ဖဝါးထက်က ပုလဲသွယ် (၆)(ခ)

7.2K 513 17
                                        

ဖဝါးထက်က ပုလဲသွယ် (၆)(ခ)

ယဲ့ကျာ့ယိုထွက်သွားတော့ မားမားတစ်ယောက်ဝင်လာပြီး အိပ်ရာပြင်ပေးသည်။ ထို့နောက် သူမချောင်းဆိုးလာသည်မို့ လက်ကိုင်ပဝါ အုပ်ဆိုးလိုက်၏။ ထို့နောက် လက်ကိုင်ပဝါကို ကြည့်လိုက်တော့ ရဲရဲနီသော သွေးများ။

သူမလက်တစ်ဖက်က လက်ပတ်လေးကို ကိုင်ထားလိုက်တော့ နေရတာ သက်သောင့်သက်သာ အနည်းငယ်‌တော့ ဖြစ်လာသည်။

သူမခန္ဓာကိုယ်က အလုပ်မလုပ်တော့ပေ။ သူမအချိန်တိုင်း ချောင်းဆိုးနေပြီး ချောင်းမဆိုးလျှင် သွေးအန်သည်။

သူမ ဒီနှစ်ကိုတောင် ကျော်နိုင်ပါ့မလားဟုတွေးနေမိသည်။

ယဲ့ကျာ့ယိုကတော့ ခြေလက်ဆေးကာ အိပ်ရာဝင်ခဲ့သည်။ သို့သော် မျက်နှာကြက်ကိုကြည့်ရင်း သူစိတ်လှုပ်ရှားနေမိသည်။

နောက်ဆုံးတော့ သူ့အစ်မအရင်းကို တွေ့ရပြီ။ မတွေ့ခင်ကတော့ သူမကို ပြီးပြည့်စုံသူတစ်ဦးအဖြစ် စိတ်ကူးယဉ်ခဲ့ပြီး တကယ်တွေ့ရသည့်အခါမှာတော့ ညင်သာသော အသံ နူးညံ့သောစိတ်ထားလေးနှင့် လူတိုင်းရင်ကို နွေးစေခဲ့ပြီး သူထင်ထားတာထက်‌တောင်ပိုပြီး ပြီးပြည့်စုံနေသေးသည်။

...

အိမ်တော်ထဲတွင် မီးများတစ်ညလုံးထွန်းထား၏။ ထိုအိမ်တော်တွင် အတန်ကြာအောင်လူမနေခဲ့သာ်ငြား အဆောက်အဦပုံစံမှာ ထူးခြားလှကာ သစ်လွင်တောက်ပနေသည်။

မြို့တော်ထဲက လူတွေက အမြဲသန့်ရှင်းရေးလုပ်ပြီး ထိုအိမ်တော်တွင်တချို့က အိမ်စောင့်လုပ်ကာ ဂရုစိုက်ပေးကြသည်။ အခု မင်းသားချင် မြို့တော်ကိုလာတော့ အိမ်ရှေ့မင်းသားက လူတချို့ကို ပို့ပေးထားသေးသည်။ မင်းသားချင်ကြောင့်အိမ်တော်တစ်ခုလုံး သက်ဝင်လှုပ်ရှားသွား၏။

စာကြည့်ဆောင်တွင်....

ရွှေရောင်စားပွဲဘေးတွင်တိရှောင်းက ထိုင်နေပြီး စားပွဲပေါ်တွင်လည်း စာခုနစ်စောင် ရှစ်စောင်က ပျံ့ကြဲနေ၏။ ထိန်ထိန်ငြီးသော မီးရောင်က နေ့အလင်းရောင်သဖွယ်။

ထိုစဉ် ရုတ်တရက် တံခါးခေါက်သံ ထွက်လာသည်မို့ သူက လက်ထဲက မှင်တံကိုမချဘဲ အေးစက်စွာ ပြောလိုက်သည်။ "ဝင်ခဲ့"

ဖဝါးထက်က ပုလဲသွယ် (Complete)Where stories live. Discover now