Chapter 29

295 44 1
                                    

Chapter29
Yamin AungOctober 14, 2023
အပိုင်း (၂၉)

ဝန်ထုပ်ဝန်ပိုးဖြစ်စေသော အမျိုးသားများ



ထိုလူ ကုတ်အင်္ကျီကို ပြန်ဝတ်ပြီး အိမ်ကနေထွက်သွားတုန်းက ဒေါသထွက်နေတာနဲ့ တခြားစီ အိမ်ကိုဘဝင်ကျစွာ ပြန်လာခဲ့သည်။ သူ့ရဲ့မျက်နှာမှာ နားမလည်နိုင်တဲ့ စိတ်ရှုပ်မှုတွေနဲ့ ပြည့်နေသည်။

သူတံခါးကနေ ဝင်လာတာနဲ့ အသံကြားတဲ့ သူ့ရဲ့ အမျိုးသမီး ဝမ်ရွှယ်ရှုမှာ အခန်းထဲက မြန်မြန်ထွက်လာပြီး ဒေါသဖြင့် ခေါင်းမော့ ရင်ကော့ထားပေမယ့် သူ့ကိုမြင်တော့ သူမ အနည်းငယ် ဖြေလျှော့သွားသည်။ ဒါပေမယ့် ပါးစပ်တော့မပါ...

“ဘာလဲ။ ပြန်လာသေးတယ်ပေါ့လေ။ လောင်ချင်းနဲ့ သွားနေမှာ မဟုတ်ဘူးလား”

သူ့ရဲ့ မိန်းမအသံကို ကြားတော့ ခေါင်းဆောင် ဟယ် ရုတ်တရက် တုန်တက်သွားသည်။ သူ့မိန်းမကိုသူ ငိုင်ပြီး ကြည့်နေမိရင်း...

“ငါ ဟိုဖက်အိမ်က လင်မယားတွေကို နားမလည်နိုင်တော့ဘူး”

ဝမ်ရွှယ်ရှု “ ... ”

ဝမ်ရွှယ်ရှု နားမလည်နိုင်။ စောနကမှ သူတို့ စကားများထားတာလေ။ သည် အဘိုးကြီး ဟယ်က အပြင်ခဏထွက်သွားပြီး ပြန်လာတာနဲ့ ဟိုဖက်အိမ်က စုံတွဲ အကြောင်း ပြောနေပါလား။

တစ်ခုခုတော့ လွဲနေပြီ။

ဝမ်ရွှယ်ရှု အနားကို သူကပ်လာပြီး..

“မိန်းမ ဟိုဖက်အိမ်က ရှုလင်မယားတွေနဲ့ ရင်းနှီးအောင်လုပ်ပြီး သူတို့ အကြောင်း သိအောင် လုပ်ကြည့်ပါလား”

ဝမ်ရွှယ်ရှု- “စောနကတင် စကားများထားတယ်မဟုတ်ဘူးလား။ ရှင်က ဘာကိစ္စသူများ လင်မယားကိစ္စကို စိတ်ဝင်စားနေရတာလဲ”

“ဘယ်လို လူက လင်နဲ့ မယားအကြောင်းကို နားမလည်မှာလဲ။ မိန်းမတွေက ယောကျ်ား တွေကို မျက်နှာတစ်ခုတည်း ကြည့်ကြိုက်တာ မဟုတ်ဘူးဆို...အေး ကျွန်မ အခုကန်းပြီး ရှင့်ကိုတွေ့ခဲ့တာပဲလေ အကောင်းအဆိုးတောင် မသိဘဲနဲ့”

ခေါင်းဆောင်ဟယ် “....မင်း အဲ့လို ပြောလို့ မရဘူးလေ။ မင်းပြောသလိုဆိုရင် ငါက ချီဟန်

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now