25. " Jag vill kyssa dig " eyes

4.1K 252 34
                                    

( Unicode )

" မင်းသားဖီးလစ်ကို ကြိုဆိုပါတယ်  "

ကျောပိုးအိတ်တစ်လုံးသာပါပြီး ကင်မရာကို လည်ပင်းမှာဆွဲ၍ သာမန်ခရီးသွားပြည်သူတစ်ယောက်လို ဝတ်စားထားသည့် ဆွီဒီနိုင်ငံမှ တော်ဝင်မင်းသား ဖီးလစ်တစ်ယောက် ညရှစ်နာရီအချိန် ရိုးရိုးလေကြောင်းလိုင်းဖြင့် ငြိမ်းအေးသာစံမြို့တော်သို့ ရောက်ရှိလာသည့်အကြောင်းကို မည်သည့်မီဒီယာမှ သတင်းကြိုမရခဲ့ကြသလို ဧကရာဇ်ကိုယ်တိုင်ပင် သည်ကနေ့ နေ့လယ်ကမှ ဆွီဒင်နန်းတော်က ဆက်သွယ်အကြောင်းကြားပြီး သူတို့မင်းသားကို ကြိုဆိုစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခံလာသဖြင့် သိခဲ့ရခြင်းပင်။

ဆွီဒင်ထီးနန်း၏ ဒုတိယဆက်ခံသူ နေရာမှာရှိသော မင်းသားဖီးလစ် သည်နိုင်ငံကို ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာရသည့်အကြောင်းက နှစ်နိုင်ငံချစ်ကြည်ရေးလည်း မဟုတ်သလို နိုင်ငံရေး ၊ စီးပွားရေးနှင့်လည်း လားလားမျှ သက်ဆိုင်ခြင်းမရှိပေ။ ဆွီဒင်နန်းတော်ဘက်ကတော့ အလည်အပတ်သက်သက်ဖြစ်ကြောင်းနှင့် သူတို့မင်းသားက အခမ်းအနားနှင့် တကြီးတကျယ်တွေ မကြိုဆိုစေချင်သဖြင့် တိတ်တဆိတ် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

သို့သော်လည်း အိမ်‌ရှင်ပီပီ ဧည့်သည်ကို ကြိုဆိုဧည့်ဝတ်ပြုရမည့် ဝတ္တရားရှိသောကြောင့် တော်ဝင်အခမ်းအနားနှင့် မဟုတ်သော်လည်း လုံခြုံရေးအပြည့်ဖြင့် ဘုဏ်းဇေနှင့်ရှင်းသန့်ကို ဦးဆောင်ပြီး မင်းသားဖီးလစ်ကိုကြိုဆိုဖို့နှင့် သည်မှာနေမည့် သုံးရက်အတွင်း ဖီးလစ်ကို  ဧည့်ခံပေးဖို့ ဧကရာဇ်က သူတို့ကို တာဝန်ပေးခဲ့သည်။

ဖီးလစ်က ဘုဏ်းဇေတို့နှင့် ရွယ်တူဖြစ်သည့်အပြင် လွတ်လွတ်လပ်လပ် ရိုးရိုးရှင်းရှင်းနေရသည်ကို သဘောကျသူမို့ သည်တာဝန်က သူတို့အတွက်လည်း သိပ်တော့အပန်းမကြီးလှ ။ ဘုဏ်းဇေ ခုနစ်နှစ်သားအရွယ်က ဆွီဒင်ကိုအလည်သွားရင်း ဖီးလစ်နှင့် တစ်ခါဆုံဖူးသော်လည်း သည်အကြောင်းကို ပြန်ပြောရလောက်တဲ့အထိတော့ မှတ်ဉာဏ်ထဲမှာ များများစားစားမရှိပါ။ ဆွီဒင်နိုင်ငံ၏ အိမ်ရှေ့မင်းသား မဟုတ်ဘဲ ဒုတိယဆက်ခံသူနေရာမှာရှိသည့် ဖီးလစ်အကြောင်းကို  ဘုဏ်းဇေအနေဖြင့် သိပ်လည်းမသိဟု ပြောရမည်။ သို့ပေမဲ့ ဖီးလစ်ကတော့ ဘုဏ်းဇေကို ကောင်းကောင်းသိနေသည့်အပြင် ရှင်းသန့်ကိုပါ ရင်းနှီးနေသည်။

Forget-Me-Nots  { Completed }Where stories live. Discover now