Chapter 13

510 66 1
                                    

Chapter - 13 (ရေဒီယို)

စစ်တပ် အတွင်းရှိ တပ်မဟာ တပ်ရင်းများတွင်တပ်ရင်းမှူးသည် ရာထူး အကြီးဆုံး ဖြစ်ပြီး သူ့ လက်အောက်တွင် လက်အောက်ခံ တပ်များနှင့် တပ်ခွဲများရှိသည်။ အသက် ငယ်စဥ်ကတည်းက တပ်ရင်းမှူး ဖြစ်လာခဲ့သည့် ချီဟန်အား ရွမ်းလင်စိတ်ထဲတွင် လေးစားမိသွားပြီး အတော်ကိုအရည်အချင်း ရှိသော လူအဖြစ် သတ်မှတ်လိုက်မိသည်။ သူမ ကြည့်ဖူးသည့် တီဗီ ဇာတ်လမ်းတွဲများထဲမှ တပ်ရင်းမှူးများမှာလည်း သြဇာ အာဏာ အလွန်ရှိကြသည်။ 

ဒါဆို တပ်ရင်း တစ်ခုမှာ လူ ဘယ်နှယောက်လောက်များ ရှိမလဲ။
စခန်းချရင်ရော ဘယ်နှယောက် ပါမှာလဲ။
ထိုကဲ့သို့ တွေးမိတော့ ခေါင်းရှုပ်လာပြန်သည်။ ရွမ်းလင်က တက္ကသိုလ်၀င်ခွင့် စာမေးပွဲမှာ သင်္ချာ အမှတ် ကောင်းခဲ့သော်လည်း စာမေးပွဲပြီးသည်နှင့်စာ အားလုံးကို မေ့ပစ်လိုက်တာကြောင့် ယခုကဲ့သို့ကိန်းဂဏန်းများနှင့် ပက်သက်လာလျှင် အများကြီးမတွေးနိုင်။ သင်္ချာ ပုံသေနည်း အများစုကို မေ့လိုက်ပြီး ပေါင်းနုတ် မြှောက်စားလောက်ကိုသာ သတိရတော့သည်။ ကိစ္စ မရှိပါ။ ထိုအရာတွေက အဓိကမဟုတ်ပဲ။

ချီဟန်က သူမနှင့်အတူ ကလေး နှစ်ယောက်ကို ကားပေါ် တင်ပေးလိုက်သည်။ ခရီးဆောင် အိတ်တို့ကိုလည်း သေချာ နေရာချပေး၏။ ထို့နောက် ကားမောင်းသမားကို ခေါ်လိုက်သည်။ ချီဟန် ကိုယ်တိုင်ကတော့ လုပ်စရာ အလုပ် ရှိသေးသည်ဟု ဆိုကာ မလိုက်ခဲ့တော့ပေ။

"အိမ်ရောက်ရင် ဆေးမှူး လာကြိုလိမ့်မယ်"

ချီဟန်၏ စကားကို ရွမ်းလင်က ခေါင်းသာ ညိတ်ပြလိုက်သည်။ ကလေး နှစ်ယောက်ရော သူမပါ ပင်ပန်းနေကြပြီ ဖြစ်၏။ မနက်က အစောကြီးနိုးနေတာကြောင့် ယခု ထပ်ပြီး အိပ်ငိုက်နေပြီ ဖြစ်သည်။
ကားမောင်းသမားက ဘယ်ကိုပဲ ခေါ်သွားပါစေ၊ ရွမ်းလ င်ဂရုမစိုက်နိုင်တော့။ နောက်ခုံမှာ ထိုင်လျက် အိပ်ပျော်သွားတော့သည်။ 

နာရီ၀က် အကြာ။

"မရီး ရောက်ပါပြီဗျ"

သပ်ရပ်သော ယူနီဖောင်းကို ၀တ်ဆင်ထားသည့် ရဲဘော် တစ်ယောက်က ရွမ်းလင်အားပြုံးရင်းနှုတ်ဆက်သည်။ 
သူ့ နာမည်က ရှောင်ကျန် ဖြစ်ပြီး အရာရှိ ချီရဲ့ ဆေးမှူး ဖြစ်သည်ဟု ပြော၏။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now