Chapter 16

743 90 2
                                    

Chapter -16 (သူက လူကောင်းလေးပါ)

ရွမ်းလင်သည် ကျစ်ဆီမြီး နှစ်ဖက်အား ရင်ဘတ်ပေါ်သို့ ချထားသည်။ သာယာနေသော
ကောင်းကင်အောက်တွင် ရွမ်းလင်၏ မျက်လုံးတို့မှာလည်း အရောင်တောက်နေ၏။ မျက်ရည်ကြည်များ လဲ့နေသော မျက်လုံး တစ်စုံဖြင့် ရွမ်းလင်၏ မျက်နှာမှာ လှပလွန်းသည်။ 
မိန်းကလေး၏ မျက်နှာကို မမြင်ဖူးသေးပါ။ သူမ၏ စိတ်နေစိတ်ထားကို အသာထား၊ မိသားစု အခြေအနေကိုပင် မသိသေးပေ။ သို့သော် စိတ်မြန်လက်မြန်ရှိသည့် ချီဟန်က ချက်ချင်းပင် 
အရင် မိသားစု၀င်များကတော့ ရွာသူမလေးဖြင့်သွေးနှောစေသည့်အတွက် အပြစ်တင်ကြသည်။
မကြာသေးခင်က ယောင်ဖျင်းလန်အတွက် ထိုအကြောင်းကို ပြောဖို့ မလွယ်ကူ ဖြစ်ခဲ့ရသည်။
သို့သော် ယနေ့တွင် ဤမိန်းကလေးအား မြင်လိုက်ရချိန်မှာတော့ သူမ၏ ရင်ထဲမှ ပူဆွေးသောကများ
လျော့ကျသွားရသည်။

ယောင် "မင်းနဲ့ ချီဟန် ဇနီးမောင်နှံ နှစ်ယောက် အဆင်ပြေကြတယ် မလား"
သူ့အား တစ်စုံတစ်ယောက်ဖြင့် တွေ့ရန် စီစဥ်ပေးလိုက်ပါကလည်း ချက်ချင်း ထထွက်လာမည်ဖြစ်သည်။ တစ်ခါကဆို စိတ်တိုသွားပြီး ဘုန်းကြီး ၀တ်တော့မည်ဟုတောင် ခြိမ်းခြောက်ခဲ့သေး၏။

ချီဟန့်တွင် ချောမောသော ရုပ်ရည်ရှိနေတာ ကံကောင်းသည်။ မဟုတ်ပါက သူ့ရဲ့စိတ်နေစိတ်ထားကြောင့် မည်သည့်မိန်းကလေးမှ သူ့အနား ကပ်ချင်ကြမည် မဟုတ်ပေ။

လောင်ကျိုးကတော့ ချီဟန် လက်ထပ်သင့်သော မိန်းကလေးမှာ ကျားကဲ့သို့ စူးရှထက်မြက်သည့်
တစ်ဖက်လူ၏ မျက်နှာပေါ်တွင် ရှက်ရွံ့ခြင်း၊ ကြောက်လန့်ခြင်း မရှိဘဲ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။ 

သူမ၏ စကားကို ပို၍ ယုံချင်စဖွယ် ကောင်းစေရန်ရွမ်းလင် ချိုသာစွာ ပြုံးလိုက်သည်။ 
"အရာရှိ ချီက လူကောင်းလေးပါ"

- သူမအား စိုက်ခင်း တစ်ခုလုံး ပေးထားသည့် လူကောင်း တစ်ယောက် ဖြစ်သည်။
ယောင်ဖျင်းလန် စိတ်ထဲ မေးခွန်းများဖြင့် ပြည့်နေသည်။ မိန်းကလေး တစ်ယောက်၏ ပါးစပ်ထဲတွင် ချီဟန်အား ချီးကျူး စကားပြောသည်ကို ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ ဒါ့အပြင် ခြံထဲတွင် လှန်းထားသည့် ချီဟန့်ရဲ့ အ၀တ်တွေကိုတွေ့လိုက်ရတော့ ပို၍ စိတ်၀င်စားသွားသည်။
ချီဟန်က သူ ကြိုက်တဲ့ မိန်းကလေးကို တကယ်တွေ့သွားတာလဲ ဖြစ်နိုင်တာပဲ....

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now