Chapter 10

761 86 1
                                    


ရထားဆိုက်ရောက်သောအခါ ခရီးသည်များ

အများအပြားဆင်းကြတက်ကြလုပ်ကြသည်။ ထို့အပြင် ကလေးငိုသံကလည်း ဆိုးဆိုး

ရွားရွား ကြားနေရသည်။

ကျန်းရွှမ်းလင်သည် ကလေးခြောက်ယောက်

နှင့် စုံတွဲအား အံ့ဩစွာကြည့်လိုက်သည်။

လသားအရွယ်ကလေးနှယောက်အား

ခြင်းတောင်းထဲတွင်ထည့်ကာ ကျန်

လေးယောက်ကအချင်းချင်းလက်ကိုင်

ထားကြသည်။

"ဘယ်လိုလုပ်ပြီး လူနှယောက်က ကလေး

ခြော​က်ယောက်ကိုတာဝန်ယူနိုင်ရတာလဲ?"

ထိုအကြောင်းတွေးရင်း ရွှမ်းလင်သည်

ကျန်းချန်လိုကလေးဆိုလျှင်တော့ တပြိုင်

တည်းခြောက်ယောက် မွေးနိုက်သည်ဟု

စဉ်းစားမိသည်။

သို့သော် ကလေးတိုင်းကတော့မလိမ္မာနိုင်

ပေ။

သူမသည် ၈မိနစ်ကြာလောက် လူအုပ်ကြီး

ထဲတွင် ချီဟန်ကိုရှာပြီးသောအခါ တွေ့

လိုက်ရသည်။

ချီဟန်သည်လည်း လေးနှစ်အရွယ် ကလေး

ကိုချီကာ သူမကိုရှာနေသည်။ခဏအကြာ

တွင် သူမကိုမြင်ပြီးနောက် သူမဆီသို့

လှမ်းလာခဲ့သည်။

ထိုလူ လမ်းလျှောက်လာသည်ကိုမြင်သော

အခါကျန်းချန်သည် စိတိပူစွာ သူ့အမ

လက်အားဆုပ်ကိုင်မိသည်။ရွှမ်းလင်

သည် သူစိတ်သက်သာရာရစေရန် လက်

လေးအားဖွဖွလေးပုတ်ကာ အားပေးလိူက်

သည်။

သူမသည် ချီဟန်လက်ပေါ်မှကလေးအား

ကြည့်လိုက်သောအခါ ဖခင်နှင့်လွန်စွာဆင်

တူသည်ကိုသတိထားမိလိုက်သည်။

ထို့အပြင် ကလေးက သူမအား သိပ်မကြည်

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now