Chapter 25

325 36 0
                                    

Chapter25
Yamin AungOctober 10, 2023

အပိုင်း (၂၅)

နားထောင်ပေး



ကျန်းရွှမ်းလင် ပုံတူပန်းချီကို ဆွဲပြီးသည်နှင့် သူမအဝတ်တွေထားသည့် အဝတ်ဗီဒိုထဲတွင် ဝှက်ထားခဲ့တာကို မှတ်မိသည်။ အဘယ့်‌ကြောင့်ဆိုသော် ထိုပန်းချီသည် အရေးကြီးသော အရာ မဟုတ်သလို သူတစ်ပါးကို ပြလို့လဲ အဆင်မပြေတာကြောင့် အမှတ်တရ အနေနဲ့သာ သိမ်းထားလိုက်ခြင်းဖြစ်သည်။

ပြီးတော့ သူမအဝတ်တွေ အောက်မှာ သိမ်းထားခဲ့တာ။

ကျန်းရွှမ်းလင်: “......”

သူမ သူခိုးလေး နှစ်ကောင်ကို စိုက်ကြည့်နေလိုက်သည်။ သည်ဗီဒိုထဲကပုံကို ဘယ်လိုများ ရှာ တွေ့ပြီး ထိပ်ဆုံးမှာ တင်ထားရသလဲ။

မိုင်းရှာတဲ့ ခွေးတွေတောင် သည်နှစ်ကောင်လောက် တော်မှာ မဟုတ်ဘူး။

ယခုကဲ့သို့ ရှာတွေ့ပြီး ချီဟန် မြင်သွားမယ်ဆိုတာသာ သိခဲ့ရင် သူမ အဲ့ပန်းချီကို အိမ်မှာဆွဲပြီး ကတည်းက လွှင့်ပစ်ခဲ့လိုက်ပြီး သည်ညကို အသစ်ကပြန်စလိုက်မည်။

ထို ချိုကြွပြီး ဆွဲထားတဲ့****ပုံတူပန်းချီက ပညာသားပါပါ ဆွဲထားတာမို့ သူမပုံဆိုတာ မသိသာပေမယ့် ကျန်းရွှမ်းလင် ရှက်ရွံ့ပြီး ‌ဒေါသထွက်မိသည်။

သူမ သွေးအေးအေးနဲ့: ဒါက လူဖြစ်ရှုံးခြင်း တစ်မျိုးပဲ ဖြစ်ရမည် ဟူ၍ တွေးလိုက်မိသည်။

ဘယ်လိုပုံစံက ပန်းချီမဆွဲသင့်ဘူးလည်း ဆိုတာမျိုးနဲ့ လူတကာရဲ့အသည်းနှလုံးကို ဖမ်းစား နိုင်တဲ့ အမျိုးသမီးငယ်လေး ပုံရိပ်ဆိုတာမျိုးကလည်း သူမ ကျိန်ဆိုရဲတယ် သူမ ဘဝမှာ ဘယ်သူ့ နှလုံးသားကိုမှ မဖမ်းစားနိုင်ခဲ့ဖူးပါ။

ရှင်းပြရင်တောင်မှ မထူးတော့တဲ့ အခြေအနေဖြစ်နေပြီ။

ကျန်းရွှမ်းလင် ပါးပြင် နှစ်ဖက်က ပူလောင်နေတာ ကြက်ဥတောင် ကြော်လို့ရတဲ့အထိပင်။ သူမနံဘေးက ချီဟန်တစ်ယောက် ရယ်နေသေးလားဆိုတာ လှည့်ကြည့်လိုက်တော့ ဖုံးကွယ်ထားခြင်း အလျင်းမရှိ ခပ်ယောင်ယောင်လေး ပြုံးနေသည်။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now