Chapter 19

323 50 1
                                    

Chapter 19
Yamin AungSeptember 25, 2023
Chapter - 19 (အဖွဲ့၀င် လူတစ်ယောက်)



ရွမ်းလင်က မာပိုတို့ဟူးကို ကိုင်လျက် အိမ်ပြန်လာသည်။ ပထမဆုံး အဖုံးအုပ်လိုက်၏။ ထို့နောက်

ချီဟန် ပြန်လာမည်ကို စောင့်သည်။ သူပြန်လာလျှင် သူ စားချင်လား ဟုမေးရမည်။ သူမကတော့ မြည်းကြည့်ဖို့ အသာထား၊ ထိပင် မထိရဲပေ။ ပဲအနှစ်ထက် အဆများစွာ ပိုစပ်မည့် ဟင်းလျာအား အထင်မသေးတာ ကောင်းလိမ့်မည်။



ရွမ်းလင် လက်ဖြင့် မျက်လုံးကို မထိမိစေရန် ထိန်းချုပ်ထားရသည်။ သူမ မျက်ခွံ့က တဖြည်းဖြည်း လေးလံလာ၏။

နာကျင်သည် မဟုတ်သော်ငြား ပုံမှန်အတိုင်း မဟုတ်ပေ။ တရေး အိပ်လိုက်ရင်

ကောင်းသွားမယ် ထင်သည်။ သူမက ပေါက်စီခြောက်လုံးနှင့် ယုန်ပေါင် မုန့်နှစ်လုံးကို ယူပြီး ဆရာမ ယောင် အိမ်သို့ ထွက်လာခဲ့သည်။ ယောင်ဖျင်းလန်က မုန့်တွေကိုယူပြီး ရွမ်းလင်အား ထူးဆန်းစွာကြည့်၏။

ရွမ်းလင် "ပြန်လိုက်ပါဦးမယ်"

မုန့်တွေ ပေးပြီးသည်နှင့် ရွမ်းလင်ကချက်ချင်းလှည့်ပြန်သည်။ ဆရာမ ယောင်က သူမအား မတားပါ။ သို့သော် အိမ်အ၀တွင် ရပ်ပြီး ရွမ်းလင်ထွက်ခွာသွားသည်ကို ကြည့်နေသည်။

ယောင် "မျက်လုံးက ဘာဖြစ်တာပါလိမ့်။ ငိုထားတာများလား"

ယောင်ဖျင်းလန်၏ ရင်ထဲကျဥ်တက်သွားသည်။

ဒါဆို သူမ အမျိုးသား ပြောတာ မှန်နေပြီလား။

နောက်တစ်နေ့ပင် မကူးလိုက်ပါ။ ကျန်းမိန်းကလေး၏ မျက်လုံးတွေပါ ငိုရလို့ဖူးယောင်နေ၏။

ယောင်က စိုးရိမ်စိတ်ဖြင့် အိမ်ထဲပြန်၀င်သွားသည်။ကျိုရှန်ယုန်ကတော့ သတင်းစာ ထိုင်ဖတ်နေသည်။

ယောင် "ယောက်ျား ချီဟန်က ရှင်နဲ့ အတူတူ ပြန်လာတယ်မလား"

ကျို "အင်းလေ ဘာဖြစ်လို့လဲ"

ယောင် "ဘာမှ မဟုတ်ပါဘူး"

   ~   ~    ~

ခေါင်းဆောင်က လက်နှစ်ဖက်ထဲတွင် နေ့လည်စာဗူးများ ကိုင်လျက် အိမ်သို့ပြန်လာသည်။ သူ့အိမ်တွင် မည်သူမှ ထမင်းမချက်ကြပေ။ သူကလည်း ကန်တင်းမှာသာ စား၏။ လက်ပေါ်မှ အ၀တ်စနှင့်အတူ ရှေ့ကို ဆက်လျှောက်သွားတော့ မွှေးပျံ့နေသော ဟင်းအနံ့ကို ရလိုက်သည်။ ထို့နောက် ရုတ်တရတ် သူ့ ရှေ့တွင် အရပ်ရှည်ရှည်ဖြင့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now