40. Loving can hurt sometimes ( Unicode )

4.1K 335 86
                                    

သူငယ်ချင်းမေတ္တာ လုံလောက်အောင် မပေးနိုင်ခဲ့လို့များလားတဲ့ ။

ဦးကျော်နိုင့်အိမ်က ပြန်လာကတည်းက ရောင်ရှိန့်အတွေးထဲမှာ သည်စကားတစ်ခွန်းက စိုးမိုးနေခဲ့သည် ။ သူသိရသလောက်တော့ ဘယ်သူကမှ သီဟအပေါ် တမင်ခွဲခြားဆက်ဆံခြင်းမျိုး မရှိခဲ့ပါ ။

သို့ပေမဲ့ လူဆိုတာ သူ့ဗီဇနှင့်သူ ပါလာပြီးသားမဟုတ်လား ။

သီဟက ခန့်မှန်းရခက်သည်။ ဘုဏ်းဇေကို တမင်စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောတတ်သည်ကလွဲပြီး တခြားခံစားချက်တွေကို မပေါ်လွင်အောင် နေတတ်သည် ။ သူငယ်ချင်းအချင်းချင်း ဆိုးတိုင်ပင် ၊ ကောင်းတိုင်ပင်ခြင်းလည်း မရှိပေ ။ သည်လိုဖြစ်ရတာ မိသားစု အသိုင်းအဝိုင်းနှင့်လည်း သက်ဆိုင်လိမ့်မည်ထင်သည်။ သီဟတို့မိသားစုက စည်းကမ်းတင်းကျပ်ပြီး တသီးတသန့် နေတတ်ကြသည်ဟု ပြောသံကြားဖူး၏။ သူတို့တွေ နှစ်အကြာကြီး ပေါင်းသင်းလာခဲ့သော်လည်း သီဟအိမ် မရောက်ဖူးသလို သီဟမိဘတွေနှင့်လည်း မရင်းနှီးခဲ့ပါ ။

လေးတန်းတုန်းက သီဟ တစ်ပတ်ခန့်  ကျောင်းမလာ၍ သီဟအိမ်ကို ရောင်ရှိန်ဖုန်းဆက်ဖူးသည် ။ ထိုအချိန်က သူတို့မှာ ကိုယ်ပိုင်ဖုန်းမရှိသေး၍ အိမ်ဖုန်းနှင့် ဆက်ကြရသည် ။ သီဟ ဘာကြောင့် ကျောင်းမလာသလဲဟု သူမေးတော့ " ကိုကို ဆုံးလို့ " ဟု ပြောပြီး ဖုန်းချသွား၏။ အမှန်တော့ သီဟဖုန်းကို တစ်ယောက်ယောက်ကယူပြီး ဆက်ပြောလို့မရအောင် ဖုန်းချပစ်လိုက်ခြင်းပင်။

အခုမှ ရောင်ရှိန်သိခဲ့ရတာ ထိုနေ့က သီဟပြောသည့် ကိုကိုဆိုတာ နှလုံးရောဂါဖြင့် ဆုံးသွားသည့် ဦးဝဏ္ဏမင်း၏သားပါတဲ့ ။ တစ်ဝမ်းကွဲဆိုပေမဲ့ သီဟက အစ်ကိုဖြစ်သူအပေါ် တော်တော်ခင်တွယ်ဟန်တူသည် ။ ဦးလေးဖြစ်သူ အဖမ်းခံရပြီး ဦးလေးမိသားစု ပျက်စီးသွားရသည့်အပေါ် ရှင်းသန့်အဖေ ဝန်ကြီးချုပ်ကြောင့်ဟု အမှတ်သည်းခဲ့ပုံရ၏ ။ ဦးဝဏ္ဏမင်း ထောင်က လွတ်လာသည့်အချိန်မှာလည်း သီဟခေါင်းထဲ သည်လိုအတွေးတွေဝင်အောင် ရိုက်သွင်းထားခဲ့ခြင်း ဖြစ်လိမ့်မည်။

ရှင်းသန့်အပေါ် မနှစ်သက်ပါဘဲနှင့် ရှင်းသန့်ကို ချစ်တယ်ဟု ထပြောရတာကရော ဘာကြောင့်များလဲ ။ ဘုဏ်းဇေ စိတ်ဆိုးအောင် ဘာလို့ လုပ်ရတာလဲ ။

Forget-Me-Nots  { Completed }Where stories live. Discover now