Chapter - 5 (စတင်တွေ့ဆုံခြင်း)
ရှုယွီဖန်း တို့ သားအမိ ကျန်းမိသားစုအိမ်သို့ရောက်သောအခါ အားလုံး လူစုံနေကြပြီဖြစ်သည်။
“အမလေး ချောလိုက်တာမှုန်နေတာပဲ လက်ထပ်ပြီးသွားပြီလား??”
ကောင်လေး : “ ကျွန်တော်က အရာရှိချီနဲ့အတူ
“ဟုတ်လား ဒါဆိုဘာလို့ လူတွေများနေရတာတုန်း အရာရှိချီဆိုတဲ့သူကရော ရောက်ပြီလား??”
ကျန့်ဟုန်မေ့သည် လင်ကျီချင်းကိုမြင်သောအခါ သူ့ကိုသာစိတ်ဝင်စားနေမိတော့သည်။
လင်ကျီချင်းသည် လူကောင်းတစ်ယောက်ဖြစ်ကာ အရပ်ရှည်ရှည် ခပ်ချောချောကောင်လေးဖြစ်သည်ဟု ကျန့်ဟုန်မေ့ လက်ခံထားသည်။ သို့သော် ယခုစစ်သားလေးကိုမြင်သောအခါ အရမ်းကွာခြား
နေသည်ကို သတိထားမိပေသည်။
အကယ်၍ ရွှမ်းလင်သည် အရာရှိချီကို လက်ထပ်ဖြစ်ခဲ့လျှင် သူ့လက်အောက်မှ ဤကောင်လေးနှင့်လည်းရင်းနှီးလာပေလိမ့်မည်။ ထို့ကြောင့် သေချာပေါက် ရွှမ်းလင်နှင့် ရင်းနှီးအောင်နေရမည်ဟု ဆုံးဖြတ်
လိုက်သည်။
“ဟေး အရာရှိ ချီရောက်လာပြီ!!!!!!”
ထိုသို့ပြောသံကြားသောအခါ အားလုံး လားရာတစ်ခုတည်းသို့ လှည့်ကြည့်ကြသည်။
“ဟမ် ပြောတော့ အရာရှိချီက စစ်သားလုပ်လာတာ အရမ်းကိုကြာပြီဆို!!!”
“အေးလေ အခုကြည့်ရတာလည်း ငါကမှ သူ့ထက်စစ်သားနဲ့ပိုတူသေးတယ်”
“တချို့လူတွေက ဆယ်ကျော်သက်အရွယ်ကတည်းက စစ်ထဲဝင်ကြတာလေ”
ယခုလို ခန့်ညားချောမော လှပသည့် ကောင်လေးအား မြင်လိုက်ရသောအခါ အားလုံး မနာလိုဖြစ်ကြပြီး ဂုဏ်ပြုစကားပင် မပြောနိုင်ကြပေ။
ဘေးနားရှိ လီအာဟွာမှာတော့ စိတ်အရမ်းတိုနေပြီဖြစ်သည်။
အောင်သွယ်တော်ဘက်မှ ချောမောသည်ဟု ပြောသော်လည်း တမင်အပြောကြီးနေသည်ဟုထင်ကာ သာမန်ရုပ်ရည်လောက်ပဲဟု သတ်မှတ်ထားခဲ့သည်။
ထို့နောက် လီအာဟွာသည် သူ့သမီးအား စိတ်တိုစွာတံတောင်ဆစ်နှင့်တို့လိုက်သည်။
ကျန်းချောင်ဖူ : “ဟုန်ပင် နင့်အမကို သွားခေါ်ချည် ဧည့်သည်တွေ ရောက်နေပြီလို့”
တစ်ဖက်ရှိအခန်းတွင် အပြင်မှ ဆူညံသံများကြောင့် ရွှမ်းလင်တစ်ယောက် အရာရှိချီ ရောက်လာသည်ကိုသိထားကာ စိတ်လှုပ်ရှားနေတော့သည်။
သို့သော် အရာရှိချီအား တွေ့လိုက်သောအခါ အလုံးစုံ သဘောပေါက်သွားသည်။
သူမခေတ်က နာမည်ကြီး မော်ဒယ်များအရှုံးပေးရလောက်သည်အထိ ခန့်ညားချောမောနေသည့် ကောင်လေးအားမြင်သည်နှင့် ချက်ချင်း ပုံဆွဲပေးမိချင်တော့သည်။
တစ်ဖက်ရှိအရာရှိချီသည်လည်း သူ့ရှေ့တွင် မတ်တတ်ရပ်နေသည့် ခန္ဓာကိုယ်အချိုးအစားသာမက ရုပ်ရည်သွင်ပြင်ပါ လှပသည့် ကလေးမလေးအား သေချာကြည့်နေသည်။
ကျန်းချောင်ဖူ : “အရာရှိချီ ဒါက ကျုပ်ရဲ့တူမအကြီးဆုံး ကျန်းရွှမ်းလင်ပါ”
ကျန်းချောင်ဖူ : “ကဲ ဒါဆို ကလေးတွေ အရင်စကားပြောနှင့်ကြဦး ဦးလေးတို့ သွားလိုက်ဦးမယ်နော်”
လီအာဟွာမှာမူ သူ့သမီးအား အခန်းထဲသို့ ခေါ်သွားကာ ဆိတ်ဆွဲလိုက်သည်။
“နင်ကတော့ တကယ့်ငါးကြီးကို လက်လွတ်သွားတာပဲ”
ဟုန်ပင် : “ အမေရာ ဘာလို့ အဲ့လောက် စိတ်တိုနေတာလဲ?? သမီးအသားတွေ နာနေပြီ”
ဧည့်ခန်းထဲတွင် နှစ်ယောက်တည်းကျန်နေသည့် ရွှမ်းလင်နှင့်ချီဟန်တို့မှာ ငြိမ်သက်ကာ ဘယ်သူမှစကားစမပြောရဲကြပေ။
ရွှမ်းလင်သမိုင်းတွင် ဘယ်တုန်းကမှ ယောက်ျားတစ်ယောက်အား စကားစမပြောဖူးပေ။ သူ့အား လာပြောသူများမှာ အင်မတန်များလွန်းလှသည်။
ယခုမူ ပတ်ဝန်းကျင်မှာ အေးခဲလွန်းလှသည်။
ထိုသို့အနေရခက်နေချိန်တွင် အရိပ်သေးသေးလေးတစ်ခုက တံခါးနောက်တွင်ချောင်းလျက် အသံပေးလိုက်သည်။
“မမ”