Chapter 17

411 48 1
                                    

Chapter 17
Yamin AungSeptember 22, 2023
Chapter - 17 (ပဲအနှစ်)



နေ့လည်ပိုင်း ဖြစ်သည်။

ရွမ်းလင်က နေ့လည်စာအတွက် အရွက်ကြော် နှစ်မျိုးကိုသာ ပြင်ဆင်လိုက်သည်။ ထမင်းဖြူနှင့်အရွက်ကြော်မှာ ရိုးရှင်းသော်လည်း ရွမ်းလင်ကအရွက်ကြော်ရာတွင် ဆီကို သေချာ သုံးထားတာကြောင့် ကလေးနှစ်ယောက်က

မြိန်ရေ ရှက်ရေ စားသောက်ကြသည်။

နေ့လည်စာ စားပြီးနောက်မှာတော့ ကလေး နှစ်ယောက်က ကစားကြသည်။

ထို့နောက် တရေးအိပ်ကြ၏။ ရွမ်းလင်ကတော့အင်္ကျီကိုသပ်သပ်ရပ်ရပ်ပြင်ဆင်ကာ အိမ်ပြင်သို့ထွက်လာခဲ့သည်။

ဆရာမ ယောင် ပြောပြသော စျေးသို့ သွားရန် ထွက်လာခြင်းဖြစ်သည်။



လမ်းတွင် သူမကဲ့သို့စစ်သားဇနီးများကိုတွေ့ရသည်။

သူတို့က ရွမ်းလင်နှင့် ပက်သက်၍ သိချင်တာတွေများနေသည်။ ထို့ကြောင့် ရွမ်းလင်အား သူတို့၏ အိမ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ကြ၏။ ရွမ်းလင်က ပြုံးလိုက်သည်။ ဤခေတ်မှလူများမှာ

အလွန်စိတ်အားထက်သန်ကြသည်ဟုလည်း တွေးလိုက်မိ၏။ သို့သော် သူတို့၏စကားတွေက

စစ်မှန်သည် ဖြစ်စေ၊ မမှန်သည် ဖြစ်စေ၊ ရွမ်းလင်ကဲ့သို့ လူသစ် တစ်ယောက်အတွက်တော့

စိတ်ထဲတွင် နွေးထွေးသွားရသည်။

ရွမ်းလင် စျေးသို့ ရောက်သွားသည်။ စျေးထဲတွင် ၀ယ်စရာ များများစားစား မရှိတော့။

အသားအနည်းငယ်သာ ကျန်သည်။ ထိုအချိန် ဆုန်ဟုအမည်ရသော အမျိုးသမီးမှာလည်း

စျေးလာ၀ယ်သည်။ သူမက အသားကိုခုတ်ခိုင်းပြီး တစ်ပေါင်အတိသာ ယူသည်။ သူမအတွက် ခုတ်ထစ်ပြီး

နောက်မှာတော့ အသားတုံးအသေးတစ်ခုသာကျန်၏။ သူမအနားမှာတော့ ကလေးသုံးယောက်ပါလာသည်။

ကလေးသုံးယောက်က ထိုအသားတုံးအား သေချာစိုက်ကြည့်နေကြသည်။

ရောင်းသူ (ပြုံးလျက်) "ကျန်တာအကုန်လုံး ယူသွားလိုက်ပါလား။ အားလုံးပေါင်းမှ တစ်ပေါင်တောင်

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now