Chapter 31

306 38 1
                                    

Chapter31
Yamin AungOctober 18, 2023
အပိုင်း (၃၁)

သိရဲ့သားနဲ့ မမေးနဲ့



ဝမ်ရွှယ်ရှု တစ်ယောက် သူမရှေ့က ကျန်းရွှမ်းလင်ကို ကြည့်ပြီး မေးပြုတ်ကျမတတ် ထိတ်လန့်သွားလေ သည်။

ကျန်းရွှမ်းလင် ကိုယ်တိုင်လည်း တစ်ဖက်လူရဲ့ အပိုလုပ်တုံ့ပြန်မှုကြောင့် လန့်သွားရသည်။ ဘာလား။ ဒါက အဲ့လောက်တောင် ကြားလို့ မကောင်းတဲ့ စကားလား။

သူမ မျက်နှာသေနဲ့ ပြန်နေလိုက်ပြီး ချီဟန်လိုမျိုး ခက်ထန်တဲ့ မျက်နှာ လုပ်ထားလိုက်သည်။

- တကယ် လက်မခံချင်စရာပဲလေ။

ကျန်းရွှမ်းလင် တစ်ဖက်လူ သူမကို ကြောက်သွားမှာ စိုးရိမ်တာကြောင့် မျက်လုံးကို လှည့်လိုက်ပြီး တမင် စကားစလိုက်သည်။

“တကယ်တော့ မိသားစုကို ကာကွယ်နေတဲ့ စစ်သားတွေက ကျွန်မတို့လို သာမန်လူတွေအတွက် ချစ်စရာ ကောင်းတဲ့ သူတွေပဲ မဟုတ်ဘူးလား”

ဝမ်ရွှယ်ရှု “....”

သူမ ပြောချင်တဲ့ စကားလုံးတော့ မဟုတ်ပေမယ့်

ကျန်းရွှမ်းလင်ပြောတဲ့ အကြောင်းအရာက လက်ခံနိုင်ပြီး ငြင်းဆိုလို့မရတဲ့ အနေအထားဖြစ်သည်။

သူမ မတတ်နိုင်စွာနဲ့ တစ်ဖက်လူရဲ့ စကားကြောမှာမြောသွားရင်း...

“ဒါဆို တို့ရဲ့ လူအိုကြီးကလဲ ချစ်ဖို့ကောင်းတာပေါ့နော်”

ထိုစကားပြောပြီးတဲ့နောက် ဝမ်ရွှယ်ရှု တုန်ယင်သွားသည်။

မေမေရေ..မထိတ်သာမလန့်သာရှိလိုက်တာ။

ကျန်းရွှမ်းလင် “...”

ဘာအတွက် ...

အကသင်ပြီးနောက် မကဘဲ မနေနိုင်တော့တဲ့ သဘောမျိုးလား။

ကျန်းရွှမ်းလင်နဲ့ ဝမ်ရွှယ်ရှုတို့ ကားထဲရောက်တာနဲ့ ကားခေါင်းခန်းက စစ်ဝတ်စုံနဲ့ ကောင်လေးက နှုတ်ဆက်ပြီး ကားကို ငြိမ်သက်စွာ မောင်းလေသည်။

“ရှေ့မှာ လမ်းနည်းနည်း ကြမ်းပါမယ်ဗျ မဒမ်တို့”

သတိထား၍ ပြောလေသည်။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now