31. A Photograph

3.9K 238 35
                                    

( Unicode )

2017 ၊ Sep

တူနှစ်ဖြာ ဂဟေဆက်လို့
သွေမပျက်တဲ့ မေတ္တာ
ရေစက်ရဲ့ ရှေးအလာ
မနှေးအခါခါ ချင့်တွေး
ဖြစ်ရေးအခု သမုဒယနွယ်လာ ... ♪♪

မင်္ဂလာစင်မြင့်ထက်တွင် အခမ်းအနားမှူးတစ်ဖြစ်လည်း နိုင်ငံကျော်အဆိုဝောာ်ကြီးတစ်ဦး၏ မင်္ဂလာတေးသီချင်းသံက ဟိုတယ်ခန်းမအတွင်း ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည် ။ တစ်ချိန်တည်းမှာပဲ သည်နေ့ သည်နေရာမှာ အရေးပါဆုံး လူနှစ်ဦး ဖြစ်သည့် သတို့သားနှင့်သတို့သမီးက ခန်းမအဝင်ဝကနေ မင်္ဂလာစင်မြင့်ရှိရာ လျှောက်လမ်းပေါ်ဝယ် သတို့သားအရံ ၊ သတို့သမီးအရံများ ခြံရံပြီး တစ်လှမ်းချင်းလေး လှမ်းလာနေ၏။

ကြည်လင်အေးချမ်းသည့် ပင်ကိုယ်အလှရှိသေော သတို့သမီးလေးက ငွေရောင်ထိုင်မသိမ်းဝတ်စုံဖြင့် ကျက်သရေရှိလှသလို ဘေးကနေ လက်ချင်းချိတ်ပြီး လိုက်ပါလာသည့် သတို့သားမှာလည်း သတို့သမီးနှင့် အရောင်တူ တိုက်ပုံနှင့်ပုဆိုးတို့ကို ဝတ်ဆင်ထားကာ တည်တည်ငြိမ်ငြိမ် ခန့်ခန့်ထည်ထည်ရှိလှသည်။ မြင်ရသူတိုင်းက မင်္ဂလာမောင်နှံကို နေနှင့်လ ၊ ရွှေနှင့်မြလို လိုက်ဖက်ညီလှကြောင်း ထုတ်မပြောဘဲ မနေနိုင်လောက်အောင်ပင် ။

အခမ်းအနားတစ်ခုလုံးနီးပါး ငွေမင်ရောင်အပြင်အဆင်များ ဆင်ယင်ခြယ်သထားသဖြင့် ခန်းမတစ်ခုလုံး ငွေရောင်တလဲ့လဲ့တောက်ပနေသည် ။ မင်္ဂလာပွဲကျင်းပသည့် ခန်းမသည် လင်းရောင်ရှိန်တို့မိသားစုပိုင်သည့် ကြယ်ငါးပွင့်ရ အဆင့်မြင့်ဟိုတယ်တစ်ခုမှာဖြစ်၏။ ပွဲတက်ရောက်လာကြသည့်လူတွေထဲမှာ အုပ်ချုပ်ရေးထိပ်သီးပိုင်းက ခေါင်းဆောင်များ၊ အငြိမ်းစားယူထားသည့် ဝန်ကြီးများ ၊ နိုင်ငံရေးသမား အများအပြားနှင့် အိမ်ရှေ့မင်းသားတို့ ပါဝင်သောကြောင့် လုံခြုံရေးတွေကိုလည်း ဟိုတယ်အနှံ့ တင်းကျပ်စွာ ချထားရသည်။

သည်နေ့က ရှင်းသန့်တို့အစ်ကိုကြီးဖြစ်သူ ကိုကြီးခန့်ငြားနှင့် မမရွှန်းလဲ့ဝါတို့၏ မင်္ဂလာဧည့်ခံပွဲနေ့ ။

အစ်ကိုနှင့် ယောင်းမဖြစ်သူတို့အတွက် မင်္ဂလာလက်စွပ်ဗန်းကို ပျံ့ပျံ့လေးက သယ်လာပေးသည်။ ဆေးကျောင်းသူလေးဖြစ်နေသည့် ပျံ့ပျံ့ကလည်း ငွေရောင်ရင်ဖုံးအင်္ကျီနှင့် ချိတ်ထဘီလေးရယ် အစ်ကိုကြီးအတွက် ပြုံးပျော်နေသည့်မျက်နှာလေးရယ်နှင့် သည်ကနေ့မှာ ပိုပြီး ချစ်စရာကောင်းနေ၏။

Forget-Me-Nots  { Completed }Where stories live. Discover now