Chapter - 6 (ဆုံးရှုံးခြင်းမရှိ)
ထိုကလေးသည် ကျန်းချန်ပင်။ရွှမ်းလင်သည် ကျန်းချန်အား ပွေ့ဖက်လိုက်သည်။ကျန်းချန်မှာမူ သူ့အမ၏ရင်ခွင်ထဲမှချီဟန်အား ချောင်းကြည့်နေသည်။
ထိုအခါ ရွှမ်းလင်မှ တိတ်ဆိတ်ငြိမ်သက်မှုအားဖြိုခွဲလိုက်သည်။
"ဒါကျမရဲ့မောင်လေး ကျန်းချန်လေ"
"ကျမတို့မှာမိဘတွေလည်းမရှိတော့ဘူးဆိုတော့ ကျမ ရှင့်ဆီလာရင် သူ့ကိုပါခေါ်လာရမှာ
အဆင်ပြေလာသိဘူး?!"
ချီဟန် : "အဆင်ပြေပါတယ်"
ထို့နောက် ချီဟန်သည် ကျန်းချန်အားစိတ်ဝင်တစားနှင့်ကြည့်နေသည်။
ရွှမ်းလင်(စိတ်ထဲတွင်) : "သူကကလေးချစ်တတ်တာများလား?"
ရွှမ်းလင် : "ရှင် ချီကြည့်မလား???"
တဖက်မှဘာမှပြန်မပြောသောကြောင့်သဘောတူသည်ကိုတွေးလိုက်ကာသူမချီဟန့်အား မောင်လေးကို
ချီစေလိုက်သည်။
ထိုအချိန်တွင် ခန့်မှန်းထားသည်ထက်လေးနေသောကြောင့် အရာရှိချီ နောင်တအနည်းငယ်ရမိသွားသည်။
ဤသို့ကြီးမားသည့်ကလေးအား သူပထမဆူံးချီဖူးခြင်းဖြစ်ပြီး လက်မောင်းများပြုတ်ကျတော့မလိုခံစားလိုက်ရသည်။
ရွှမ်းလင် : "........."
ထိုမြင်ကွင်းသည်ပို၍ပင် စိတ်မသက်မသာဖြစ်စရာကောင်းလှသည်။
သူမရှေ့ရှိ ကလေးကြီးနှင့်ကလေးငယ်ကိုကြည့်ကာ ရယ်ချင်စိတ်ကိုမနည်းထိန်းချုပ်
ထားရသည်။
ရွှမ်းလင် : "အရာရှိချီ အိမ်မှာလေးနှစ်အရွယ်သားလေးရှိတယ်မဟုတ်လား?"
ထိုသိူ့ပြောသောအခါ ချီဟန်သည်မျက်နှာသေနှင့် တိတ်ဆိတ်နေသည်။
သူမသည် သူ့လိုလူချောလေးများကိုမြင်လျှင်ချက်ချင်းပန်းချီဆွဲချင်စိတ်များဖြစ်ပေါ်တတ်သည်။
"ကလေးကို အဲ့လိုမချီရဘူး အရာရှိချီရဲ့ဒီလိုဆိုလက်မောင်းကြွက်တက်မှာပေါ့စိတ်ကိုလျှော့ထားပါ"