Chapter 36
October 29, 2023
အခန်း (၃၆)ချီစန်း
ကျန်းရွှမ်းလင် မနက်မိုးလင်းတော့ သူမမျက်လုံးတွေကို ဖွင့်ကြည့်ချိန် သူမဘေးက တစ်စုံတစ်ယောက် ကတော့ ထွက်သွားပြီဖြစ်သည်။ သပ်ရပ်စွာ ခေါက်ထားတဲ့ စောင် တစ်ထည်သာ ကျန်ရစ်ခဲ့လေသည်။
သူမ ခြေထောက် တစ်ဖက်ကို မြှောက်ပြီး စောင်ကို ကန်ထုတ်လိုက်ပေမယ့် ဘယ်ကမှန်း မသိတဲ့ နာကျင်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။ သူမရဲ့ အတွင်းပိုင်း တစ်နေရာက အတော်ကို အဆင်မပြေဖြစ်နေခဲ့သည်။
ကျန်းရွှမ်းလင် အလျင်စလို မထမိဘဲ ပက်လက်ပြန်လှန်လိုက်ကာ မျက်နှာကျက်ကို ရီဝေဝေကြည့်နေရင်း မရည်ရွယ်ပါပဲ မနေ့ညက ဘာဖြစ်ခဲ့လဲ ပြန်တွေးမိသည်...
- ညက မီးတွေ မှိတ်ထားတယ်
ကျန်းရွှမ်းလင် မောဟိုက် ပင်ပန်းမှုကြောင့် အိပ်မပျော်ခင် သူမ မှတ်မိတာက မီးဖွင့်ထားတာပင်။ ချီဟန်က ထိုမီးကို ပိတ်ခဲ့ပါသည်။
ထိုသူက အမြဲ “မီးပိတ်ပြီးမှ အိပ်”ဆိုတာကို သတိရသည်။
ကျန်းရွှမ်းလင် ငြီးတွားမိသွားသည်။ မနေ့ညက ချီဟန်ကလည်း မီးပိတ်ဖို့ မပြောသလို သူမကလဲမပြောခဲ့ပါ။ ဘာကြောင့်လဲဆိုရင် သူမစိတ်ထဲ တစ်ဖက်လူရဲ့ ပုံရိပ်က သူမထင်ထားတာထက်ကြည့်ကောင်းတာ ကို အံ့အားသင့်ဖွယ် တွေ့ထားသောကြောင့်ဖြစ်သည်။
ကျယ်ပြန့်သော ပုခုံးတွေ၊ သေးသွယ်တဲ့ ခါးသိမ်သိမ်လေးနဲ့ ခြေတံရှည်တွေ၊ သန်မာပြီး ခိုင်ခံ့တဲ့ ကြွက်သားတွေနဲ့ အားကစားသမား တွေလိုလဲ အလွန်အကျွံ မဟုတ်ဘဲ ကောင်းမွန်စွာ ဖွဲ့စည်းထားပုံရတဲ့ အဆီပို မရှိ ကျစ်လျစ်နေတဲ့ ကြွက်သားတွေရယ် တစ်ခုချင်းစီ ထင်ရှားနေတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းရယ်ရှိပြီး ကြွက်သားတစ်ခုချင်းစီက နေထွက်လာတဲ့ အဲ့အင်အားတွေက ပေါက်ကွဲထွက်လာတဲ့အတိုင်း... သက်လုံကလည်း အရမ်း...
ပြီးတော့ အဲ့ဒါက အရမ်း ခံစားလို့ ကောင်းသည်။
အရင်တုန်းက ကျန်းရွှမ်းလင် ထိုထင်ရှားနေတဲ့ကြွက်သားတွေကို ခံစားမိပြီး ကြည့်လို့ကောင်းတာတော့ သိသည်။ ထိုကြွက်သားတွေက မာကျောပြီး အဝတ်ခုံ သို့မဟုတ် ချောကလက်လိုမျိုး ဖြစ်မယ်ထင်ခဲ့တာ တကယ်တမ်းတော့ လုံးဝ တခြားစီဖြစ်သည်။