Author's Note

43.6K 851 20
                                    

(Unicode )

ဇာတ်လမ်းကို စမဖတ်ခင် ဒါလေးကို အရင်သေချာဖတ်ထားပေးပါနော် 🙏

ဒီဇာတ်လမ်းက ပိုပို ကိုယ့်စိတ်ကူးနဲ့ ကိုယ်ဖန်တီးထားတဲ့ fictionတစ်ခုပါ။ အဲဒါမို့ ပိုပို့စိတ်ကူးထဲက ဘားမားဒီမိုကရက်တစ်ပြည်ထောင်စုဆိုတာလဲ လက်ရှိ ပိုပိုတို့ မြန်မာနိုင်ငံနဲ့ ကွဲပြားမှုရှိနေပါလိမ့်မယ်။နိုင်ငံပဲကွဲတာပါ။ ကမ္ဘာတော့မကွဲပါဘူး။ ပြီးတော့ realityနဲ့လဲ နီးစပ်ပါတယ် ။

ဘာလို့ ဘားမားလို့ပေးထားတာလဲဆိုရင်တော့ ဇာတ်ကောင်တွေရဲ့အမည်ကို မြန်မာလိုပဲ ပေးချင်ပြီး မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေလဲ ပါကောင်းပါနိုင်တာမို့ပါ။
အုပ်ချုပ်ရေး၊စီးပွားရေး၊ နိုင်ငံရေး စသဖြင့် ကွဲပြားမှုတွေရှိနေပေမဲ့လဲ ကိုယ်ဖန်တီးထားတဲ့ficထဲက ဇာတ်ကောင်တွေဟာ မြန်မာလူမျိုးများသာ ဖြစ်ပါတယ်။

ပြောရမယ်ဆို ကိုယ်မြင်ချင်တဲ့ ကိုယ့်နိုင်ငံပုံစံကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ဖန်တီးကြည့်ထားခြင်းပါပဲ။
ဒီထဲကနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ စည်းမျဉ်းခံဘုရင်စနစ် ဖြစ်ပါတယ် ။ လက်ရှိ အင်္ဂလန်တို့ ၊ ထိုင်းတို့လိုမျိုးပါ ။ ဆိုတော့ Parallel Universeက မြန်မာနိုင်ငံလို့ သဘောထားပြီး ဖတ်မယ်ဆိုရင်လဲ ရပါတယ်။

ဇာတ်လမ်းကတော့ ရိုရိုချိုချိုငိုငိုလေး ဖြစ်နိုင်ပါတယ် 😁
ဇာတ်ကောင်တွေကို သူတို့ရဲ့ childhood life ကနေ adult ဖြစ်လာတဲ့အထိ ဖြည်းဖြည်းချင်းပဲရေးသွားမှာမို့ လူနှစ်ယောက်ရဲ့ဘဝကို ငယ်ငယ်ကနေ ကြီးလာတဲ့အထိ ဘေးကနေ ထိုင်ကြည့်နေရသလိုလေး ဖြစ်မှာပါ ♥️

ပြီးတော့ ဒါက ဇာတ်လမ်းဇာတ်ကွက်တစ်ခုကို ပုံဖော်ထားတာထက် လူနှစ်ယောက် ဘယ်အသက်အရွယ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဦးစားပေးပြီး ရေးထားတာမျိုးပါ ။

ဇာတ်လမ်းက ရှေ့ကိုရောက်ဖို့ ကြာပါလိမ့်မယ် ။ စိတ်ရှည်ရှည်နဲ့ Slow romanceကို သဘောကျမှ ဖတ်ကြပါလို့ ပြောချင်ပါတယ် ❤️

ဘားမားဒီမိုကရက်တစ်ပြည်ထောင်စု
မြို့တော်- ငြိမ်းအေးသာစံ

Forget-Me-Nots  { Completed }Where stories live. Discover now