Chapter 14

492 71 1
                                    

Chapter - 14 (အင်္ဂလိပ်လို ပြောပါ)

သူတို့က အရာရှိ ချီ၏ အိမ်အခြေအနေအား စပ်စုကြရန် အဆင့်သင့် ဖြစ်နေကြသည်။

"အရာရှိ ချီရဲ့ ဇနီး အသစ် ရောက်လာပြီလား"

"သူ့ရဲ့သားလည်း ပါတယ်ဆို"

"ကလေး နှစ်ယောက်ဖြ စ်သွားပြီပေါ့"

"ကျွန်မ ကြားတာ သူက ရွာသူမလေးဆို ဘယ်လိုလဲ၊ ချောရဲ့လား"

ကောင်းပါ့။ စကားပြောရင်လည်း အသံက နူးညံ့ပြီး ချိုသာနေရောဗျာ။ အရာရှိ ချီက တကယ် အမြင်ရှိတာပဲ"
ဆံပင်ပေါ်မှ ဖဲကြိုးကို ဖြည်ရန် သူ မလက်အားမြှောက်လိုက်သည်။ သူမ ပုံစံမှာ ကချေသည် တစ်ယောက်နှင့် တူသည်။ သတ်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်မှာ သူမ၏ အနောက်သို့ရောက်လာသည်။ ထိုလူက အစိမ်းရောင် စစ်တပ် ယူနီဖောင်းကို ၀တ်ဆင်ထား၏။

အမျိုးသား "ဘေးအိမ်ကို လူသစ်တွေ ပြောင်းလာတာ ကြားပြီးပြီလား"

အမျိုးသမီး "အဲ့ အရာရှိ ချီနဲ့ အိမ်နီးချင်းတွေ မဖြစ်ချင်ပါဘူး"

အမျိုးသား "သူရဲ့ဇနီးအသစ်ကလည်း ရွာသူမလေးလို့ ကြားတယ်။ ထူးဆန်းတယ်လို့ ထင်တယ် မလား"
အမျိုးသမီး "သူက ခေါင်းဆောင်နိုင်တယ်။ ငယ်ရွယ်တယ်။ ရုပ်လည်းချောပြီး အရည်အချင်း ရှိတယ်လေ။ မိန်းကလေးတိုင်း ကြိုက်ကြမှာပဲ"
"မင်းတို့ မိန်းမတွေက ဇီဇာကြောင်တာပဲ။ လက်ထပ်တယ်ဆိုတာ ချေးများနေလို့ မရဘူး"
အမျိုးသမီး "အဲ့တာကြောင့်ပဲ ကျွန်မက ရှင့်လို ကလေး သုံးယောက် အဖေ မုဆိုးဖိုကို လက်ထပ်ဖို့
လှည့်စားခံခဲ့ရတာလေ"

အမျိုးသား "ငါ့ကို အဲ့လို မပြောနဲ့။ အနည်းဆုံးတော့ငါက အဲ့ အရာရှိ ချီဆိုတဲ့ တစ်ယောက်ထက်သာသေးတယ်။ ငါ အခုတော့ သူတို့ ဘေးအိမ်မှာ နေတာကို ၀မ်းသာတယ်။ အဲ့တာမှ ငါက ဘယ်လောက်ကောင်းတဲ့ ယောက်ျားလဲဆိုတာ မင်း နှိုင်းယှဥ်ကြည့်လိုက်"
မွှေပျံ့လွန်းတဲ့ ထမင်းကြော် ရနံ့ကြောင့် ကျန်းချန်မှာ သားရေကျနေသည်။ ဧည့်ခန်းထဲတွင် ကာတွန်းစာအုပ် ဖတ်နေသော ချီယွမ်တောင်မှ စာအုပ်ကို ချပြီး မီးဖိုချောင်အား လှမ်းကြည့်လိုက်သည်။ 
အားလုံး ချက်အပြီးမှာတော့ ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်သည်။ သုံးပန်းကန် ခွဲပြီးနောက်မှာတော့
ကလေး နှစ်ယောက်ကို ခေါ်လိုက်၏။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now