Chapter - 8 (အသားလွှာများစားပြီ)
ကျန်းရွှမ်းလင်သည် ရွာထဲမှ နွားလှည်းကိုယူလာကာ ရွာထဲရှိအဒေါ်၃ယောက်ကိုပါ တင်ခေါ်လာရသည်။
အဒေါ်(၁) : " ရွှမ်းလင် နင်ကငါတို့မျက်စိအောက်မှာပဲ ကြီးပြင်းလာတာ အစကငါကနင့်ကို ငါ့တူနဲ့သဘောတူနေတာ အခုတော့ဟယ် ကြည့်ပါဦး"
အဒေါ်(၂) : " နင်ဘာလို့ကျောင်းမတက်ပဲဒီလိုမိထွေးဘဝကိုရွေးလိုက်ရတာလဲ?"
ကျန်းရွှမ်းလင်သည် ဘာမှမပြောပဲ ပြုံး၍သာနေနေတော့သည်။
အဒေါ်(၃) : " ဒီကလေးကတော့ အသက်ကြီးလေ စကားနည်းလေပဲ"
ရွှမ်းလင် : "သမီးက မိသားစုကောင်းကောင်းရှိတဲ့သူနဲ့လက်ထပ်ချင်လို့ပါ"
အဒေါ်(၂) : "နင်ကလည်းဘယ်လိုဖြစ်ဖြစ်ကို့ရွာကသူကအကောင်းဆုံးပဲ"
"ဟုတ်တယ် နင်ကအခုမှငယ်ငယ်လေးရှိသေးတယ် ဘယ်နှယ့် ကလေးရှိတဲ့ယောက်ျားကိုယူရမှာလဲ??"
ရွှမ်းလင် : "အဒေါ်ရယ် တက္ကသိုလ်ကဘွဲ့ရလည်း အရာရှိချီတို့မိသားစုကိုမယှဉ်နိုင်
ပါဘူး အဒေါ်တို့လဲစဉ်းစားမိတယ်မလား?"
အဒေါ်များ : "..........."
မြို့သို့ရောက်သောအခါ ရွှမ်းလင်သည်နောက်သို့လှည့်မကြည့်ပဲနှယွမ်ပေးကာထွက်သွားတော့သည်။
လမ်းမပေါ်တွင် ခဲရောင်သမ်းကာလှပသည့်ပတ်ဝန်းကျင်အား ပန်းချီဆရာမတယောက်အနေနှင့် ချက်ချင်းပင် မှတ်တမ်းတင်ထားချင်သည်။
" ဒီမှာသာ ပန်းချီဆွဲမယ်ဆို တံတားအောက်ကနေမြင်ကွင်းကိုဖမ်းရမှာပဲ"
ထို့နောက် ကြောငြာဆိုင်းဘုတ်ကြီးကိုတွေ့သောအခါ ပြုံးလျက် ပြောလိုက်သည်။
"ငါတော့ ဒီ ခေတ်ကိုသဘောကျနေပြီ"ကျန်းရွှမ်းလင်သည် တဆိုင်ဝင်တဆိုင်ထွက်
လိုအပ်သည်များဝယ်နေရင်း နောက်ဆူံးအသားဆိုင်သို့ရောက်သွားသည်။
ထို့နောက် အသားဝယ်လက်မှတ်များအားဝန်ထမ်းလေးကိုပြလိုက်ကာ ပိုက်ဆံနှင့်