Chapter 21

318 48 1
                                    

Chapter 21
Yamin AungSeptember 29, 2023
Chapter - 21 ( ယုန်လေးလို ခုန်ဆွခုန်ဆွ)



သဘင် အဖွဲ့ထဲကို ရောက်သည်နှင့် အမျိုးသမီးများက ၀မ်ရွယ်ရှုး အနားတွင် စုဝေးလာကြသည်။

"အစ်မ ၀မ်၊ အရာရှိ ချီရဲ့ဇနီး ရွာသူမလေးကို တွေ့ပြီးပြီလား"

ချီဟန်က သဘင်အဖွဲ့ထဲရှိ အမျိုးသမီးများ ကြားတွင် နာမည်ကြီးသူ တစ်ယောက် ဖြစ်သည်။

အမျိုးသမီးတော်တော်များများက သူ့ရဲ့ချောမောသော မျက်နှာနှင့် အရည်အချင်းကြောင့် သူ့ကို လက်ထပ်ချင်ကြ၏။

၀မ် "မိန်းမလှလေးပါ။ အထက်တန်းလည်း အောင်ပြီးသားတဲ့"

"ဘယ်လောက် လှမှာမို့လို့လဲ။ အစ်မ ၀မ်ထက်တောင် လှပါ့မလား"

၀မ် "ငါက အသက်ကြီးနေပါပြီ။ ကျန်းမိန်းကလေးက ငယ်ရွယ်ပြီး လှပတာ"

"တကယ်လား၊ သူက ဘယ်လိုများ အရာရှိချီနဲ့အဆင်ပြေသွားလဲ မသိဘူးနော်"

ချန်းဖန်ဖန်က ဂရုမစိုက်ချင်ယောင်ဆောင်ရင်းရေသောက်နေသည်။ သို့သော် ထိုအကြောင်းကိုကြားလိုက်ချိန်မှာတော့ နားစွင့်လိုက်သည်။

၀မ်ရွယ်ရှူး တုံ့ဆိုင်းသွားသည်။

မေးလာကြသည့် မေးခွန်းတွေအပေါ် ဘယ်လိုပြန်ဖြေရမှန်း သူမ မသိတော့ပေ။

"နင်တို့ကလည်း ရုပ်ရည်ဆိုတာ ခဏတာပါပဲ။လက်တွဲဖော်ကို ရွေးတဲ့နေရာမှာ ရုပ်ကိုပဲ ကြည့်ပြီး

ဆုံးဖြတ်လို့ မရဘူးလေ။ ကိုယ့်အပေါ် ကောင်းကောင်း ဆက်ဆံမယ့် လူကို ရွေးရမှာ"

"အရာရှိ ချီက  သွေးအေးတယ်နော်။ အခုရော ဘယ်လိုနေသေးလဲ"

   

~    ~    ~

ရွမ်းလင်က စိုက်ခင်းကို ပျိုးထောင်သည်။ ထို့နောက် ကြက်၊ ဘဲနှင့် ယုန်တို့၀ယ်ရန် ထွက်လာခဲ့သည်။ ကြက် ငါးကောင်၊ ဘဲ သုံးကောင်နှင့် ယုန် နှစ်ကောင်တို့ ၀ယ်လို့ရမည့် နေရာကို မှာလိုက်သည်။

လမ်းတွင် ရှောင်ကျန်အား တွေ့လိုက်ရသည်။

ရှောင်ကျန် "မရီး အကူအညီ လိုရင် ပြောနော်"

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now