Chapter 3

844 97 1
                                    

Chapter - 3 (ကျန်းဟုန်ပင် ၏အကြောင်း)
ရွှမ်းလင်တစ်ယောက် 1970 ခုနှစ်ခေတ်သို့ ရောက်ပြီးကတည်းက အိပ်ယာပေါ်တွင် ခဏခဏငိုချင်းချရသည်။

သူမသည် ကြက်ဥ၊ ပျားရည်နှင့် ထမင်းတို့ကိုသာ အမြဲစားနေရခြင်းကြောင့် စိတ်ညစ်လာသည်။

သို့သော်လည်း ထိုအိမ်သို့ပြောင်းရွှေ့နိုင်လျှင် သူမ တခြားအစားအစာများ ချက်ပြုတ်စားသောက်နိုင်မည်ဖြစ်သည်။ နေ့တိုင်း၊ နေ့တိုင်း စားစရာများရှိနေခြင်းကြောင့် ငတ်ပြတ်မည်ကိုလည်း စိုးရိမ်စရာမလိုပေ။
ဤအချက်သည်လည်း သူမလက်ထပ်ဖို့ ဆုံးဖြတ်ရခြင်းထဲမှ အကြောင်းပြချက်တစ်ခုဖြစ်သည်။

ကျန်းမိသားစု ၏အိမ်တွင်ရွာထဲရှိ အကောင်းဆုံး ကျောက်တုံးအိမ်လေးဖြစ်သည်။ ဝင်ဝင်ချင်းတွင် ဧည့်ခန်းရှိပြီးတဆက်တည်းတွင် မီးဖိုချောင်ရှိသည်။

ကျန်းချောင်ဖူ နှင့် လီအာဟွာတို့က တစ်ခန်း၊ ကျန်းရွှမ်းလင်နှင့်ကျန်းဟုန်ပင်တို့က တစ်ခန်း၊ ကျန်းချန်နှင့် အငယ်ကောင်လေးတို့က တစ်ခန်း နောက်ဆုံးခန်းသည် အိမ်သာ၊ ရေချိုးခန်းဖြစ်သည်။

ကျန်းချောင်ဖူနှင့် လီအာဟွာတို့ စကားပြောနေကြသည်။

လီအာဟွာသည် သမီးဖြစ်သူ ဟုန်ပင်အား အခန်းထဲသို့ဆွဲခေါ်ကာ တံခါးကိုပိတ်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
“သမီး သေချာထပ်စဉ်းစားကြည့်ပါဦး ဟုတ်ပြီလား?”
"သူက အရမ်းကိုချောတာတဲ့ နောက်ပြီးပိုက်ဆံရောနောက်ခံရောရှိတယ် နင် စဉ်းစားပါဦးလား?"
ကျန်းဟုန်ပင် : "တော်ပြီ အမေ သမီး သူ့ကို လုံးဝ မစဉ်းစားချင်ဘူး
သူပြည့်စုံနေလဲဘာလုပ်ရမှာလဲ သူကလက်ထပ်ပြီးသားကြီးကို"

တကယ်တော့ သူမသည် အနှစ် ၃၀ ပြီးနောက် ပြန်လည်မွေးဖွားလာမည်ကို မသိထားပေ။

အရာရှိချီသည် ရုပ်ရည်ချောမောပြည့်စုံသည်ကို သူမမှတ်ဉာဏ်ထဲတွင် ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။ သို့သော် ထိုသူသည် လက်ထပ်ဖို့ရန် သင့်တော်သောသူ လုံးဝမဟုတ်။
ယခင်ဘဝတွင် သူမသည် အသက် ၄,၅ နှစ် အရွယ်ရှိသည့်ကလေး၏ဖခင် အရာရှိ ချီအား လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ဖူးသည်။
ထို့နောက် မိသားစု ၃ ယောက်သား စစ်တပ်ဝန်းထဲတွင် နေထိုင်ကြရသည်။ သူမသည် ထိုကောင်လေးအတွက် မိထွေးကောင်းတစ်ယောက် ဖြစ်ချင်သော်လည်း ထိုကောင်လေးမှာ သူမအား အမြဲဲငြင်းပယ်ကာ
ဆိုးနေခဲ့သည်။
စစ်အရာရှိချီသည် ပုံမှန်အားဖြင့် စကားနည်းသည်။ ထို့ကြောင့် သူမစကားစပြောမှသာ တစ်ခွန်းစ၊ နှစ်ခွန်းစပြန်ပြောသည်။ အရာရှိချီနဲ့ နီးနီးကပ်ကပ်နေတော့မည်ဆိုလျှင်လည်း ကလေးကလိုက်နှောင့်ယှက်ကာ ငိုယိုနေတတ်သည်။

မည်မျှဆိုးသလဲဟုမေးလျှင် ညအိပ်တဲ့အချိန်အထိ သူ့အဖေအား လွှတ်မပေးပဲ အတူတူ အိပ်ကြခြင်းဖြစ်သည်။
အလုပ်အရမ်းများသူဖြစ်သောကြောင့်ကတစ်ကြောင်း သူတို့မှာ လင်မယားအရာပင် မမြောက်လိုက်ပေ။

အနီးအနားမှလူများကတော့ သူမကို အရာရှိချီနဲ့လမ်းခွဲစေချင်ကြကာ မနာလိုဖြစ်နေကြသည်။ သို့မှသာ သူတို့အတွက် အခွင့်အရေးရလာမည်ကိုး။

ထိုအချိန်တွင် လီဟုန်ပင်သည် ဤကောင်းမွန်သည့်အခြေအနေကို ထိန်းသိမ်းနိုင်ရန် လင်ပါသားအား နှိပ်စက်ပြီး အမိန့်ပေးဖို့ ဆုံးဖြတ်တော့သည်။
သူမသည် ထိုကလေးအား ရိုက်သတ်ချင်လောက်အောင်အထိ မုန်းတီးလွန်းခဲ့သည်။
ထိုကိစ္စများအား တစ်ဖက်က ပြန်လည်သိရှိသွားခဲ့သည်။
လီအာဟွာသည် ယုတ်မာပက်စက်သည့်အကြံတစ်ခု သမီးအားပေးလိုက်သည်။
ထိုလင်ပါသားအား ကိုယ်ကာယချို့ယွင်းအောင် တစ်ခုခုလုပ်ပစ်ဖို့ရန်ဖြစ်သည်။ ထိုမှသာ မသန်မစွမ်းဖြစ်နေသည့်သားအား ဂရုမစိုက်တော့ပဲ သူမနှင့် နောက်မွေးလာမည့်သားများကို ချစ်ခင်တော့မည်ဖြစ်
သည်။ ထို့နောက် ထိုကလေးအား သေသွားသည်အထိ ညှင်းပန်းနှိပ်စက်ရန် ဆုံးဖြတ်ထားတော့သည်။

မကြာခင်အချိန်အတွင်းမှာပင် သူမ ကွာရှင်းခံလိုက်ရပြီး အိမ်သို့ပြန်ရောက်လာကာ သူမ၏ဂုဏ်သိက္ခာများ အလုံးစုံ ပျက်စီးသွားတော့သည်။

ထိုအခါ ဟုန်ပင်သည် ဆင်းရဲပြီးတုံးအသည့် သာမန်ရွာသားတစ်ယောက်နှင့် ဒုတိယအကြိမ် လက်ထပ်ခဲ့သည်။

သူမဘဝသည် သနားစရာကောင်းနေခဲ့သော်လည်း သူမကလေးဘဝကတည်းက မုန်းတီးခဲ့သည့် ရွှမ်းလင်မှာမူ တက္ကသိုလ်ဆရာမအဖြစ် ကောင်းကောင်းနေနိုင်ခဲ့ပြီးနောက် ရွာမှ ရှောင်ကျင်ချန်းဆိုသူနှင့် လက်ထပ်ခဲ့သည်။
ရှောင်ကျင်ချန်းသည် ယခုမူ ဆင်းရဲနွမ်းပါးသည့် လယ်အငှားမိသားစုမှ ပေါက်ဖွားလာသော်လည်း စီးပွားရေးအမြင်ရှိသောကြောင့် အနာဂတ်တွင် မြို့ပေါ်ရှိ အချမ်းသာဆုံးသူဌေး ဖြစ်လာမည်ဖြစ်
သည်။

ထိုအခါ ရွှမ်းလင်၏ဘဝသည် နေ့ချင်းညချင်းသူဌေးကတော်အဖြစ် ပြောင်းသွားခဲ့သည်။ သူမသည် အိမ်တော်ကြီးတွင် ခမ်းခမ်းနားနားနေရပြီး ကားများ
တစ်နေ့တစ်မျိုး မရိုးအောင်စီးနိုင်သည်။ သူမဝတ်ဆင်သည့် အရာများအား နှစ်ခါထပ် မတွေ့ရပေ။

တစ်နေ့ ဟုန်ပင်သည် ရွှမ်းလင်တို့မိသားစု အပြင်ထွက်လာသည်နှင့် ကြုံခဲ့သည်။
ရွှမ်းလင်သည် သေးသွယ်သည့် ခန္ဓာကိုယ်ပေါ်တွင် အဖိုးတန်ပစ္စည်းများနှင့် လှပစွာ ဆင်ယင်ထားသော်လည်း သူမမှာမူ ဝဝပုပု မိန်းမကြမ်းကြီးအသွင် ဖြစ်နေခဲ့သည်။
ထိုအခါ သူမ ရွှမ်းလင်ဘဝကို အားကျသည်။ ယခုလို အသက် ၁၈ နှစ်အရွယ်သို့ ပြန်ရောက်လာခြင်းက သူမကိုအခွင့်အရေး နောက်တစ်ကြိမ်ပေးလိုက်သလိုပင်။

ယခုဆိုလျှင် ရွှမ်းလင်သည် သူမ၏နုံချာစုတ်ပြတ်လှသည့်ဘဝကို ရတော့မည်ဖြစ်ပြီး သူမမှာမူ ရွှမ်းလင် ၏ရွှေဘုံစံမင်းသမီးဘဝကို ရရှိတော့မည်ဖြစ်သည်။

လီအာဟွာ : “သမီးရယ် သေချာထပ်စဉ်းစားပါဦး အရာရှိချီဆိုတာ နောက်ခံက တော်ရုံမဟုတ်ဘူး”

လီအာဟွာ : “ဒါဆိုလည်း အမေ သမီးအကိုကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ပြောလိုက်မယ်”

ဟုန်ပင် : “မလုပ်ပါနဲ့ အမေ သမီး ကိုယ်သဘောကျတဲ့သူကိုပဲ လက်ထပ်မှာ”
ထိုအကြောင်းကိုကြားသောအခါ လီအာဟွာတစ်ယောက် အံ့ဩသွားသည်။ မနေ့ကပင် အိမ်နားမှတစ်ယောက်က သူ့သမီးအား လယ်သူရင်းငှားနှင့် စကားပြောနေသည်ကို မြင်ခဲ့သည်ဟု ပြောသေးသည်။

ဒါဆို မဟုတ်မှလွဲရော….,

လီအာဟွာ : “သမီး နင်……..”

(ဆက်ရန်)

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now