Chapter 9

620 81 0
                                    


Chapter - 9 (စွန့်ခွာခြင်း)


ထို့နောက် သူမသည် သူမနှင့်အတူပါလာသည့် အိမ်သို့ကျန်းချန်နှင့်အတူသွားခဲ့သည်။


ပထမနေ့တွင် ကျန်းချန်အား သုံးထပ်သား

ကင်လုပ်ကျွေးသည်။ နောက် ဝက်သားပြား

ဝက်ဆီဖတ်ကြော် တို့အား လုပ်ကျွေးဖြစ်

သည်။


သူမအိမ်တွင် ရှိသည်က ပျားရည် ဆန် ကြက်ဥ နှင့် ဝက်ဆီများပင်ဖြစ်သည်။

သူမအိမ်ထဲရှိ အရာများသည် အမြဲတမ်း

ပြန်ရှိနေသည့်အတွက် ဝက်ဆီများမှာ

အများအပြားဖြစ်နေသည်။


ကျန်းချန်သည် နူးညံ့ပြီးချိုသာသည့် အရာများကိုသဘောကျသည်။ ရွှမ်းလင်မှာ

မူ အသားကင်ကိုပိုကြိုက်သည်။


သူမသည် ကျန်းချန်အတွက် ပျားရည်ကိတ်

မုန့်လဲဖုတ်ပေးသေးသည်။ အကြိမ်ရေ

အနည်းငယ်လောက် ကျရှုံးပေမဲ့လည်း

နောက်ဆုံးတွင်စားလို့ကောင်းသည့် ကိတ်

မုန့်တလုံးကိုဖုတ်နိုင်ခဲ့သည်။


အနုပညာသမား ရွှမ်းလင်သည် စားစရာများ

ကိုပင် လှပအောင် ပြင်ဆင်တတ်သည်။


သူမ စားသောက်စရာများ လုပ်ရင်းပျင်း

လာသည့်အခါ ပန်းချီဆွဲခန်းထဲသို့ဝင်ကာ

လှည့်ပတ်ကြည့်မိသည်။


အရင်ခေတ်ကပါလာသည့် ပစ္စည်းကိရိယာ

များနှင့် ပန်းချီကားချပ်များအားကြည့်

ကာ အရာရှိချီ​၏ စစ်ဝတ်စုံဝတ်ထားသည့်

ပုံတူပန်းချီအားဆွဲလိုက်သည်။


"အဲ့ဒီချီဟန်ကတော်တော်ချောတာပဲ"


မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now