Chapter 26

292 33 0
                                    

Chapter26
Yamin AungOctober 12, 2023
အပိုင်း (၂၆)

အပ်ချုပ်စက်



ကျန်းရွှမ်းလင် ပိတ်စ၊ အပ်၊ အပ်ချည်လုံး၊ ဘောပင်နဲ့ စာရွက် တွေကို ခြင်းအပြည့် ဝယ်ပြီး အစ်မ ဆုန် လမ်းညွှန်တဲ့အတိုင်း ဆရာရှုရဲ့ အိမ်ကိုသွားကာ တံခါးခေါက်လိုက်သည်။

ဆရာရှုရဲ့ ဇနီးဖြစ်သူ ကျန့်မေ့ဟုန်က အမှတ် (၃) တပ်မရဲ့  စစ်တက္ကသိုလ်တွင် အတော် ဆုံး စက်ချုပ်သမားဖြစ်သည်။ သူမတွင် အပ်ချုပ်စက်အဟောင်းတစ်လုံးရှိသည်ဟု ကြားဖူး သည်။

ထို အပ်ချုပ်စက်သည် တစ်လက်သုံးပြီး အပ်ချုပ်စက်ဖြစ်သော်ငြား စျေးတောင်မမေးဘဲ တစ်စုံတစ်ယောက်ကို ဝယ်ခိုင်းခဲ့ခြင်းဖြစ်သည်။ အဟောင်းပစ္စည်းဖြစ်သော်ငြား သူမက ထိုစက်ကို အတော်လေး တန်ဖိုးထားသည်။

ရှုအိမ်တော်ထဲ ဝင်လာချိန် အသီးအနှံစိုက်ခင်းက စိမ်းစိုစွာ ကြိုဆိုနေသည်။ တံခါးကနေ အဝင်လမ်းတစ်လျှောက် ငရုတ်ပွပင်တွေ စိုက်ထားကာ အချို့ဆို အသီးလေးတွေ သီးနေပြီ ဖြစ်သည်။ သူမ ခြံထဲကို လှည့်ပတ်ကြည့်လိုက်တော့ ကြက်ပေါက်လေးတွေသာ မွေးထား တာတွေ့ပြီး ယုန်တော့မတွေ့။

ကျန့်မေ့ဟုန်က အသက် ၃၀အရွယ်ရှိပြီဖြစ်ပြီး ဆံပင်အားလုံးကို အပြောင်သိမ်းထုံးဖွဲ့ထား တာကြောင့် သူမရဲ့ ခပ်လတ်လတ် အသားအရေရှိသော မျက်နှာနှင့် ထင်းနေသော ပါးမို့တို့ ကို ထင်သာမြင်သာရှိစေသည်။ သူမသည် အနည်းငယ်အရွယ်ရနေပုံပေါ်ပြီး အလွယ်တကူ ချဉ်းကပ်လို့ မရသော ပုံစံရှိသည်။

အပ်ချုပ်စက်ရှေ့တွင်ထိုင်နေပုံက အထည်ချုပ်စက်ရုံကအလုပ်သမားဟောင်းတစ်ယောက် နှင့်ပင် တူနေသည်။ လက်ဖဝါးတို့က ကြမ်းပုံရပေမယ့် လှုပ်ရှားနေပုံက ငြင်သာပြီး မြန်ဆန် လွန်းလှသည်။

ကျန်းရွှမ်းလင်ရဲ့ ရည်ရွယ်ချက်ကို နားထောင်ပြီးနောက် ကျန့်မေ့ဟုန်ကခေါင်းငြိမ့်ကာ သူမဘေးတွင် ရပ်ခိုင်းပြီး စက်ချုပ်နည်းကို သင်ပြပေးသည်။

သူမကတကယ်ကို ကွန်ဖူးပညာရပ်တစ်ခုလိုမျိုး စကားများများမပြောဘဲ စနစ်တကျဖြင့် ကျန်းရွှမ်းလင်ရှေ့မှာ အဆင့်ဆင့်သင်ပြပေးသွားသည်။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now