33. Chapter closed

3.6K 267 51
                                    

( Unicode)

ခန်းစီးလိုက်ကာကြားက တိုးဝင်လာသည့် နေရောင်ခြည်က နွေးသော်လည်း အခန်းတွင်းလေထုကတော့ အေးစက်မှုအပြည့် ။ တွေ့လိုက်ရသည့် စာရွက်စာတမ်းတွေကို ဘေးမှာချပြီး ကုတင်ပေါ်မှာ မလှုပ်မယှက် ထိုင်ရင်း ဘုဏ်းဇေ စိတ်ထဲမှာ ဝမ်းနည်းခံပြင်းမှုတို့ဖြင့် ပြည့်သိပ်လာ၏။ သူစပြီး စစ်မှုထမ်းရမည့်ရက်နှင့် တစ်ရက်တည်းဖြစ်သည့် လေယာဉ်လက်မှတ်က သူ့ကို လှောင်ပြောင်နေသလိုလည်း ခံစားရသည်။

သည်ကိစ္စကြီးတစ်ခုလုံးကို ကြိုတင်တိုင်ပင်ခြင်း ၊ အသိပေးခြင်း မရှိရလောက်အောင်အထိ ရှင်းသန့်အတွက် သူက အရေးမပါဘူးလား ။

ရှင်းသန့်ကတော့ ရေချိုးခန်းထဲက ထွက်လာပြီး ဘုဏ်းဇေကို တစ်ချက်ကြည့်ကာ ဘာတစ်ခွန်းမှမပြောဘဲ သူ့ကိုယ်သူ ရေစင်အောင်သုတ်ပြီး အဝတ်အစားလဲဖို့ပဲ အာရုံထားနေသည်မှာ အေးအေးသက်သာပင် ။ သည်ပုံစံကို သူ လုံးဝ မနှစ်မြို့ပါ ။ သည်ပုံစံက သူ တစ်ချိန်လုံး သိလာခဲ့ရသည့် ရှင်းသန့်တည်နှင့် မတူဘဲ ဘယ်သူတွေ ဘာဖြစ်နေနေ သွေးအေးအေးနှင့် လုပ်စရာရှိတာကိုပဲ လုပ်နေသည့် တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးသည့် လူတစ်ယောက်နှင့် တူနေသည်။

" ဘာသဘောလဲ ရှင်းသန့်တည် ....မင်းမှာ ဘာမှပြောစရာမရှိဘူးလား "

" မင်း အခု တွေ့ပြီးပြီပဲမလား "

သူ့ကိုတည်တည့်မတ်မတ်ကြည့်ပြီး ပြောလာသည့် မျက်နှာက သိပ်ကိုတည်ငြိမ်လွန်း၏။ စိတ်လှုပ်ရှားခြင်းမရှိ ၊ အသိမပေးဘဲထားခဲ့သည့်အတွက် သူ့အပေါ်မှာ အားနာခြင်း ၊ စိတ်မကောင်းဖြစ်ခြင်းတို့လည်း အနည်းငယ်မျှရှိပုံမပေါ် ။ မျက်ဝန်းများက ဘာခံစားချက်မျှမပါသည့်အတိုင်း ဗလာသက်သက်နိုင်လွန်းသည် ။

" တွေ့ပြီးလို့ မေးနေတာလေ ၊ ဒါက ဘာသဘောလဲလို့ ၊ ဘာလို့ မောင့်ကို ဒီအကြောင်း မပြောခဲ့ရတာလဲ "

" ငါ့ကိစ္စတွေအားလုံး မင်းကို အကုန်ပြောပြနေရမှာလား ၊ ငါ့မှာလဲ ငါ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ငါ ရှိသေးတယ်လေ "

မျက်နှာသေဖြင့် အေးတိအေးစက် ခွန်းတုံ့ပြန်မှုနောက်မှာ ဘုဏ်းဇေ ကြောင်အစွာ ထရပ်မိသည်။ သည်အခြေအနေကို နားလည်ဖို့လည်း မနည်းလိုက်ပြီး ကြိုးစားနေရ၏။

Forget-Me-Nots  { Completed }Where stories live. Discover now