Chapter 30

316 42 1
                                    

Chapter30
Yamin AungOctober 18, 2023
အပိုင်း (၃၀)

ဟာသပဲ



“သေချာ‌ပေါက် ဝတ်စုံ ၄ စုံ ချုပ်မှာပေါ့”

ကျန်းရွှမ်းလင် သူမ ပြောခဲ့တာကို ပြန်တွေးပြီး ခေါင်းတွေတောင် မူးလာသလိုပင်၊ သူမ အဝတ် ၄ စုံ ချုပ်မယ်လို့ ပြောဖို့ သတ္တိတွေ ဘယ်က‌ ရောက်လာမှန်းတောင် မသိပါ။

အစက သူမ လွယ်အိတ်လေး ၂ ခု ချုပ်ပေးချင်ရုံသာ။ ကလေးနှစ်ယောက်ကို ကြည့်ပြီး ပါးစပ်က အဝတ် ၂ စုံလို့ ထွက်သွားခဲ့ခြင်းပေ။ အဝတ်တွေက ချုပ်ရတာ မခက်လောက်ဟု သူမထင်သည်။ သူမသာ သေချာကြိုးစားရင် ချုပ်နိုင်လောက်မည်။

ဘယ်သူထင်မှာလဲ မောင်လေးကသူမကို “မမ ဘယ်မှာလဲ” ဆိုပြီး မေးလိမ့်မယ်လို့...

ကျန်းရွှမ်းလင် စကတ်တွေ ပိုချုပ်ဖို့ရာ တွေးလိုက်မိသည်။ သိပ်လဲမခက်တာမို့ သူမဆုံးဖြတ် ချက်ချလိုက်တော့သည်။

မထင်ထားတာက...ယောကျ်ားလေး ဝတ်စုံ ချုပ်ရလိမ့်မယ်ဆိုတာပဲ။

ကျန်းရွှမ်းလင် မူးဝေသွားသည် “...”

ရုတ်တရက်သူမ မြွေပွေးခါးပိုက် ပိုက်မိသလိုတောင် ခံစားလိုက်ရသည်။

သူမက လွယ်အိတ်လေး နှစ်လုံး ချုပ်ချင်ခဲ့ရုံပါ..။

ကျန်းရွှမ်းလင် မျက်စိစုံမှိတ်ပြီး မျက်နှာကိုခေါင်းအုံးထဲနှစ်ပစ်လိုက်သည်။ ငါက မနေ့တစ် နေ့ကမှ စက်ချုပ်တတ်တဲ့ စောင်တောင်မနည်းကြိုးစား ဖာနေရတဲ့ သာမန်ကောင်မလေး တစ်ယောက်ပါ...။ သူမ ဝတ်စုံ ၄ စုံတောင် ချုပ်နိုင်ပါ့မလား။

ငါ့အင်္ကျီတွေပဲ ငါဝတ်လို့မရဘူးလား။

လက်တစ်ဖက်ကိုအတိုချုပ်ပြီး တစ်ဖက်ကို အရှည်ချုပ်ပစ်လိုက်ရမလား။

ခရီးရှည်ကြီးတစ်ခုလိုပါပဲလား။

ကျန်းရွှမ်းလင် သက်ပြင်းချလိုက်သည်။ ထားလိုက်တော့ တောင်ပေါ်မှာလဲ ကားလမ်းရှိမှာ ပဲ။ သင်္ဘောအတွက်လဲ ဆိပ်ကမ်းရှိမှာပဲ။ ရက်နည်းနည်းလောက်ကြာရင် အစ်မ မေ့ဟုန်

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now