8. Just take my hand

4.5K 301 44
                                    

( Unicode )

" Breaking news
ပျောက်ဆုံးနေသော အိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ်၏သားငယ်တို့အား သိပ္ပံလက်တွေ့ဆောင်ရှိ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ထားရှိရာအခန်းတစ်ခန်းထဲတွင် တရားခံနှင့်အတူတွေ့ရှိအခန်းတွင်း အမိုးနီးယားဓာတ်ငွေ့ သိုလှောင်ထားသည့် သံတိုင်ကီတစ်လုံးမှ ယိုစိမ့်လာသော ဓာတ်ငွေ့များကို ရှူရှိုက်မိပြီး သုံးဦးစလုံး သတိလစ်မေ့မြောလျက်ရှိကြောင်း သိရ "

အမှတ်(၁) အထက်တန်းကျောင်းရှေ့ကနေ တိုက်ရိုက်ထုတ်လွှင့်နေသော သတင်းကို တီဗီိနှင့် ရေဒီယိုများမှ တစ်ဆင့် စောင့်မျှော်ကြည့်ရှုနေကြသော ပြည်သူများသည် ပျောက်ဆုံးနေသော အိမ်ရှေ့မင်းသားတို့နှစ်ယောက်အား တွေ့ပြီဆိုသည့်တိုင်အောင် ရတတ်မအေးနိုင်ကြသေး။ ကျောင်းထဲမှ ပြေးထွက်လာကြသော ကျောင်းသားကျောင်းသူများမှာ ရုတ်တရက်ကြုံတွေ့လိုက်ရသော ထိတ်လန့်စရာကိစ္စကြောင့် ပြင်ပကစောင့်နေသည့် အုပ်ထိန်းသူများရင်ခွင်ဝယ် ငိုသူကငိုနေကြသည်။ တရားခံမှာ ကျည်အစစ်ဖြင့် မဟုတ်ဘဲ ကျည်အတုကို အသုံးပြီး၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး တချို့နှလုံးအားနည်းသူများဆိုလျှင် ကြောက်အားလန့်အားဖြင့် သတိလစ်မေ့မြောသွားကြသောကြောင့် ကျန်းမာရေးကားများနှင့် တစ်စီးပြီးတစ်စီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်နေကြရသည်။

ဝန်ကြီးချုပ် ဦးသန့်စင်တည်ကြည်တစ်ယောက် အဆိုပါကျောင်းတွင်းတိုက်ခိုက်မှုသတင်းကြောင့် လက်ရှိပြုလုပ်နေသော အစည်းအဝေးအား ဖျက်သိမ်းကာ ဒဏ်ရာရသည့်ကျောင်းသားများရှိရာ ဆေးရုံသို့ အမြန်ပင် အပြေးအလွှားရောက်လာခဲ့သည်။ ဝန်ကြီးချုပ်နှင့် ရှေ့ဆင့်နောက်ဆင့်ပင် ဧကရာဇ်နှင့်ကြင်ယာတော်တို့ လိုက်ပါလာသည့် တော်ဝင်မိသားစုမှ ကားများလည်း ထိုဆေးရုံသို့ ရောက်ရှိလာကြသည်။ မကိုဋ်ရတနာနန်းတော်အတွင်းမှာတော့ မြေးဖြစ်သူ၏သတင်းကြားပြီး ရုတ်တရက်သွေးတိုး၍ မူးလဲမတက် ဖြစ်သွားသော မယ်တော်ကြီးကြောင့် ဘုဏ်းဒေဝီကျော်နှင့်အတူ ဆွေတော်မျိုးတော်များ ၊ သမားတော်များ ၊ အမှုထမ်းများအားလုံး တစ်ပူပေါ်နှစ်ပူဆင့်ကုန်ကြရ၏။

Forget-Me-Nots  { Completed }Where stories live. Discover now