Chapter27
Yamin AungOctober 12, 2023
အပိုင်း (၂၇)ထိပ်ဆုံးက
ကျန်းရွှမ်းလင်က လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့ မိန်းကလေးမျိုး မဟုတ်။
သူမ အံကြိတ်လိုက်ပြီး ကလေး နှစ်ယောက် ရှေ့မှာ မောင်းတင်ကာ စက်ချုပ်တာကို ဆက် လေ့ကျင့်လိုက်သည်။ နားထဲကြားရတဲ့အသံနဲ့ ထွက်လာတဲ့ ချုပ်ရိုးကြောင်းတို့က....
သိပ်မဟုတ်သလိုပဲနော်။
ငါက လက်ဗလာနဲ့တောင် မျဉ်းဖြောင့်ကိုဆွဲနိုင်တဲ့လူပါ...ဘာကိစ္စ ဒီမျဉ်းတွေက ကောက် ကွေးပြီး ထွက်လာရတာလဲ။
သူမနားမှာ ရပ်နေတဲ့ ဂျပုနှစ်ကောင်က ခြေဖျားထောက်ကာ သူမရဲ့ချုပ်ရိုးကြောင်းကို စပ်စုနေလေရဲ့။ ခဏကြာတော့ သူမရဲ့ ပါကင်ဆန်ရောဂါရနေသလို ဂျောက်ဂျောက် ဂျက်ဂျက်နဲ့ နင်းနေတဲ့ စက်ခုံကို ထိုင်ကြည့်ကြသည်။
ကျန်းချန် “ ... ”
ချီယွမ် “ ... ”
ကျန်းရွှမ်းလင် “....” ရှက်တာကြောင့် ဒေါသပါထွက်လာသည်။
ကလေးနှစ်ယောက် မျောက်ပွဲကြည့်သလိုအကြည့်ခံနေရတဲ့ ဘဝကိုစိတ်ကုန်ရတဲ့ကြားထဲ သူမရဲ့ စက်နင်းသံက ဘာကြောင့် အဲ့လောက် ကိုးရို့ကားယားဖြစ်နေရသလဲ နားမလည် နိုင်။ ကျန့်မေ့ဟုန် စက်နင်းတာကိုကြည့်တုန်းက ချောမွေ့ပြီး ညက်ညောကာ မျက်စိပသာဒ ဖြစ်လှသည်။
သူမက ဘာလို့ တောင့်တင်းနေရသလဲ?
ကျန်းရွှမ်းလင် အသက်ဝဝရှူလိုက်ပြီး စိတ်ထဲကနေ ကိုယ့်ကိုယ်ကို အားပေးလိုက်သည်... ကလေးနှစ်ကောင်မှာ တစ်ကောင်က အရွက်စိမ်းဖြစ်ပြီး တစ်ကောင်က မုန်လာဉနီပဲ ဘာမှမဖြစ်ဘူး ဟူ၍။
ချုပ်ရိုးကြောင်းကိုသာ သေချာလေ့ကျင့်စမ်းပါ...ဒါ့ ဒါ့ ဒါ့ ဒါ့
“မမ လွယ်အိတ်အသေးလေးတောင် ချုပ်နိုင်ပါ့မလား”
အမြဲလိုလို သူမကိုအားပေးနေခဲ့တဲ့ သူမမောင်လေးတောင် သူမရဲ့ လုပ်နိုင်စွမ်းကို သံသယ ဝင်နေပြီဖြစ်သည်။ ဉာဏ်ကောင်းတဲ့ ချီယွမ်ဆိုရင်တော့ ပြောမနေနဲ့တော့...