3. I'll protect you

6.6K 378 2
                                    

( Unicode )

' ရှင်းသန့်တည်နဲ့ သူငယ်ချင်းဖြစ်ချင်တယ်၊
ရှင်းသန့်တည်လို သူငယ်ချင်းမျိုး လိုချင်တယ် '

လိမ္မော်ရောင်နေမင်းကြီးသည် အနောက်အရပ်သို့ တဖြည်းဖြည်း ဆုတ်ခွာနေပြီး ငြိမ်းအေးသာစံမြို့တော်အား တစ်နေ့တာအတွက် နှုတ်ဆက်ခွဲခွာလျက်ရှိသည်။ မကိုဋ်ရတနာ နန်းတော်ရာအတွင်းရှိ အမှုထမ်းအချို့ကတော့ အခုထက်ထိ မနားကြရသေး။ မနက်ပိုင်းက အိမ်ရှေ့စံ၏မွေးနေ့ပွဲ အခမ်းအနား နောက်ဆက်တွဲအနေဖြင့် ရှင်းလင်းစရာရှိသည်များ ရှင်းလင်းပြီး သိမ်းဆည်းစရာရှိသည်များ သိမ်းဆည်းနေကြရသည်။ သို့သော်လည်း သူတို့မျက်နှာပေါ်မှာ ပင်ပန်းမှုအရိပ်အယောင်များကိုတော့ မတွေ့ကြရ။ ထိုအစား သူတို့အိမ်ရှေ့မင်းသားလေး၏ စောင်းလက်သံ ဘယ်လောက်ကောင်းကြောင်းနှင့် သူတို့မင်းသားလေး ဘယ်လောက်ချစ်ဖို့ကောင်းကြောင်းကိုသာ ပျော်တပြုံးပြုံးဖြင့် ပြော၍မပြီးနိုင် ဖြစ်နေကြသည်။

အိမ်ရှေ့မင်းသား၏အဆောင်တော်ဖြစ်သော ဘုံမြနန်းစံအိမ်၏ အိပ်ခန်းထဲမှာတော့ သည်နေ့ပဲ ရှစ်နှစ်ပြည့်သွားသည့် ဘုဏ်းဇေယျာကျော်တစ်ယောက် လက်နှစ်ဖက်ကို နောက်မှာထားပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ မွေးနေ့ပွဲမှာ တွေ့ခဲ့ရသည့် ဝန်ကြီးချုပ်သားနှင့် သူငယ်ချင်းဖြစ်ခွင့်ရဖို့ နည်းလမ်းကို ‌ရှာကြံနေလေ၏။

ဘုဏ်းဇေမှာက တော်ဝင်မျိုးနွယ်မဟုတ်သည့် ပြင်ပကသူငယ်ချင်းရယ်လို့ သိပ်မရှိပေ ။ ကျောင်းတွင် သူနှင့်ခင်ခင်မင်မင် စကားပြောသည့် သူငယ်ချင်းများက ဆွေမျိုးနီးစပ်တော်သူများ ၊ သို့မဟုတ် တော်ဝင်အမှုထမ်းများ၏ သားသမီးများသာ ဖြစ်သည်။ တခြားအတန်းဖော်များက သူ့ကိုဆို ရင်းရင်းနှီးနှီး သိပ်မဆက်ဆံကြ။ သူနှင့်အတန်းဖော်တွေကြားမှာ အတူလုပ်၍ မရနိုင်သည့်အရာတွေ များစွာရှိနေပြီး အလွှာတစ်ခုခြားနေသလို။ သူ့ကို ပုံမှန်အတိုင်းဆက်ဆံပြီး သူနှင့် အမျိုးလည်းမတော်သည့် သူငယ်ချင်းဆို၍ သီဟမင်းတည်နှင့် လင်းရောင်ရှိန်တို့နှစ်ယောက်သာရှိသည်။

Forget-Me-Nots  { Completed }Where stories live. Discover now