15. No Sex, No Drug

4.7K 240 39
                                    

( Unicode )

" ဂိုး... "

ဘယ်သူ သွင်းလိုက်မှန်း သေချာမသိလိုက်ပေမဲ့ ဘောလုံးကွင်းထဲမှာ ခုန်ပေါက်အော်ဟစ်သံများဖြင့် ဆူညံသွားသည်။ မနက်ကတည်းက ခပ်ညို့ညို့ဖြစ်နေသော ကောင်းကင်ဆီမှ မိုးဖွဲလေးများက မြက်ခင်းစိမ်းစိမ်းပေါ်သို့ စတင်ဆင်းသက်လာ၏။ နေ့ခင်းပိုင်း ကျောင်းပြန်တက်ဖို့ကလည်း ဆယ်မိနစ်ခန့်သာ လိုတော့သည်။

" မင်း ငါ့ကို လက်ထပ်မယ်ပြောခဲ့တာ မှတ်မိလားလို့ ရှင်းသန့်တည် "

" ပေါက်ကရတွေပြောနေတာ တော်လိုက်တော့ ၊ ငါ ဘယ်တုန်းကမှ အဲလိုမပြောဖူးဘူး "

" ဟ "

ချွတ်ထားသည့် ယူနီဖောင်းအပေါ်ဝတ်ကို လက်တစ်ဖက်က ကောက်ကိုင်ပြီး တစ်ဖက်က ကျောပိုးအိတ်ကိုဆွဲကာ ရှင်းသန့် ထိုင်နေရာမှ ခပ်သွက်သွက် ထလာခဲ့သည်။ ဘုဏ်းဇေကလည်း သူ့နည်းတူ နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာကာ

" မင်း တကယ် မမှတ်မိဘူးလား "

" ငါ မပြောခဲ့ဖူးတဲ့ဟာကို ငါက ဘယ်လို မှတ်မိရမှာလဲ "

" မင်း အဲလိုပြောခဲ့တာပါဆို ၊ လေးတန်းတုန်းက မင်းနေမကောင်းလို့ ကျောင်းပျက်တော့ မင်းအိမ်ကို ငါပထမဆုံး လာဖူးတဲ့နေ့ကလေ ၊ မင်းအတွက် စားစရာတွေရော ၊ စာကူးဖို့ စာအုပ်တွေရော ယူလာပေးလို့ မင်းက ငါ့ကို သဘောကောင်းတယ်ဆိုပြီး မင်းကြီးရင် ငါ့ကို လက်ထပ်မယ်လို့ ပြောခဲ့တာလေ "

ဘုဏ်းဇေက အတိအကျတွေ ပြန်ပြောပြလေ ၊ ရှင်းသန့် ခြေလှမ်းတို့က ရှေ့ကနေပိုမြန်လေပင်။

" ငါမသိဘူး ၊ အဲလိုလဲ မပြောဖူးဘူး ၊ မင်းဟာမင်း အိပ်မက်မက်တာတို့ ၊ စိတ်ကူးယဉ်တာတို့ နေမှာပေါ့ ၊ တကယ်တော့ မင်းကမှ စာရေးဆရာလုပ်ရမှာ၊ မဟုတ်တာတွေ ဇာတ်လမ်းထွင်ပြောနေတာ "

" ဟ ၊ ငါက လျှောက်ပြောနေတယ် ထင်နေလား ရှင်းသန့်တည် ၊ မင်းအိမ်ကို ငါလာတဲ့နေ့ကို မင်း တကယ်မမှတ်မိဘူးလား "

" မဟုတ်တာတွေတော်တော့လို့ ၊ နားငြီးတယ် "

မိုးက အရှိန်နည်းနည်းပိုရလာပြီ။ ရှင်းသန့် ကိုင်ထားသည့် ကျောပိုးအိတ်ကိုလွယ်ကာ အပေါ်ဝတ်အင်္ကျီကို ခေါင်းမှာဆောင်းပြီး ကျောင်းဆောင်ရှိရာ အမြန်ပြေးသွားသည်။

Forget-Me-Nots  { Completed }Where stories live. Discover now