35. One day

3.6K 242 33
                                    

( Unicode)

ဘယ်ကစပြောရမလဲ
မင်းသတိရမှုနဲ့ ငါ့သတိရမှု
ထပ်တူညီနေမယ်လို့ ယုံကြည်ပါတယ်ဆိုတာကလား

မင်းလည်းသိပြီးသားဖြစ်မှာပါ
အတားအဆီးတွေအားလုံးကို
ကျော်ဖြတ်နိုင်တဲ့တစ်နေ့ကျ
ငါတို့တွေ အရင်ကထက် သန်မာနေတော့မှာ
တစ်ယောက်ရှေ့ကနေ တစ်ယောက်
မယိုင်မလဲနဲ့ ကာကွယ်နိုင်တော့မှာ

ငါတို့ခွဲခွာခဲ့ရတဲ့နေ့က မင်းမျက်ရည်တွေအတွက်
အခုအထီးတည်းဖြစ်နေတဲ့ မင်းမျက်ဝန်းတွေအတွက်
သေချာပေါက် ငါက မင်းကို
ပြန်ရယ်မောစေမယ်လို့ ကတိပေးပါတယ်

ပျော်ရွှင်မှုကို ငါဖန်တီးထားတဲ့
အနီရောင်လည်စီးပဝါလေးနဲ့အတူ
မင်းကို ကိုယ်တိုင် ဆင်မြန်းပေးပါ့မယ်

မင်းရဲ့အေးခဲနေတဲ့လက်တွေကို
ငါ့အနွေးထည်ထဲထည့်ပြီး
ထွေးပေးခဲ့တာမှတ်မိတယ်မလား
တစ်ကိုယ်လုံး ရေတွေစိုနေတဲ့ငါ့ကို
သဘက်တွေအထပ်ထပ်ပတ်ပြီး
မင်းကိုယ်တိုင် ခြောက်သွေ့စေခဲ့တာလည်း သတိရတယ်

အဲဒီနေ့တွေ ပြန်ရောက်လာတဲ့အခါ
ဆယ့်ရှစ်နှစ်အရွယ် အထက်တန်းကျောင်းသားလေးတွေ
မဟုတ်တော့ပေမဲ့
ရင့်ကျက်မှုတွေကိုယ်စီ ရှိခဲ့ကြပြီဆိုပေမဲ့
ငါ့အနားမှာပဲ မင်းအမြဲကပ်နေဦးမယ်ဆိုတာ
မြင်ယောင်‌မိသေးတယ်

အချိန်တွေ ပြောင်းသွားလည်း
နှလုံးသားတွေမပြောင်းလဲဘူးဆိုတာ
ငါတို့က အကောင်းဆုံးသက်သေပဲ

မင်း အစောကြီးထပြင်ပေးတဲ့ မနက်စာက
ငါ့အတွက် အပြည့်စုံဆုံးအာဟာရဖြစ်တဲ့အကြောင်း
တစ်လောကလုံး သိစေချင်တယ်
ငါ့အသားတွေ နာကျင်နေလည်း
မင်း ဂျူဂျစ်ဆုလေ့ကျင့်ဖို့ဆို
အပြုံးမပျက်ဘဲ အဖော်လုပ်ပေးနေဦးမှာပဲ

ဒါကြောင့် အခု ဒီခက်ခဲတဲ့ကာလတွေကို
ငါတို့သည်းခံပြီး ကျော်ဖြတ်ကြရအောင်

မင်းချစ်တဲ့ ငါက
ငါချစ်တဲ့ မင်းဆီ ရောက်အောင်ပြန်လာမှာမို့
ဆက်ပြီးတော့ သည်းခံကြရအောင်ပါ ။

-ရှင်း

*****

2020 ၊ October

" ငါ့မြေးက အရင်ထက် ပိုချောပိုခန့်လာတာပဲကွ ၊ ယောက်ျားရင့်မာကြီးတောင် ဖြစ်လာပါရောလားကွာ "

Forget-Me-Nots  { Completed }Where stories live. Discover now