46. Love wins

3.7K 284 54
                                    

( Uni )

ကြည်လင်သော ကောင်းကင်သည် မိုးသားတိမ်တိုက်တို့ မရှိသလို နေကလည်း ဝင်းဝင်းတောက်အောင် ထွက်မနေ။ ရာသီဥတု သာယာပြီး ခပ်သော့သော့ တိုက်နေသော လေအေးအေးလေးက လမ်းပေါ်မှာ စုဝေးနေကြသည့် ပြည်သူလူထုကို မပင်မပန်းဘဲ သက်သောင့်သက်သာရှိစေသည်။

ဒါသည်ပင် သဘာဝတရားက သူတို့နှင့်အတူ ရပ်တည်ကြောင်း ပြသခြင်းပေလား မပြောတတ် ။

အင်တာနက်ပေါ်က videoတွေကိုကြည့်ရင်း ဘုဏ်းဇေ အပြုံးတို့ ရပ်တန့်မရပေ ။ သက်တံရောင်အလံကို ပုခုံးမှာ ခြုံပြီး လူအများရှေ့မှာ ရပ်နေသည့် ရှင်းသန့်တည်က သူ့မျက်စိထဲမှာ စူပါဟီးရိုးတစ်ယောက်နှင့်တူ၏ ။ ဘေးမှာလည်း သူငယ်ချင်းတွေအားလုံး ဝိုင်းဝိုင်းဝန်းဝန်း ရှိကြပါသည် ။ နောက်ပြီး Unityက ဝန်ထမ်းတွေကလည်း လူအုပ်ကြီး၏ ရှေ့ဆုံးကနေ တက်ညီလက်ညီ ။

ခဏနေတော့ ရောင်ရှိန့်ဆီ ဖုန်းလှမ်းဆက်ရသည် ။ မကြာခင် ကိုးနာရီထိုးတော့မည်ဖြစ်၍ သည်လူတွေအတွက် နေ့လယ်စာ စီစဉ်ပေးဖို့ ။

"ဟဲလို ... ရောင်ရှိန် ... ငါပြောတာ ကြားလား "

" အေးအေး ... ကြားတယ် ပြော "

" နေ့လယ်စာအတွက် food truck တွေ စီစဉ်ပေးလိုက်ဦး "

" ဒီလူတွေ အကုန်လုံးစာလား "

" အေးပေါ့ "

လင်းရောင်ရှိန် လူအုပ်ကို ပြန်ကြည့်တော့ အရှေ့နန်းမြို့ရိုးတစ်လျှောက်အပြည့် ။ သူမမြင်နိုင်သည့် အနောက် ၊ တောင် ၊ မြောက်မှာလဲ ရှိသေးသည်။ လူဦးရေက ခန့်မှန်းလို့ပင်မရအောင် များပြားလွန်း၏ ။
မြို့ထဲမှာရှိသမျှ စားသောက်ဆိုင်အားလုံးကနေ မှာတောင် လောက်ပါ့မလားမသိ ။ အသင့်စား မုန့်တွေရော ပါမှဖြစ်မည် ။

" ဘယ်သူ့ပိုက်ဆံနဲ့ ကျွေးမှာလဲ "

" မင်းပိုက်ဆံနဲ့လေ "

" ဟ ! "

" ဒီလောက်ကတော့ မင်းအတွက် ဘာမှဖြစ်မသွားပါဘူးကွ .... အဟွန်း ....ကိုယ့်သူငယ်ချင်းကို ပါရမီ ဖြည့်ပေးရတယ်လို့ပဲ သဘောထား ၊ တကယ်ကွာ ငါ့ဘဝကြီးက ဒီမှာ အကျဉ်းကျနေသလို ... "

Forget-Me-Nots  { Completed }Where stories live. Discover now