Extra - 1

2.5K 244 35
                                    

( Uni )

အဖြူရောင်ကား‌လေးတစ်စီးသည် ငြိမ်းအေးသာစံ အစိုးရပြည်သူ့ဆေးရုံ ဟူသော ဆိုင်းဘုတ်ကို‌ဖြတ်ကျော်ပြီး ဆေးရုံဝင်းအတွင်းသို့ ပုံမှန်အရှိန်လေးနှင့် မောင်းဝင်လာသည် ။ ကားထဲမှာလိုက်ပါလာကြသူတွေက လူနာများထံမှ "မျက်နှာမြင်ရုံနှင့် ရောဂါတစ်ဝက်သက်သာရသည်"ဟု မှတ်ချက်ပြုခြင်းခံထားရသော ဆရာဝန်အမျိုးသမီးလေးနှစ်ဦး ။

" ကောင်မလေးတစ်ယောက်ကဟေး ... ပြောတော့ အပျိုကြီးလုပ်ပြီး တစ်သက်လုံး ဖေဖေတို့မေမေတို့နဲ့ အတူတူနေမှာတဲ့ "

ဘေးကနေ ဆေးပညာနှင့်ပတ်သက်သည့် စာအုပ်တစ်အုပ်ကိုဖတ်ရင်း လိုက်လာသည့် ပျံ့ပျံ့ကို မမရွှန်းလဲ့က ကားမောင်းရင်း စနောက်လာသဖြင့် ပျံ့ပျံ့ ရှက်ရယ် ရယ်ပြီး စာအုပ်ကိုပိတ်လိုက်ရသည် ။ အခုဆို ကိုကိုရှင်းရှင်း သတင်းပေးမှုကြောင့် ပျံ့ပျံ့မှာ ရည်းစားရှိတာလည်း တစ်အိမ်လုံး သိကုန်ကြပြီ ။ ပျံ့ပျံ့ရည်းစား ဘယ်သူဆိုတာကအစ ။

"  မမရွှန်းလဲ့ကလဲ ၊ ပျံ့ပျံ့က တကယ် အပျိုကြီးလုပ်မှာပါဆို ၊ ရည်းစားက ထားဖူးတယ်ရှိအောင် ထားကြည့်တာလို့ ၊ အခု ပြတ်သွားပါပြီဆို "

" တော်ပါ ကလေးမရယ် ၊ စကားကို ကုန်အောင် မပြောပါနဲ့ ၊ ဟိုမှာ ကြည့်ဦး "

မမရွှန်းလဲ့ ညွှန်ပြရာကို ပျံ့ပျံ့ကြည့်လိုက်ရာ ကားပါကင်အနီးက မြက်ခင်းစိမ်းစိမ်းပေါ်မှာ နှင်းဆီပန်းအဖြူများဖြင့် ပုံဖော်ထားသည့် စာတန်းတစ်ခုကို ထင်ထင်လင်းလင်း တွေ့ရသည်။

ရေးထားတာက " ကိုကို ပျံ့ပျံ့ကို ချစ်တယ် " တဲ့ ။

" အယ် "

မျက်လုံးလေးဝိုင်းပြီး နှုတ်ခမ်းလွှာလေးနှစ်ချပ် ပွင့်ဟသွားသည့် ပျံ့ပျံ့ကို မမရွှန်းလဲ့က ရယ်ရွှင်သည့် မျက်ဝန်းများဖြင့် ကြည့်ကာ မေးဖျားလေးကိုပါ ဆွဲညှစ်ပြီး

" အဲဒါမို့ စကား အကုန်မပြောပါနဲ့ဆို " တဲ့ ။

ကားပေါ်က‌ဆင်းတော့ တွေ့သမျှ လုပ်ဖော်ကိုင်ဖက်အားလုံးကလည်း ပျံ့ပျံ့ကိုကြည့်ပြီး ပြုံးနေကြသည်။ ပျံ့ပျံ့ ရှက်လည်းရှက်သလို စိတ်ထဲမှာလည်း လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်ရသည် ။

Forget-Me-Nots  { Completed }Onde histórias criam vida. Descubra agora