Chapter 35

318 39 1
                                    

Chapter 35
October 28, 2023
အခန်း (၃၅)

၉၉၉ (အတူတူအကြာကြီးရှိသွားရအောင်)

ချီဟန် အဝတ်တို့ ဝတ်ကာ တံခါးသွားဖွင့်လိုက်တော့စောင်ကိုကိုင်ထားကာ အခန်းဝမှာ မတ်တပ်ရပ်နေတဲ့သူမ...ပိတုန်းရောင် ဆံနွယ်ရှည်တို့က ပုခုံးနှင့် ရင်ဘတ်ရှေ့တွင် ဖြာကျနေသည်။

သူမ ချီဟန့်ကို ကျော်သွားလိုက်ပြီး ချီဟန့်စောင်အောက်ထဲကို ဝင်လိုက်ကာ ထိုသူ့စောင်ကိုတစ်ဖက်ကို တွန်းဖယ်လိုက်ပြီးကုတင်ပေါ်တွင် သက်တောင့်သက်သာ နေရာယူလိုက်သည်။

ချီဟန် တုန်လှုပ်သွားကာ... “မင်း...”

ကျန်းရွှမ်းလင် ခေါင်းအုံးပေါ်မှ တစ်ဖက်လှည့်ကာ သူ့ကိုကြည့်လာပြီး..

“ချီဟန် ကျွန်မ ဒီည ဒီမှာ ရှင်နဲ့ အိပ်လို့ရလား”

သူမ တံခါး မခေါက်ခင်ကတည်းက ချီဟန်ကိုတွေ့ရင် ဘာပြောရမလဲဆိုတာ တွေးထားပင်မယ့် ညနက်နေ ပြီဖြစ်တာကြောင့် ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ တည့်တိုးပြောလိုက်တော့သည်။

သည်စကားကို ပြောပြီး သူ့ရဲ့စိတ်နဲ့ သူမတို့ ဆက်ဆံရေးကိုစမ်းသပ်ချင်တာလဲ ပါတာပေါ့။

သူက လင်မယားလိုနေချင်တာလား။ သူငယ်ချင်းလိုနေချင်တာလား။ သူမတို့ တစ်အိပ်ယာတည်း အိပ်တာတောင် ဘာမှမဖြစ်ဘူးဆိုရင် သူငယ်ချင်းတွေသာဆိုရင် သူမက မြွေကြောက်လို့ စိတ်လိုက်မာန်ပါ တံခါးခေါက်ခဲ့မိတာလို့ ပြောလိုက်ရုံသာ။

သူမ တစ်ဖက်လူရဲ့ စိတ်ကို ခန့်မှန်းရင်း အချိန်မဆွဲချင်တာကြောင့် တစ်ဖက်လူက တစ်ခုခု ပေးခဲ့ရင်တောင် သူမကနားလည်စွာနဲ့ ပြုံးပြမှာပင်...

စကား မပြောဘဲနဲ့တော့ သည်လူ ဘာစဉ်းစားနေလဲဆိုတာဘယ်သူသိမှာလဲ..

သူငယ်ချင်းတွေပဲ ဖြစ်ကြမယ်ဆိုရင် သူမထိုသူနဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို ရပ်တန့်လိုက်မည်ဖြစ် သည်။ သူမရဲ့ မောင်လေးလိုသဘောထားပြီး ရှေ့လျှောက်ကောင်းကောင်းစောင့်ရှောက်သွားမည်ပင်။ ချီယွမ်ကို ပြုစုစောင့်ရှောက်ဖို့ကူညီပြီး အားကိုးရတဲ့ သူငယ်ချင်းအဖြစ်ရှင်သန်သွားမည်။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now