Chapter 12

519 62 1
                                    

Chapter - 12 (ရောက်ရှိခြင်း)

တ၀ူး၀ူး မြည်နေသော ရထားမှာ ညအမှောင်ထဲတွင် ဆက်လက်ရွေ့လျားနေဆဲ ဖြစ်သည်။ ရထားအတွင်းရှိ မှေးမှိန်သော အလင်းရောင်မှာ အရိပ်ကျနေတာကြောင့် တစ်ယောက်နှင့် တစ်ယောက်မျက်နှာများအား သဲသဲကွဲကွဲ မမြင်ရ။ ရထားပေါ်မှနေလည်စာ စားပြီးသော ရွမ်းလင်က ရေတစ်ငုံသောက်လိုက်သည်။ ယခုခေတ်များနှင့် နှိုင်းယှဥ်ပါက ယခင်ခေတ်မှ အစားအစာများမှာ အတော်လေးကို ရိုးရှင်းလှသည်။ သို့သော် အရသာမှာတော့ အတော်ကောင်း၏။ ရထားပေါ်တွင်လိုက်ပါလာသည့်စာဖိုမှူးမှာလည်း နာမည်ကြီး စားသောက်ဆိုင်မှ ကျော်ကြားသော စာဖိုမှူး ဖြစ်သည်ဟု ဆိုကြသည်။

ညစာ စားချိန်တွင်တော့ ရွမ်းလင်က ထမင်းဗူး သုံးဗူးယူရန် ပြောလိုက်သည်။ သုံးဗူးဆိုသည့် ပမာဏမှာ များသော်လည်း အတူတူ မစားချင်ကြသည့် ကလေး နှစ်ယောက်အတွက် ထိုကဲ့သို့ ယူမှသာ အဆင်ပြေမည်ဖြစ်သည်။ သူမ ထင်သည့်အတိုင်းပါပဲ။ ထမင်းဗူးမှာ တစ်ဗူးတည်းနှင့်ပင် ပမာဏ များလွန်းသည်။ သူမရော ကလေး နှစ်ယောက်ပါ မနည်း ကုန်အောင် စားနေရသည်။ အလေအလွင့် မဖြစ်စေရန် အချိန်ယူပြီး ဖြည်းဖြည်းချင်း ၀ါးစားနေရ၏။ သူမဘေးရှိ ယောက်ျားသားမှာတော့ အချိန်ခဏလေးအတွင်းမှာပင် ပြောင်ရှင်းအောင် စားပြီးပြီဖြစ်သည်။ ထို့နောက် သူတို့ သုံးယောက်လုံးအား အေးစက်စွာ ကြည့်နေ၏။ 

ထိုအခိုက်အတန့်တွင် မီးရောင်ဖျော့ဖျော့အောက်ရောက်နေသည်ကို ရွမ်းလင် ကျေးဇူးတင်မိသွားသည်။ 
မဟုတ်ပါက ချီဟန်၏ အကြည့်တို့ကြောင့် သူမ ပြာပင်ကျသွားနိုင်၏။
ခေါင်းမာသည့် ချီယွမ်ပင် ဘာစကားမှ မပြောဘဲ ခေါင်းငုံ့ကာ ထမင်းစားနေသည်။

ခဏအကြာတွင်တော့ ကလေး နှစ်ယောက်မှာ သူတို့၏ သေးငယ်သော ထမင်းဗူးများအား ပြောင်ရှင်းအောင် စားပြီးကြပြီ ဖြစ်သည်။ ထိုအခြေအနေကပဲ ရွမ်းလင်အား ဇောချွေးထွက်စေသည်။ သူမက 
အများကြီး မစားနိုင်ပါ။ သို့သော် အစားအစာကိုလည်း မဖြုန်းတီးချင်ပေ။ ရွမ်းလင်က ခေါင်းမော့ကာ ချီဟန် ရှိရာသို့ ကြည့်လိုက်သည်။ အေးစက်သောအကြည့်တို့က သူမအား အမြန် စားရန် တိုက်တွန်းနေသည်။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now