Chapter 32

320 36 1
                                    

Chapter 32
October 28, 2023
အခန်း (၃၂)

ဒါပဲလား။

“ခင်ဗျားမိန်းမကို ဘယ်လို ချော့လိုက်လဲ”

ခေါင်းဆောင် ဟယ် “ ... ”

သူအရမ်း အံ့သြသွားသည်။ သူ့ရှေ့က စစ်ယူနီဖောင်းနဲ့ကောင်လေးကို မျက်လုံးပြူးပြီးကြည့်နေမိသည်။ သူ့နားမှာအကြားအာရုံချို့ယွင်းသွားတာလားလို့တောင် ထင်လိုက်မိသေးတာ။ အဲ့လိုမှမဟုတ်ရင် နှလုံးသားမရှိတဲ့ ချီဟန်လိုရေခဲတုံးတစ်ယောက်က သည်စကား မေးလာစရာအကြောင်းမှမရှိတာ...

သည်ကောင်လေး သူ့မိန်းမကို ချော့ချင်လို့များလား။

မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး သူ့အတွေးထဲမှာ ဗျာများသွားမိသည်။

ချီဟန်က မိန်းမတစ်ယောက်ကို ချော့မှာတဲ့လား။ နေပဲအနောက်က ထွက်လာလိမ့်မယ်။

သူ့စိတ်ထဲမှာ ရေရွတ်နေမိသည်။ ချီဟန်က သူအခုလေးတင်ပြောလိုက်တာကို စပ်စုချင်တဲ့ သဘောလား။

“မိန်းမ တစ်ယောက်ကို ချော့တယ်ဆိုတာ ရိုးရှင်းတယ်၊ ပိတ်ရက်တွေမှာ အချိန်ပေးတာ၊ သူမပြောတဲ့စကား တွေနားထောင်ပေးတာ၊ လင်မယားကြား ရင်ခုန်စရာ စပရိုက်လက်‌ဆောင်ပေးတာမျိုးလုပ်ပေးရင် ရပါတယ်”

ချီဟန် မျက်ခုံးပင့်လိုက်မိရင်း“...”

ခေါင်းဆောင် ဟယ်က သူ့မျက်နှာပေးကို မြင်လိုက်ရတော့ဒေါသတောင် ထွက်မိတော့မလို့...

ဒါပဲလား။ သဘောမပေါက်ဘူးလား။

“မိန်းမတစ်ယောက်ကို ပျော်စေချင်ရင် ပါးထိရောက်တဲ့အပြုံး ပြုံးတတ်ရမယ်”

သူ့မျက်နှာကို သူပြန်ညွှန်ပြလိုက်ပြီး..

“ဒီကိုကြည့် ဒီလိုမျိုးလေး....ရိုးသားတဲ့ ရင့်ကျက်တဲ့အမျိုးသားတွေပြုံးတဲ့အပြုံးက အမျိုးသမီးတွေရဲ့ စိတ်နှလုံးကို အဖမ်းစားနိုင်‌ဆုံးပဲ”

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now