြစ်သည်။

လွန်ခဲ့သောနှပတ်ခန့်က ရွှမ်းလင်သည်ဟုန်
ပင်နှင့်ရေခပ်သွားရင်းချော်လဲရာမှ
မေ့မြောသွားကာပြန် နိုးထလာချိန်တွင်
တခြားရွှမ်းလင်ဖြစ်လာခဲ့သည်။

ထို့နောက် နိုင်ငံတော်မှအလုပ်သမား လယ်သမားနှင့်စစ်သည်ဟုခွဲထားသည်ံ သွားရောက်ရမည့်
တက္ကသိုလ်အားကြေညာသည်။
ထိုနာမည်စာရင်းတွင်ကျန်းရွှမ်းလင်ပါရ
မည်ဖြစ်သည်။

သို့သော် အမှန်တကယ်ကြေညာလိုက်
သည့်သူက ….

ရွှယ်နင်နင် ဖြစ်နေခဲ့သည်။

(ဆက်ရန်)

Chapter - 1
(က်န္း႐ႊမ္းလင္ကဘယ္သူလဲ?)

1971, Marchလကုန္ေန႕တေန႕

မေန႕ညက မိုးသည္းထန္စြာ႐ြာသြန္းေသာ
ေၾကာင့္ တ႐ုတ္ဆီးပင္ေလးသည္ခ်က္ခ်င္း
ဖူးပြင့္ေဝဆာလာသည္။

ႏွစ္ၾကာရွည္စြာတည္ရွိေနသည့္ ထင္ရႈးပင္
ႀကီးမွာလည္း အကိုင္းအခက္မ်ားေဝေဝ
ဆာဆာျဖစ္ေနသည္။

သစ္႐ြက္စိမ္းမ်ားသည္ ေလတိုက္ေသာ
ေၾကာင့္ ဟိုဟိုဒီဒီ ယိမ္းယိုင္လႈပ္ရွားေန
သည္။

ထိုအခ်ိန္တြင္ က်န္း႐ႊမ္းလင္တေယာက္
ေရထမ္းကာ လမ္းေလွ်ာက္လာခဲ့သည္။

သူမသည္ နီညိုေဖ်ာ့ေရာင္ဝတ္စုံေလးကို
ဝတ္ဆင္ထားၿပီး ခါးသိမ္ေလးေၾကာင့္
ပိုမိုအလွေသြးႂကြယ္ေနေတာ့သည္။
သူမသည္ လမ္းေလွ်ာက္ရင္း မ်က္စိမွာ
လည္း တေနရာမွတေနရာၾကည့္ေနသည္။

ထိုအခ်ိန္တြင္အသက္၂၀အ႐ြယ္ ပညာတတ္
ေကာင္ေလးႏွေယာက္သည္ သူတို႔ေရွ႕တြင္
ျဖတ္သြားသည့္ ႐ႊမ္းလင္အား ေသခ်ာ
ၾကည့္လိုက္သည္။

ေပါက္တူးကိုင္ထားသည့္ေကာင္ေလးသည္
သူမအားကူညီရန္အေျပးလာဖို႔လုပ္ေသာ္
လည္းေဘးနားမွတေယာက္က ဇြတ္အတင္း
ဆြဲေခၚသြားသည္။
“သြားၾကမယ္ ငါတို႔အလုပ္ရွိေသးတယ္”

ထိုေကာင္ေလးသည္ ေရွ႕ဆက္ေလွ်ာက္
ေနရေသာ္လည္း မ်က္လုံးမွသူမအား
မခြာနိုင္ေသး။

အေဒၚေဆာင္သည္ ထ်န္က်န္းလမ္းမႀကီး
၏တဖက္တြင္ ထိုျမင္ကြင္းအားေသခ်ာ
ျမင္လိုက္သည္။

ထို႔ေနာက္ ေဘးရွိ ဝက္စာမ်ားကိုသယ္လာ
ေသာအမ်ိဳးသမီးအားေျပာလိုက္သည္။

“က်န္းအိမ္ကေကာင္မေလးကသနားစရာ
ေကာင္းလိုက္တာ”

“ဟုတ္တယ္ သူက စိုက္ပ်ိဳးေရးတကၠသိုလ္
တက္ရမယ္လို႔ထင္ေနတာ ဒါေပမဲ့ဒီလိုမ်ိဳး
ျဖစ္လိမ့္မယ္လို႔ ဘယ္သူကထင္မွာလဲ?”

“တခ်ိဳ႕အရာေတြက ေရွာင္လႊဲလို႔မွမရတာပဲ”

“ဒါေပမဲ့လည္း သူစဥ္းစားရမွာေပါ့ ဒီလို
ငယ္ငယ္ေခ်ာေခ်ာေလးက ဘယ္လိုလုပ္ၿပီး
မိေထြးျဖစ္လာမွာတဲ့လဲ??”

“သူ႕မိဘေတြေသၿပီး အေဒၚ မိသားစုနဲ႕ေနေန
ရတာကို သူကဘယ္လိုလုပ္ဆုံးျဖတ္ခြင့္ရွိ
မွာတဲ့လဲ?”

“လီ အာဟြာကလည္း ဘာလို႔သူ႕သမီးနဲ႕က်
မေပးစားတာလဲမသိဘူး”

တဖက္တြင္…..

“သနားစရာေကာင္းလိုက္တာ သနားစရာ
ေကာင္းလိုက္တာ”

“မင္းအစ္မကမိေထြးျဖစ္လာေတာ့မယ္”

“မိေထြးဆိုတာစုန္းမပဲကြ”

ေလးႏွစ္အ႐ြယ္ ေကာင္ေလးအား ခုႏွစ္ ႏွစ္
အ႐ြယ္ကေလးမ်ားမွ ႐ြံ႕မ်ားႏွင့္ပစ္ေပါင္
ကာစေနာက္ေနၾကသည္။

“ငါ့အမကိုဒီလိုမေျပာၾကနဲ႕”

“မင္းမိဘေတြကလည္းမင္းေၾကာင့္ေသခဲ့
ရတာ အခုလည္းမင္းအမက မိေထြးျဖစ္
လာေတာ့မယ္”

“မိေထြးဆိုတာ ကေလးေတြအသည္းကို
စားတဲ့စုန္းမပဲ”

“အားလုံးပဲ သူ႕နားကိုမကပ္ၾကနဲ႕”

အဆိုးဆုံးေကာင္ေလးတေယာက္သည္ သူ႕
အားေျပာဆိုရယ္ေမာရင္းႏွင့္ပင္ ႐ြံ႕မ်ား
ႏွင့္ပစ္ေပါက္ေနသည္။

“ဒါ ဘာလုပ္ေနၾကတာလဲ?”

ထိုအသံေၾကာင့္ကေလးမ်ားလန႔္သြားကာ
ထြက္ေျပးသြားၾကသည္။

“ေျပးၾက သူ႕အမလာေနၿပီ!!!”

က်န္း ႐ႊမ္းလင္သည္ ေရပုံးကိုခ်ကာ
အနိုင္က်င့္ေနသည့္ေကာင္ေလးအား႐ႊံမ်ား
ေပက်ံေနေအာင္ ျပန္သုတ္လိုက္သည္။

ထိုအခါ ကေလးမ်ားကထိုျမင္ကြင္းအား
ၾကည့္ကာ ရယ္ေမာၾကသည္။

က်န္း႐ႊမ္းလင္ : “.........”

ထိုအခါ လူႀကီးတေယာက္ေရာက္လာကာ
“ကေလးေတြပဲဟာ ဘာကိစၥဂ႐ုစိုက္ေနရတာ
လဲ?” ဟုေမးလိုက္သည္။

ဒါ သူတို႔ကေလးမဟုတ္လို႔ေျပာနိုင္ၾကတာ
ပဲ!!!!!!

က်န္း႐ႊမ္းလင္ : “ ဒါကဘယ္လိုအျပဳအမူ
လဲ?? ဒီလိုမ်ိဳးကို ဘုရားသခင္ကလက္ပိုက္
ၾကည့္ေနလိမ့္မယ္လို႔ထင္ေနလား??? ျပန္
ဒဏ္ခတ္ခံရမွာပဲ”

ထို႔ေနာက္ သူမသည္ ကေလးအားခ်ီကာ
ျပန္လွည့္ထြက္လာခဲ့သည္။

“မမ…..”

က်န္း႐ႊမ္းလင္သည္ ေမာင္ျဖစ္သူအား
အိမ္ေလးထဲသို႔ခ်ီေခၚလာခဲ့သည္။

က်န္းခ်န္သည္သူ႕အမသုတ္ေပးေနသည္
ကိုအသာၿငိမ္ခံေနၿပီးေမးသည္။

“မမ သားက လူသတ္သမားမဟုတ္ပါဘူး”

႐ႊမ္းလင္ : “ေသခ်ာတာေပါ့ ေမာင္ေလးရဲ႕”

က်န္းေမာင္ႏွမ၏မိဘမ်ားမွာ ေသဆုံးသြား
ၾကၿပီျဖစ္သည္။ဖခင္ျဖစ္သူသည္ တခါက
အဖြဲ႕အစည္းတခု၏ထုတ္လုပ္ေရးမႉးတ
ေယာက္ျဖစ္သည္။သို႔ေသာ္ ႐ြာထဲရွိ
ေရေပးေဝေရးအတြက္ေဆာင္႐ြက္ခ်ိန္တြင္
မေတာ္တဆမႈျဖစ္ကာေသဆုံးသြားခဲ့သည္။

ထိုအခ်ိန္တြင္ မိခင္ျဖစ္သူမွာက်န္းခ်န္အား
ကိုယ္ဝန္လြယ္ထားရဆဲျဖစ္သည္။သူ႕အေမ
မွာလည္း က်န္းခ်န္အားေမြးၿပီးေသဆုံး
သြားခဲ့ျပန္သည္။

ထို႔ေၾကာင့္ပင္ တ႐ြာလုံးကက်န္းခ်န္အား
လူသတ္သမားေလးဟု ဝိုင္းဝန္းသမုတ္
ၾကျခင္းျဖစ္သည္။

က်န္းခ်န္မွာမူ လွပၿပီးခ်စ္စရာေကာင္း
သည့္႐ုပ္ရည္သြင္ျပင္ရွိသည္။ထို႔ေၾကာင့္
မသိသူမ်ားကဆို သူ႕အားမိန္းကေလးဟူ
ထင္ၾကသည္။

အမွန္တကယ္ဆိုလွ်င္လည္း႐ြာထဲမွ
မိနိးကေလးမ်ားထက္ က်န္းခ်န္ကပိုမိုလွပ
ေခ်ာေမာေပသည္။ထို႔ေၾကာင့္လည္း အနိုင္
က်င့္ခံရျခင္းျဖစ္သည္။

႐ႊမ္းလင္ : “ဆံပင္ေတြေတာင္ရွည္ေနၿပီပဲ
အမ ညွပ္ေပးမယ္”

က်န္းခ်န္သည္ သူ႕အမညွပ္ေပးသည္ကို
အသာအယာၿငိမ္ခံေနၿပီးေနာက္ ေခ်ာ
ေမာသည့္မ်က္ႏွာမွာပိုမိုၾကည့္ေကာင္း
လာသည္။

က်န္းခ်န္(ေခါင္းကိုငုံ႕ကာအသံေသးေသးေလးျဖင့္) : “ မမ မိေထြးမလုပ္ပါနဲ႕ေနာ္”

႐ႊမ္းလင္(ၿပဳံးလ်က္) : “ဘာျဖစ္လို႔လဲ ေမာင္
ေလးရဲ႕”

“သူမ်ားေတြေျပာၾကတာက မိေထြးဆိုတာ
စုန္းမႀကီးတဲ့”

“ဟုတ္လား? ဒါဆို က်န္းခ်န္ေလးက မမကို
စုန္းမျဖစ္မွာစိုးရိမ္ေနတာလား?”

ထိုအခါက်န္းခ်န္ကဘာမွမေျပာပဲတိတ္
ဆိတ္ေနသည္။

႐ႊမ္းလင္ : “ ေသခ်ာနားေထာင္ေနာ္ ေမာင္
ေလး ကေလးဆိုတာကေလးလိုပဲေနရတယ္
က်န္တာ မမကၾကည့္လုပ္မွာေပါ့ မမကိုယုံ
တယ္မလား?”

“မမကစုန္းမျဖစ္လာရင္ေတာင္ ေမာင္ေလး
ကိုေတာ့မစားပါဘူး”

ထိုသို႔စလိုက္ေသာအခါ က်န္းခ်န္မွာစူပုတ္
သြားသည္။

႐ႊမ္းလင္ : “...........”

တခါတေလ ကေလးမ်ား ဘာစဥ္းစားေန
သည္ကိုသူမေတြးလို႔မရေပ။

က်န္းခ်န္သည္ သူမအကၤ်ီလက္အားအား
ျဖင့္ဆြဲထားေသာေၾကာင့္ ႐ႊမ္းလင္ပိုရယ္
ခ်င္လာသည္။
“ဘာေတြပဲျဖစ္ျဖစ္ မမကေတာ့မေျပာင္းလဲ
ဘူးေနာ္”

က်န္းခ်န္ : “.........”

က်န္းခ်န္စဥ္းစားေနသည္မွာ သူ႕အမစုန္းမ
ျဖစ္လာလွ်င္ သူ႕အားဘယ္သူမွအနိုင္က်င့္
ရဲေတာ့မည္မဟုတ္ေသာ္လည္း
ေၾကာက္႐ြံ႕မိသည္။

“စုန္းမေတြကကေလးေတြရဲ႕ အသည္းေတြကို
စားတယ္ဆို??”

ထို႔ေနာက္ သူတို႔ေရွ႕က ဝက္တေကာင္လုံး
ကိုၾကည့္ကာက်န္းခ်န္ တံေတြးၿမိဳခ်လိဳက္
မိသည္။

ပုံမွန္ဆိုလွ်င္ ပြဲေတာ္ရွိေသာအခါမွ အသား
ႀကီးငါးႀကီးစားရျခင္းျဖစ္သည္။

“ဟူတ္တယ္ စုန္းမကကေလးေတြရဲ႕အသည္း
ကိူမစားပဲ ဝက္သားပဲစားလို႔ရတာပဲ”

႐ႊမ္းလင္သည္လည္း သူမ၏ေမာင္ေလးႏွင့္
အတူထိုဝက္တေကာင္လုံးအားေသခ်ာ
စိုက္ၾကည့္ေနသည္။

စားခ်င္လိူက္တာ…. အသားမစားရတာၾကာ
ၿပီ…..

႐ႊမ္းလင္အေနျဖင့္ ဝက္သားအားစားခ်င္
စိတ္အရမ္းျပင္းျပေနလိမ့္မည္ဟုေတြးမထား
ခဲ့ေပ။

လြန္ခဲ့ေသာႏွစ္ဝက္ကသူမသည္ 1990 ခုႏွစ္
တြင္ေမြးဖြားသည့္ ႐ႊမ္းလင္အျဖစ္ရွိေနခဲ့
သည္။

သူမသည္ အသက္၂၉ႏွစ္ရွိၿပီျဖစ္ၿပီး ၅ႏွစ္
အ႐ြယ္ကတည္းက ပန္းခ်ီဆြဲသင္ခဲ့ေသာ
ေၾကာင့္ အသက္၂၁ႏွစ္တြင္ အႏုပညာေက်ာင္းမွဘြဲ႕ရရွိခဲ့ၿပီးျဖစ္သည္။

သူမသည္ လိုင္းေပၚတြင္ နာမည္ႀကီးဂိမ္း
ကာရိုက္တာဆြဲပန္းခ်ီဆရာတေယာက္
ျဖစ္သည္။

ႏွစ္အေတာ္ၾကာႀကိဳးစားၿပီးေနာက္ သူမ
ထိုနယ္ပယ္တြင္ေနရာတခုရလာခဲ့သည္။

ထိုနယ္ပယ္တြင္အၿပိဳင္အဆိုင္အရမ္းမ်ား
ေသာေၾကာင့္ ၂၈ႏွစ္တြင္ အရႈံးႏွင့္ရင္ဆိုင္
ခဲ့ရသည္။

တခ်ိန္တည္းမွာပင္ ႏွစ္ေပါင္းမ်ားစြာေန႕ေန႕
ညညမအိပ္ပဲႀကိဳးစားခဲ့ေသာေၾကာင့္
႐ုတ္တရက္လဲက်ကာခြဲစိတ္ခန္းဝင္လိုက္ရ
သည္။ထိုအခါ ဆရာဝန္က သူမအားေသ
ခ်ာအနားယူခိုင္းသည္။

လြန္ခဲ့ေသာခုႏွစ္ႏွစ္ကတည္းက ပိုက္ဆံစု
ခဲ့ေသာေၾကာင့္ ယခုဆိုလွ်င္ သူမ ဇိမ္ခံ
အိမ္ႀကီးအားဝယ္ယူခဲ့ၿပီးျဖစ္သည္။

ထို႔ေနာက္ သူမသည္ ၿမိဳ႕ျပလူေနမႈဘဝ
အားစိတ္ပ်က္ကာ ေျပာင္းေ႐ႊ႕ဖို႔ဆုံးျဖတ္
လိုက္သည္။

ထို႔ေၾကာင့္ သူမသည္ေက်းလက္ေဒသမွ
အိမ္ေလးအားရွစ္ႏွစ္စာငွားလိုက္ၿပီး
ခ်က္ျပဳတ္ေနထိုင္သည္ကိုvlogရိုက္ကာ
ခ်န္နယ္တခုတြင္တင္ဖို႔ဆုံးျဖတ္ထားသည္။

ဘယ္သူကထင္ထားမွာလဲ???

သူမစေျပာင္းလာသည့္ေန႕တြင္ သူမ
သည္1970ခုႏွစ္ကက်န္း႐ႊမ္းလင္အျဖစ္
ေျပာင္းသြားသည္။

ထို႔ေနာက္ ေလးႏွစ္အ႐ြယ္ ေမာင္တေယာက္
ကိုပါအပိုရလိုက္သည္။

မိဘမ်ားဆုံးပါးၿပီးေနာက္ က်န္းေမာင္ႏွမ
သည္ အေဒၚျဖစ္သူ က်န္းေခ်ာင္ဖူတို႔မိ
သားစုႏွင့္အတူေနထိုင္သည္။သူတို႔တြင္
သားသမီးးႏွေယာက္ရွိသည္။

သားျဖစ္သူသည္ နိုင္ငံပိုင္စက္႐ုံတခုတြင္
အလုပ္လုပ္ေနၿပီး သမီးျဖစ္သူ က်န္းဟုန္ပင္
သည္ ႐ႊမ္းလင္ႏွင့္သက္တူ႐ြယ္တူပင္
ျဖစ္သည္။

သူတို႔ေမာင္ႏွမသည္ထိုမိသားစု၏အနိုင္
က်င့္ျခင္းကိုအၿမဲခံရတတ္သည္။က်န္း
ခ်န္၏ေကာလဟာသသည္လည္း အေဒၚ
၏ေယာက္်ားျဖစ္သူ လီ အာဟြာ၏
ပါးစပ္မွထြက္လာျခင္းျဖစ္သည္။

လြန္ခဲ့ေသာႏွပတ္ခန႔္က ႐ႊမ္းလင္သည္ဟုန္
ပင္ႏွင့္ေရခပ္သြားရင္းေခ်ာ္လဲရာမွ
ေမ့ေျမာသြားကာျပန္ နိုးထလာခ်ိန္တြင္
တျခား႐ႊမ္းလင္ျဖစ္လာခဲ့သည္။

ထို႔ေနာက္ နိုင္ငံေတာ္မွအလုပ္သမား လယ္သမားႏွင့္စစ္သည္ဟုခြဲထားသည္ံ သြားေရာက္ရမည့္
တကၠသိုလ္အားေၾကညာသည္။
ထိုနာမည္စာရင္းတြင္က်န္း႐ႊမ္းလင္ပါရ
မည္ျဖစ္သည္။

သို႔ေသာ္ အမွန္တကယ္ေၾကညာလိုက္
သည့္သူက ….

႐ႊယ္နင္နင္ ျဖစ္ေနခဲ့သည္။

(ဆက္ရန္)

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now