Chapter 20

334 44 1
                                    

Chapter 20
CloverSeptember 27, 2023
Chapter - 20 (မလွယ်ကူပါ)

အခန်းတွင်း တိတ်ဆိတ်နေသည်။ ရေဒီယိုကတော့ ဖွင့်ထားဆဲ ဖြစ်သည်။

ရွမ်းလင် မေးလိုက်သည်က မော်ဒန်ခေတ်တွင် လူတစ်ယောက်၏ လုံခြုံရေးအရ ဖြစ်သည်။

ယခုခေတ် Power bank တွေတောင်မှ ပေါက်ကွဲနိုင်သည် မဟုတ်လား။ လက်လုပ် ရေဒီယိုသာဆို

ပို၍တောင် အန္တာရယ်များနိုင်သေးသည်။ ကြီးမားသော ထိခိုက်မှု မဖြစ်စေနိုင်မှန်း သိနေလျှင်တောင် 

သူမအနားမှာ ရှိနေသူထံမှ သေချာသည့် အဖြေကိုလိုချင်နေသည်။ 

ချီဟန် (မျက်ခုံးကိုပင့်၍ သူမအား ကြည့်လိုက်သည်)

"နိုး ... မင်း မသုံးချင်ရင်လည်း ဒီတိုင်း ထားလိုက်"

ချီဟန်က ရေဒီယိုကို ပိတ်လိုက်ကာ ထမင်းစားပွဲဆီသို့ ပြန်လျှောက်သွားသည်။ ထို့နောက် ခေါင်းငုံ့ကာ

ယုန်ပေါင်မုန့်ကိုသာ စားနေ၏။ ရေဒီယို ပိတ်လိုက်တာကြောင့် အခန်းတွင်း ပို၍ တိတ်ဆိတ်သွားသည်။ 

ကလေး နှစ်ယောက်မှာလည်း တစ်ခုခု မှားနေမှန်း ခံစားမိတာကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။

ချီဟန်က ခုံပေါ်တွင် မတ်မတ်ထိုင်နေသည်။ သူ့ရဲ့ရှည်လျားတဲ့ ခြေထောက်ကိုတော့ အရှေ့ဆန့်ထုတ်ထားသည်။ အေးစက်သော စိတ်ထားမှ လွဲ၍ ချီဟန်၏ ပုံစံမှာ နုပျို သိမ်မွေ့သော ခံစားချက်ကိုပေးစွမ်းနေ၏။ အဝေးမှ ကြည့်လျှင် ကောလိပ်ကျောင်းသားဟုပင် ထင်ရနိုင်သည်။

အမှန်ပင်။ ချီဟန်ဟာ အသက်မကြီးသေးပါ။ သူ၏ အသက်မှာ မှတ်ပုံတင်ထဲတွင်၂၅ နှစ်ဟု ပြောထားသော်လည်း တကယ်တမ်းမှာတော့ ၂၃ နှစ်သာ ရှိသေးသည်။ သူမကတော့ ၁၈ နှစ် ဖြစ်၏။

သို့သော် ဤခန္ဓာကိုယ်ထဲသို့ ရောက်မလာခင်တွင်သူမ၏ အသက်မှာ ၂၉ နှစ် ဖြစ်သည်။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now