23. King of my heart

4.8K 247 58
                                    

( Unicode )

ကျောင်းစဖွင့်တာ တစ်လကျော်ပြီဖြစ်၍ တက္ကသိုလ်များ၏ အစဉ်အလာအတိုင်း ပထမနှစ်ကျောင်းသားများအတွက် Fresher Welcome ဟုခေါ်သော မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပရန် အချိန်ရောက်ရှိလာပြီဖြစ်သည်။ Welcome အတွက် အစီအစဉ်များကို တတိယနှစ်နှင့် နောက်ဆုံးနှစ်မှ စီနီယာကျောင်းသားကျောင်းသူများမှ ဦးစီးဦးဆောင်ပြုကြရသည်။

ငြိမ်းအေးသာစံ တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲသည်  မြို့တော်အတွင်း အထင်ကရဖြစ်သော အခမ်းအနားတစ်ခုဟုဆိုလျှင်လည်းမမှား ။ ကျောင်းသားများအတွက် ပျော်ပွဲရွှင်ပွဲတစ်ခုဆိုသော်လည်း ပါမောက္ခချုပ်ကြီးကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားသည့်အပြင် ပညာရေးဝန်ကြီး ၊ ငြိမ်းအေးသာစံ မြို့တော်ဝန်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ပါ တက်ရောက်ချီးမြှင့်ကြသည့် ပွဲတစ်ပွဲ ဖြစ်သည်။ နာမည်ကျော် အနုပညာရှင် သုံးလေးဦးလည်း နှစ်စဉ်နှစ်တိုင်း လာရောက်ဖျော်ဖြေလေ့ရှိကြ၏ ။ ထို့ကြောင့် Fresher Welcome ကျင်းပတော့မည်ဆိုသည်နှင့် ကျောင်းသားအားလုံး စိတ်လှုပ်ရှားပြီး ပျော်ရွှင်တက်ကြွနေကြတော့သည်။

" အမလေး ရှင်းသန့်ရယ် .... ရှာလိုက်ရတာ ၊ အတန်းပြီးတာနဲ့ လှစ်ခနဲ ပျောက်သွားတော့တာပဲ... နင့်ကိုလေ...အယ် "

ကန်တင်းတစ်ခုထဲမှာ နေ့လယ်စာစားနေစဉ် ရှင်းသန့်နှင့် တစ်မေဂျာတည်းမှ ပီတိနှင့်ဆာယာဟုခေါ်သော ကောင်မလေးနှစ်ယောက်က ရှင်းသန့်ဆီ ရောက်လာကြသည်။ ပီတိတို့က ရှင်းသန့်ကို ဘယ်လောက်လိုက်ရှာနေကြသလဲမသိ။ ရှင်းသန့်ကို မြင်မြင်ချင်း အားရဝမ်းသာနှင့် ပြေးလာကြ၏။ အနားရောက်မှ ရှင်းသန့်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ဘုဏ်းဇေကိုမြင်ပြီး ပြောလက်စ စကားတို့ ရပ်သွားကာ ခေါင်းငုံ့နှုတ်ဆက်ရမှာလိုလို နောက်ပြန်လှည့်ရမှာလိုလို ဖြစ်ကုန်တော့သည်။

အိမ်ရှေ့စံကို ရှင်းသန့်နှင့်အတူတွဲပြီး မကြာခဏ အဝေးက တွေ့ဖူးပေမဲ့ အခုလိုမျက်နှာချင်းဆိုင် မဆုံဖူးသဖြင့် ရုတ်တရက် ပီတိတို့စိတ်ထဲမှာ ရှိန်သွားကြတာ အမှန်ပင်။ သို့သော် အိမ်ရှေ့စံက ပီတိတို့နှစ်ယောက်ကို ကြည့်ပြီးပြုံးပြပါသည်။ ရှင်းသန့်က ခင်ဖို့ကောင်းသလို ရှင်းသန့်နှင့်အတွဲညီဆုံး အိမ်ရှေ့မင်းသားကလည်း ခင်စရာကောင်းလောက်မည်ဟု ကောက်ချက်ချလိုက်ကြသည်။

Forget-Me-Nots  { Completed }Where stories live. Discover now