Chapter 23

339 45 1
                                    

Chapter23
Yamin AungOctober 06, 2023
အခန်း ( ၂၃ ) : တခြားလူတွေ နောင်ကြဉ်သွားအောင် သူတို့ရှေ့မှာ နမူနာတစ်ခု ပြလိုက်ပါ။

မျှစ်များ ထည့်ထားသော ပလိုင်း တစ်လုံးသည် ခြံဝင်းထဲ၌ စုပုံနေခဲ့၏။ ကျန်းရွှမ်းလင်သည် ခုံရှည် ခပ်သေးသေးကို ဆွဲယူကာ မျှစ်များကို ထိုင်အခွံနွှာနေမိသည်။သူမ၏ လှုပ်ရှားမှုများမှာ ပထမပိုင်း‌၌ နှေးကွေးနေသော်ငြား တဖြည်းဖြည်းနှင့် ပိုမို သွက်လက်ချောမွေ့လာခဲ့ပြီး မျှစ်၏ အပေါ်ယံ အညိုရောင် အဖတ်များသည် သူမ၏ ပေါင်ပေါ်သို့ လျှောကျလာကြသည်။

ခြင်းတောင်းထဲ၌ ကျောက်စိမ်းကဲ့သို့ စိမ်းစိုလတ်ဆတ်သော မျှစ်များ မို့မောက်လျက်ရှိနေကြ၏။

ကျန်းရွှမ်းလင်သည် မျှစ်စို့များကို ကျောပေါ်၌ ပလိုင်းနှင့် လွယ်ကာ ပြန်လာခဲ့စဉ်က လမ်း၌ မြက်ပင် အနည်းငယ်ကိုလည်း ဖြတ်ယူလာခဲ့သည်။ပုတုတု ကျောက်ဖရုံသီးလေးနှစ်လုံးသဖွယ် ဖြစ်နေသော ကျန်းချန်နှင့် ချီယွမ်တို့သည် ယုန်ဖြူကလေးအား မြက်စာကျွေးရန် သစ်သားသေတ္တာနံဘေး၌ တိုးဝှေ့နေကြ၏။

နှင်းကဲ့သို့ ဖြူစွတ်နေသော ယုန်လေးသည် သေတ္တာထောင့်၌ ဝပ်ကာ ပါးစပ်လေးဟလျက် မြက်ကို တမြုံ့မြုံ့ ကိုက်ဝါးနေပြီး မျက်လုံးရဲရဲလေးများမှာလည်း နေရောင်အောက်၌ အလွန် ဝိုင်းစက်နေခဲ့သည်။အထူးစစ်သည်တော် ယုန်လေးသည်ပင် အစားစားချိန်၌မူ သာမန်ယုန်ကလေးတစ်ကောင်ကဲ့သို့သာ အလားသဏ္ဍာန် တူနေပါတော့၏။

ပုတုတု ကျောက်ဖရုံသီးလေးနှစ်လုံးသည် ယုန်လေးကို ကြည့်ရန် အတူတကွ ခေါင်းချင်းဆိုင်လိုက်ကြသည်။

ယုန်များသည် မြက်ရှိနေသရွေ့ စိတ်အခြေအနေ ကောင်းမွန်ကြကာ ကျောက်ဖရုံသီးလေးနှစ်လုံး၏ စူးစမ်း‌လိုစိတ်များ ပြည့်နှက်နေသော ၀င်း၀င်းတောက်နေသည့် မျက်လုံးများပင်လျှင် ယုန်လေး၏ အစာစားလိုစိတ်ကို မရပ်တန့်စေနိုင်ပါချေ။

သူတို့နှစ်ယောက်သည် အသက်ရွယ်တူဝန်းကျင်သာ ရှိသေးပြီး တော်စပ်မှုအားဖြင့်သာ တူဝရီးဖြစ်နေကြသော်ငြား စင်စစ်အားဖြင့်မူ  ရင်းနှီးသော သူငယ်ချင်းများဟူ၍ပင် သတ်မှတ်နိုင်ပါသေး၏။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now